အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ…

အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။

ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။

ဖြူဝင်းတဲ့အသားအရည်ကိုရဖို့ အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ နေရောင်ခြည်နဲ့များများထိတွေ့မှုကိုရှောင်ပါ။

ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။

အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်း နေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။

သဘာဝအသားဖြူဆပ်ပြာတွေကိုသုံးမယ်ဆိုရင် အသားအရည်ပေါ်မှာရှိတဲ့ ဆဲလ်သေအလွှာတွေကိုဖယ်ရှားဖို့အတွက် ချေးချွတ်ဖို့မမေ့ပါနဲ့။ ဖုန်တွေ၊ဘက်တီးရီးယားတွေနဲ့အဆီတွေကိုဖယ်ရှားဖို့ နေ့ဘက်မှာမျက်နှာပုံမှန်သစ်ပေးကြည့်ပါ။

အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။

ချေးချွတ်ပြီးရင် အစိုဓါတ်ထိန်းဆေးလိမ်းပါ။အသားခြောက်တဲ့သူတွေကတော့ လှပတဲ့အသားအရည်ရအောင် Vaseline အနည်းငယ်သုံးပေးနိုင်ပါတယ်။ Petroleum Jelly ကလည်း ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်အခြေအနေကနေ အသားအရည်ကိုကာကွယ်ပေးဖို့ မရှိမဖြစ်ပါပဲ။

ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။

မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။သာကျန်းမာရေးနဲ့ညီညွတ်အောင်ရေကိုလုံလောက်စွာသောက်ပြီး မျှတအောင်စားပါ။
စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။

ခန္ဓာကိုယ်ကို ဗီတာမင် အေ၊ စီ ၊ အီး စတာတွေဖြည့်ဆည်းပေးနိုင်တာကြောင့် သစ်သီးဝလံတွေကို အလေးထားစားသုံးပေးသင့်ပါတယ်။
သူတို့တွေက ကော်လာဂျင်နဲ့ ကြုံ့ဆန့်နိုင်တဲ့အမျှင်တွေဖွဲ့စည်းမှုကိုအားပေးတာကြောင့် အသားအရည်ကိုချောမွေ့နူးညံ့စေပါတယ်။

ရေကတော့ အဆိပ်တွေကိုဖယ်ရှားသန့်စင်ပေးနိုင်တာကြောင့် ခန္ဓါကိုယ်အတွက် မရှိမဖြစ်ပါပဲ။ လုံလောက်တဲ့ရေပမာဏကိုသောက်သုံးတာက ခန္ဓာကိုယ်ကို ရေဓါတ်ပြည့်စေပြီ နူးညံ့လှပတဲ့အသားအရည်ကိုရစေနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းနဲ့ ဆေးသုံးစွဲခြင်းတွေက အသားအရည်ကိုအိုမင်းရင့်ရော်စေရုံသာမက ခြောက်သွေ့စေပြီး အရေးအကြောင်းတွေဖြစ်စေပါတယ်။

အကောင်းဆုံးနဲ့ထိရောက်မှုအရှိဆုံးအသားဖြူခရင်မ်တွေသုံးစွဲနေပြီး ဆေးလိပ်သောက်တာကိုမရပ်ရင်တော့ ရလဒ်ကထူးခြားလာမှမဟုတ်ပါဘူး။ ဆေးလိပ်ဖြတ်လိုက်ခြင်းက အသားဖြူလာစေဖို့ အကောင်းဆုံးလှုပ်ရှားမှုပါပဲ။

ပို အသားဖြူအောင် ကူညီပေးနိုင်တဲ့ သဘာဝ အိမ်တွင်းသုံးနည်းလမ်းများ

ဒိန်ချဉ်

နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။

အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။

ဘာမှမရောထားတဲ့ဒိန်ချဉ်ကို အသားအရည်ပေါ်မှာ နူးညံ့စွာပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ်ခန့်ထားပြီး ကြက်သီးနွေးရေနဲ့ဆေးကြောလိုက်ပါ။ နေ့စဉ် ရက်သတ္တပတ်ပေါင်းများစွာလုပ်လိုက်ရင် အသားအရည်ရဲ့သိသာတဲ့ပြောင်းလဲမှုတွေကို မြင်တွေ့လာရမှာပါ။

လတ်ဆတ်တဲ့ဒိန်ချဉ် စားပွဲဇွန်းတစ်ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဝက်ကိုရောပါ။ ရလာတဲ့အရောကို မျက်နှာနဲ့လည်ပင်းကိုလိမ်းပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေဆေးချလိုက်ပါ။ ဒါကိုနေ့စဉ်လုပ်ပေးခြင်းက အသားရောင်နဲ့ အသားအရည်ကို ပိုမိုကောင်းမွန်လာစေပါတယ်။

ဒိန်ချဉ်ထဲကို သံပုရာရည်အနည်းငယ်နဲ့ oatmeal(အုတ်ဂျုံ)ကိုရောပြီး အနှစ်ရအောင်လုပ်ပါ။ မျက်နှာပေါ်မှာ မျက်နှာဖုံးအနေနဲ့လိမ်းပေးပါ။ ဒီနည်းလမ်းကလည်း သင့်အသားအရည်ကို ပြောင်းလဲစေနိုင်ပြီး အစိုဓါတ်ကိုလည်းဖြည့်ဆည်းပေးနိုင်ပါတယ်။

လိမ္မော်သီး

အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။

လိမ္မော်ရည် စားပွဲဇွန်း၂ဇွန်းနဲ့ နနွင်းမှုန့်အနည်းငယ်ကိုရောပြီး အနှစ်ပြုလုပ်ပါ။ ရလာတဲ့အနှစ်ကို အိပ်ရာမဝင်ခင်မှာ မျက်နှာနဲ့လည်ပင်းကိုလိမ်းပေးပါ။ လက်တွေနဲ့ခြေထောက်တွေကိုလိမ်းပေးလို့လည်းရပါတယ်။ နောက်တစ်နေ့ နံနက်မှာတော့ ရေဆေးချလိုက်ပါ။ ဒါကိုလည်း နေ့စဉ်လုပ်ပေးပါ။

လိမ္မော်ခွံတွေကိုအမှုန့်ရသည်ထိ ကြိတ်ပါ။ ရလာတဲ့အမှုန့် နဲ့ ဒိန်ချဉ် စားပွဲဇွန်းတစ်ဇွန်းစီကိုရောပြီးအနှစ်ရအောင်လုပ်ပါ။ အနှစ်ကို အသားပေါ်မှာလိမ်းပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားပါ။ ရေဆေးချပါ။ ဒါကအစက်အပြောက်တွေနဲ့ မျက်နှာပေါ်မှာရှိတဲ့အမှတ်တွေကို မှေးမှိန်သွားစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်မှ ၂ကြိမ်ခန့်ထိလုပ်ပေးနိုင်ပြီး ဒီထက်တော့ပိုမလုပ်ပါနဲ့။

ပျားရည်

ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။

သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။

အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။

သံပုရာ

သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။

ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။

ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။

ရှားစောင်းလက်ပက်ဂျယ်လ်

ရှားစောင်းဟာ hyperpigmentation (ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။

ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။

ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။

ရှားစောင်းလက်ပတ်လက်တံရဲ့ အပြင်လွှာကို ခွဲလိုက်ပြီး အတွင်းက ဂျယ်လီတွေကိုညှစ်ယူပါ။

ဂျယ်တွေကို အသားပေါ်မှာသေချာလိမ်းပေးပါ။

နာရီဝက်ခန့်ထားပြီးရေဆေးချလိုက်ပါ။

၂ပတ်ကိုအနည်းဆုံး၂ကြိမ်လုပ်ပါ။

သင်္ဘောသီး

သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။

သင်္ဘောသီးကို စားပေးပါ။ သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။

သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။

သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။ မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။

နနွင်း

နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။

နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။

Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။

သခွားသီး

သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။

သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။ မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။

သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။ မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။

သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။ မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။

ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။ Credit

Zawgyi

အသားျဖဴေအာင္ သဘာဝနည္းလမ္း နဲ႔ လုပ္လို႔ရတယ္ဆိုရင္ ယုံႏိုင္ရဲ႕လား။

ဟုတ္ပါတယ္။ ေမြးကတည္းက မျဖဴေပမဲ့ ပုံမွန္ထက္ ပိုမို အသားျဖဴ လာဖို႔ေတာ့ ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုနည္းလမ္းေတြလည္းဆိုတာ ေဆာင္ရန္ေရွာင္ရန္ေလးေတြကို ေလ့လာၾကည့္လိုက္ရေအာင္။

ျဖဴဝင္းတဲ့အသားအရည္ကိုရဖို႔ အေရးအႀကီးဆုံးအခ်က္တစ္ခ်က္ကေတာ့ ေနေရာင္ျခည္နဲ႔မ်ားမ်ားထိေတြ႕မႈကိုေရွာင္ပါ။

ဘယ္လိုပဲအသားျဖဴေဆးေတြသုံးပါေစ။ အသားအရည္ကို ခရမ္းလြန္ ေရာင္ျခည္ေတြနဲ႔ထိေတြ႕လိုက္မိၿပီဆိုတာနဲ႔ အသားမဲသြားေစတဲ့ ေရာင္ျခယ္ပစၥည္းေတြထုတ္လုပ္မႈ တိုးပြားလာေစေတာ့တာပါပဲ။

အေကာင္းဆုံးနည္းလမ္းကေတာ့ ေနေရာင္ထဲထြက္တိုင္း ေနေလာင္ခံခရင္မ္လိမ္းပါ။ ဦးထုပ္ေဆာင္းၿပီး လက္ရွည္အက်ႌေတြဝတ္ပါ။ ေနေရာင္ေအာက္မွာလမ္းေလွ်ာက္မယ္ဆိုရင္ ေနကာမ်က္မွန္ကိုမေမ့ပါနဲ႔။

သဘာဝအသားျဖဴဆပ္ျပာေတြကိုသုံးမယ္ဆိုရင္ အသားအရည္ေပၚမွာရွိတဲ့ ဆဲလ္ေသအလႊာေတြကိုဖယ္ရွားဖို႔အတြက္ ေခ်းခြၽတ္ဖို႔မေမ့ပါနဲ႔။ ဖုန္ေတြ၊ဘက္တီးရီးယားေတြနဲ႔အဆီေတြကိုဖယ္ရွားဖို႔ ေန႔ဘက္မွာမ်က္ႏွာပုံမွန္သစ္ေပးၾကည့္ပါ။

အသားအရည္ေခ်းခြၽတ္ဖို႔အတြက္ ေဈးကြက္ထဲမွာအေကာင္းဆုံးဆိုတဲ့ ေခ်းခြၽတ္ပစၥည္းေတြရွိပါတယ္။ ဒါမွမဟုတ္ အိမ္မွာပဲ သၾကားနဲ႔ေခ်းခြၽတ္ၾကည့္ပါ။

ေခ်းခြၽတ္ၿပီးရင္ အစိုဓါတ္ထိန္းေဆးလိမ္းပါ။အသားေျခာက္တဲ့သူေတြကေတာ့ လွပတဲ့အသားအရည္ရေအာင္ Vaseline အနည္းငယ္သုံးေပးႏိုင္ပါတယ္။ Petroleum Jelly ကလည္း ၾကမ္းတမ္းတဲ့ပတ္ဝန္းက်င္အေျခအေနကေန အသားအရည္ကိုကာကြယ္ေပးဖို႔ မရွိမျဖစ္ပါပဲ။

ဒါက အေရျပားပ်က္စီးျခင္း ဥပမာ တင္းတိပ္မွဲ႔ေျခာက္ေတြ၊ အစက္အေျပာက္ေတြနဲ႔အေရးအေၾကာင္းေတြကို ကာကြယ္ကုသတဲ့ေနရာမွာလည္းအသုံးဝင္ပါတယ္။

မစားဘူးဆိုရင္ အေကာင္းဆုံးအသားျဖဴေဆးဆိုတာေတြကို ေသာက္သုံးတာကလည္း အသုံးမဝင္လွပါဘူး။သာက်န္းမာေရးနဲ႔ညီၫြတ္ေအာင္ေရကိုလုံေလာက္စြာေသာက္ၿပီး မွ်တေအာင္စားပါ။
စားတဲ့ထဲမွာ ဓါတ္တိုးဆန႔္က်င္ ဂုဏ္သတၱိေတြပါဝင္တဲ့ စပ်စ္ေစ့ဆီ နဲ႔ ငါးႀကီးဆီေတြကို စားသုံးပါ။ ငါးႀကီးဆီမွာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင္၊အရ္ျပားနဲ႔ လက္သည္းေတြေတာက္ပေနဖို႔ မရွိမျဖစ္လိုအပ္ပါတယ္။

ခႏၶာကိုယ္ကို ဗီတာမင္ ေအ၊ စီ ၊ အီး စတာေတြျဖည့္ဆည္းေပးႏိုင္တာေၾကာင့္ သစ္သီးဝလံေတြကို အေလးထားစားသုံးေပးသင့္ပါတယ္။
သူတို႔ေတြက ေကာ္လာဂ်င္နဲ႔ ႀကဳံ႕ဆန႔္ႏိုင္တဲ့အမွ်င္ေတြဖြဲ႕စည္းမႈကိုအားေပးတာေၾကာင့္ အသားအရည္ကိုေခ်ာေမြ႕ႏူးညံ့ေစပါတယ္။

ေရကေတာ့ အဆိပ္ေတြကိုဖယ္ရွားသန႔္စင္ေပးႏိုင္တာေၾကာင့္ ခႏၶါကိုယ္အတြက္ မရွိမျဖစ္ပါပဲ။ လုံေလာက္တဲ့ေရပမာဏကိုေသာက္သုံးတာက ခႏၶာကိုယ္ကို ေရဓါတ္ျပည့္ေစၿပီ ႏူးညံ့လွပတဲ့အသားအရည္ကိုရေစႏိုင္ပါတယ္။

ေဆးလိပ္ေသာက္ျခင္းနဲ႔ ေဆးသုံးစြဲျခင္းေတြက အသားအရည္ကိုအိုမင္းရင့္ေရာ္ေစ႐ုံသာမက ေျခာက္ေသြ႕ေစၿပီး အေရးအေၾကာင္းေတြျဖစ္ေစပါတယ္။

အေကာင္းဆုံးနဲ႔ထိေရာက္မႈအရွိဆုံးအသားျဖဴခရင္မ္ေတြသုံးစြဲေနၿပီး ေဆးလိပ္ေသာက္တာကိုမရပ္ရင္ေတာ့ ရလဒ္ကထူးျခားလာမွမဟုတ္ပါဘူး။ ေဆးလိပ္ျဖတ္လိုက္ျခင္းက အသားျဖဴလာေစဖို႔ အေကာင္းဆုံးလႈပ္ရွားမႈပါပဲ။

ပို အသားျဖဴေအာင္ ကူညီေပးႏိုင္တဲ့ သဘာဝ အိမ္တြင္းသုံးနည္းလမ္းမ်ား

ဒိန္ခ်ဥ္

ႏို႔ထြက္ပစၥည္းျဖစ္တဲ့ ဒိန္ခ်ဥ္မွာ အသားအရည္အတြက္ေကာင္းမြန္တဲ့အာဟာရေတြမ်ားစြာပါဝင္ပါတယ္။ သူ႔မွာ အေရာင္ခြၽတ္ေပးႏိုင္တဲ့အစြမ္းရွိတဲ့ လတ္တစ္အက္ဆစ္ ကလည္းပါဝင္ပါေသးတယ္။

ေအာက္ပါနည္းလမ္းေတြဟာ အသားအရည္အမ်ိဳးအစား အားလုံးအတြက္သင့္ေလ်ာ္ပါတယ္။

ဘာမွမေရာထားတဲ့ဒိန္ခ်ဥ္ကို အသားအရည္ေပၚမွာ ႏူးညံ့စြာပြတ္တိုက္ေပးပါ။ မိနစ္အနည္းငယ္ခန႔္ထားၿပီး ၾကက္သီးေႏြးေရနဲ႔ေဆးေၾကာလိုက္ပါ။ ေန႔စဥ္ ရက္သတၱပတ္ေပါင္းမ်ားစြာလုပ္လိုက္ရင္ အသားအရည္ရဲ႕သိသာတဲ့ေျပာင္းလဲမႈေတြကို ျမင္ေတြ႕လာရမွာပါ။

လတ္ဆတ္တဲ့ဒိန္ခ်ဥ္ စားပြဲဇြန္းတစ္ဇြန္းနဲ႔ ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဝက္ကိုေရာပါ။ ရလာတဲ့အေရာကို မ်က္ႏွာနဲ႔လည္ပင္းကိုလိမ္းပါ။ ၁၀မိနစ္မွ ၁၅မိနစ္ထိထားၿပီး ေရေဆးခ်လိုက္ပါ။ ဒါကိုေန႔စဥ္လုပ္ေပးျခင္းက အသားေရာင္နဲ႔ အသားအရည္ကို ပိုမိုေကာင္းမြန္လာေစပါတယ္။

ဒိန္ခ်ဥ္ထဲကို သံပုရာရည္အနည္းငယ္နဲ႔ oatmeal(အုတ္ဂ်ဳံ)ကိုေရာၿပီး အႏွစ္ရေအာင္လုပ္ပါ။ မ်က္ႏွာေပၚမွာ မ်က္ႏွာဖုံးအေနနဲ႔လိမ္းေပးပါ။ ဒီနည္းလမ္းကလည္း သင့္အသားအရည္ကို ေျပာင္းလဲေစႏိုင္ၿပီး အစိုဓါတ္ကိုလည္းျဖည့္ဆည္းေပးႏိုင္ပါတယ္။

လိေမၼာ္သီး

အသားအရည္ထိန္းသိမ္းျခင္းအတြက္ အေရးအႀကီးဆုံးပစၥည္းကေတာ့ ဗီတာမင္ စီ ပါပဲ။ ဒါကိုေတာ့လိေမၼာ္သီးေတြမွာ လိုတာထက္ေတာင္ပိုၿပီးေတြ႕ရပါေသးတယ္။ ဒါ့အျပင္ လိေမၼာ္သီးမွာ အေရာင္ခြၽတ္ေပးႏိုင္တဲ့စြမ္းအင္ရွိတာေၾကာင့္ အသားကိုလည္းပိုျဖဴလာေစမွာပါ။

လိေမၼာ္ရည္ စားပြဲဇြန္း၂ဇြန္းနဲ႔ နႏြင္းမႈန႔္အနည္းငယ္ကိုေရာၿပီး အႏွစ္ျပဳလုပ္ပါ။ ရလာတဲ့အႏွစ္ကို အိပ္ရာမဝင္ခင္မွာ မ်က္ႏွာနဲ႔လည္ပင္းကိုလိမ္းေပးပါ။ လက္ေတြနဲ႔ေျခေထာက္ေတြကိုလိမ္းေပးလို႔လည္းရပါတယ္။ ေနာက္တစ္ေန႔ နံနက္မွာေတာ့ ေရေဆးခ်လိုက္ပါ။ ဒါကိုလည္း ေန႔စဥ္လုပ္ေပးပါ။

လိေမၼာ္ခြံေတြကိုအမႈန႔္ရသည္ထိ ႀကိတ္ပါ။ ရလာတဲ့အမႈန႔္ နဲ႔ ဒိန္ခ်ဥ္ စားပြဲဇြန္းတစ္ဇြန္းစီကိုေရာၿပီးအႏွစ္ရေအာင္လုပ္ပါ။ အႏွစ္ကို အသားေပၚမွာလိမ္းၿပီး ၁၅မိနစ္မွ မိနစ္၂၀ထိထားပါ။ ေရေဆးခ်ပါ။ ဒါကအစက္အေျပာက္ေတြနဲ႔ မ်က္ႏွာေပၚမွာရွိတဲ့အမွတ္ေတြကို ေမွးမွိန္သြားေစပါတယ္။ တစ္ပတ္ကို တစ္ႀကိမ္မွ ၂ႀကိမ္ခန႔္ထိလုပ္ေပးႏိုင္ၿပီး ဒီထက္ေတာ့ပိုမလုပ္ပါနဲ႔။

ပ်ားရည္

ပ်ားရည္ဟာအသားအရည္ကိုအေရာင္ခြၽတ္ေပးႏိုင္တာအျပင္ အစိုဓါတ္လည္းျဖည့္ေပးပါေသးတယ္။ မညီညာတဲ့အသားအေရာင္ရွိျခင္းရဲ႕ အေၾကာင္းရင္းထဲမွာေတာ့ အသားေျခာက္ျခင္းက အျဖစ္အမ်ားဆုံးအေၾကာင္းရင္းပါပဲ။ ပ်ားရည္မွာ ဘက္တီးရီးယားေသေစႏိုင္တဲ့အစြမ္းလည္းရွိၿပီး ဒါက အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့အစက္အေျပာက္ေတြနဲ႔ ဝက္ၿခံအမာ႐ြတ္ေတြကို လြင့္ပါးသြားေစႏိုင္ပါတယ္။

သန႔္စင္တဲ့ပ်ားရည္ကိုမ်က္ႏွာေပၚလိမ္းၿပီး မိနစ္အနည္းငယ္ခန႔္ထားကာ ၾကက္သီးေႏြးေရနဲ႔ေဆးခ်လိုက္ပါ။ ဒီလို႐ိုးရွင္းတဲ့နည္းလမ္းေလးက ဆဲလ္ေသေတြကိုဖယ္ရွားေပးၿပီး အသားအရည္ကို ပိုမိုေတာက္ပလန္းဆန္းလာေအာင္လုပ္ေပးႏိုင္ပါတယ္။ တစ္ရက္တစ္ႀကိမ္လုပ္ပါ။

အသားျဖဴေစတဲ့ မ်က္ႏွာေပါင္းတင္ ကပ္ခြာ (mask)လုပ္ဖို႔ ပ်ားရည္နဲ႔ သံပုရာရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစီ၊ ႏို႔မႈန႔္စားပြဲဇြန္း၁ဇြန္း၊ ဗာဒံဆီ လက္ဖက္ရည္ဇြန္းတစ္ဝက္ စတာေတြကိုေရာလိုက္ပါ။ သမေအာင္ေမႊၿပီး အသားေပၚမွာညင္သာစြာလိမ္းေပးပါ။ ၁၀မိနစ္မွ ၁၅မိနစ္ထိထားၿပီး ေရေအးနဲ႔ေဆးပါ။ ေန႔တိုင္းလုပ္ပါ။

သံပုရာ

သံပုရာသီးရဲ႕ အက္ဆစ္ဂုဏ္သတၱိဟာ အသားအရည္အတြက္ သဘာဝအေရာင္ခြၽတ္ေဆးအျဖစ္အသုံးဝင္ၿပီး ဗီတာမင္ စီ ေျမာက္မ်ားစြာပါဝင္တာကလည္း ဆဲလ္ႀကီးထြားမႈကိုအားေပးပါတယ္။ ဒါ့အျပင္ သံပုရာသီးမွာ ဓါတ္တိုးဆန႔္က်င္ အာနိသင္ ေတြပါဝင္တာကလည္း အသားအရည္အတြက္ အလြန္ေကာင္းမြန္ပါတယ္။

ဂြမ္းလုံးေလးကို လတ္လတ္ဆတ္ဆတ္ညႇစ္ယူထားတဲ့ သံပုရာရည္ထဲထည့္ၿပီး မ်က္ႏွာေပၚတိုက္႐ိုက္လိမ္းပါ။ လွီးထားတဲ့ သံပုရာျခမ္းကိုေတာင္ မ်က္ႏွာေပၚတိုက္႐ိုက္ပြတ္တိုက္ေပးလို႔ရႏိုင္ၿပီး အရည္ေတြ အသားေပၚတင္က်န္ေနခဲ့ပါေစ။

ဒါကိုအနည္းဆုံး၁နာရီေလာက္ထားၿပီး မ်က္ႏွာကိုေရနဲ႔ေဆးပါ။ တစ္ေန႔တစ္ႀကိမ္လုပ္ပါ။ ဒီ႐ိုးရွင္းတဲ့နည္းလမ္းကလည္း အသားအရည္ကိုျဖဴဝင္းလာေစၿပီး မ်က္ႏွာေပၚမွာအမာ႐ြတ္ထင္ျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါေသးတယ္။

သံပုရာရည္ လက္ဖက္ရည္ဇြန္း၃ဇြန္းနဲ႔ နႏြင္းမႈန႔္ သို႔မဟုတ္ ခရမ္းခ်ဥ္သီးရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း ကိုေရာၿပီးအႏွစ္လုပ္ပါ။ ရလာတဲ့အႏွစ္ကိုလိမ္းၿပီး တစ္နာရီခြဲခန႔္ထားပါ။ ေရနဲ႔ေဆးလိုက္ပါ။ ဒါကိုလည္း တစ္ေန႔တစ္ႀကိမ္လုပ္ေပးပါ။

ရွားေစာင္းလက္ပက္ဂ်ယ္လ္

ရွားေစာင္းဟာ hyperpigmentation (ေရာင္ျခယ္ပစၥည္းမ်ားျပားျခင္း) ကိုသက္သာေစႏိုင္ၿပီး အသားအရည္ရဲ႕ နဂိုမူလအေရာင္ကိုျပန္လည္ရရွိေစႏိုင္ပါတယ္။ Hyperpigmentation ကေတာ့ မညီညာတဲ့အသားေရာင္ေတြျဖစ္ေပၚေစတဲ့ အဓိကအေၾကာင္းရင္းတစ္ခုပါ။

ရွားေစာင္းရဲ႕ေအးျမတဲ့အစြမ္းကလည္း က်န္းမာတဲ့အသားအရည္အတြက္ အေရးႀကီးတဲ့ ဆဲလ္သစ္ျဖစ္ေပၚျခင္းနဲ႔ ပ်က္စီးသြားတဲ့တစ္သွ်ဴးေတြျပန္လည္တည္ေဆာက္ျခင္းကိုအားေပးပါတယ္။

ရွားေစာင္းဂ်ယ္ကိုအသုံးျပဳတဲ့ ႐ိုးရွင္းတဲ့နည္းလမ္းက အမဲစက္ေတြကို ျပန္လည္ျဖဴဝင္းလာေစၿပီး အသားအရည္အေနအထားအားလုံးကို တိုးတက္ေကာင္းမြန္လာေစပါတယ္။

ရွားေစာင္းလက္ပတ္လက္တံရဲ႕ အျပင္လႊာကို ခြဲလိုက္ၿပီး အတြင္းက ဂ်ယ္လီေတြကိုညႇစ္ယူပါ။

ဂ်ယ္ေတြကို အသားေပၚမွာေသခ်ာလိမ္းေပးပါ။

နာရီဝက္ခန႔္ထားၿပီးေရေဆးခ်လိုက္ပါ။

၂ပတ္ကိုအနည္းဆုံး၂ႀကိမ္လုပ္ပါ။

သေဘၤာသီး

သေဘၤာသီးကို အမ်ိဳးမ်ိဳးေသာအလွအပဆိုင္ရာကုသမႈေတြမွာ အသုံးျပဳၾကၿပီး အသားအရည္ကို ျပန္လည္ျဖဴဝင္းေစတဲ့ေနရာမွာလည္း အသုံးျပဳႏိုင္ပါတယ္။ သေဘၤာသီးမွာ သဘာဝအေရာင္ခြၽတ္ႏိုင္တဲ့စြမ္းအင္ရွိၿပီး သူ႔မွာပါဝင္တဲ့ အမ်ိဳးမ်ိဳးေသာအာဟာရေတြက သင့္ရဲ႕အသားအရည္ကို က်န္းမာစြာေတာက္ပေနေစတယ္လို႔ ယုံၾကည္ၾကပါတယ္။

သေဘၤာသီးကို စားေပးပါ။ သေဘၤာသီးရဲ႕သန႔္စင္ေပးႏိုင္စြမ္းက အသားမဲေစတဲ့ အရည္ျပားညစ္ညမ္းမႈေတြကို သန႔္စင္ေပးႏိုင္ပါတယ္။

သေဘၤာသီးရဲ႕အတြင္းမ်က္ႏွာျပင္ကိုမ်က္ႏွာေပၚမွာပြတ္တိုက္ေပးၿပီး ေျခာက္ေအာင္ထားပါ။ ေရေအးနဲ႔ေဆးခ်ၿပီး ေျခာက္ေအာင္ပုတ္ေပးပါ။ ဒါကသင့္အသားအရည္ကိုေတာက္ပေနေစပါတယ္။ ေန႔စဥ္လုပ္ေပးပါ။

သေဘၤာသီးမွည့္ကိုေခ်ၿပီး လတ္လတ္ဆတ္ဆတ္ညႇစ္ထားတဲ့သံပုရာရည္တစ္ခြက္နဲ႔ေရာပါ။ မ်က္ႏွာနဲ႔လည္ပင္းေတြေပၚမွာ ဒီအေရာနဲ႔ ႏွိပ္နယ္ေပးပါ။ အနည္းဆုံးမိနစ္၃၀ခန႔္ထားၿပီး ေရေအးနဲ႔ေဆးေၾကာပါ။ တစ္ပတ္ကိုအနည္းဆုံးတစ္ခါလုပ္ေပးျခင္းအားျဖင့္ အသားေရာင္ေျပာင္းလဲလာမႈေတြကို သိသာထင္ရွားစြာျမင္ေတြ႕ရမွာပါ။

နႏြင္း

နႏြင္းကို အသားအရည္ေကာင္းမြန္ေစဖို႔အသုံးျပဳၾကပါတယ္။ ညီညာတဲ့အသားအေရာင္ကိုထိန္းသိမ္းထားႏိုင္ဖို႔ လိုအပ္တဲ့ ေရာင္ျခယ္ပစၥည္းတစ္မ်ိဳး (melanin)ကို တည္ေဆာက္တဲ့ေနရာမွာကူညီေပးပါတယ္။ နႏြင္းမွာပိုးသတ္ေဆး နဲ႔ ဓါတ္တိုးဆန႔္က်င္ စြမ္းအင္ေတြပါဝင္တာေၾကာင့္ အသားအရည္ရဲ႕ ေယဘုယ်က်န္းမာေရးအေျခအေနအားလုံးအတြက္ ေကာင္းမြန္ပါတယ္။

နႏြင္းမႈန႔္နဲ႔ ႏြားႏို႔ခရင္မ္နဲ႔ေရာၿပီး ခပ္ပ်စ္ပ်စ္အႏွစ္ရေအာင္လုပ္ပါ။ ရလာတာကိုလိမ္းလိုက္ၿပီးအေျခာက္ခံကာ ၾကက္သီးေႏြးေရနဲ႔ေဆးၾကာပါ။ ပုံမွန္လုပ္သြားမယ္ဆိုရင္ ဒီနည္းကလည္းအသားျဖဴေစဖို႔ တကယ္ကိုထိေရာက္မွာပါ။

Gram flour လက္ဖက္ရည္ဇြန္း၂ဇြန္း၊ နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းခြဲနဲ႔ သံပုရာရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းတို႔ကိုေရာပါ။ ဒီ ေပါင္းတင္ကပ္ခြာ (mask) ကို မိနစ္ ၂၀မွ ၂၅မိနစ္ထိထားပါ သို႔မဟုတ္ ေျခာက္သြားသည္ထိထားပါ။ ေျခာက္သြားတဲ့ mask ကို ပြတ္တိုက္ေဆးေၾကာၿပီး ၾကက္သီးေႏြးေရနဲ႔ထပ္ေဆးပါ။

သခြားသီး

သခြားသီးဟာ ေကာ္လာဂ်င္ေတြကို စုစည္းေပးၿပိး အသားအရည္တင္းရင္းေပ်ာ့ေပ်ာင္းေစပါတယ္။ ဒီလိုအသားအရည္မ်ိဳးမွာေတာ့ ညီညာၿပီးျဖဴဝင္းတဲ့အသားေရာင္ေတြရွိတတ္ပါတယ္။ သခြားသီးဟာ အသားအရည္ကိုလည္း ေအးျမေစပါေသးတယ္။ သူကလည္း အသားအရည္ပုံစံအမ်ိဳးမ်ိဳးအတြက္သင့္ေလ်ာ္ပါတယ္။

သခြားသီးလႊာေတြကို ျဖဴဝင္းေစလိုတဲ့ မဲေနတဲ့အသားေနရာေတြမွာထားလိုက္ပါ။ မိနစ္အနည္းငယ္ေလာက္ထားၿပီး သခြားသီးေတြဖယ္လိုက္ကာ ၾကက္သီးေႏြးေရနဲ႔ ေဆးေၾကာပါ။ တစ္ရက္ကို ၂ႀကိမ္လုပ္ပါ။

သခြားသီးကိုျခစ္ၿပီး ပ်ားရည္နဲ႔ေရာဂါ အစက္အေျပာက္ေတြနည္းေစတဲ့ mask လုပ္ပါ။ မ်က္ႏွာနဲ႔လည္ပင္းေပၚလိမ္းေပးၿပီး ၁၅မိနစ္မွ မိနစ္၂၀ထိထားကာ ေရေအးနဲ႔ေဆးပါ။ ရလဒ္ေတြ ထိေရာက္သိသာေစဖို႔ တစ္ရက္ကို ၂ႀကိမ္ေန႔စဥ္လုပ္ပါ။

သံပုရာရည္နဲ႔ သခြားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစီကိုေရာပါ။ မ်က္ႏွာေပၚလိမ္းၿပီး ၁၅မိနစ္မွ မိနစ္ ၂၀ထိ သို႔မဟုတ္ ေျခာက္သြားသည္ထိ ထားပါ။ ေရနဲ႔ေဆးေၾကာပါ။ တစ္ရက္ကိုတစ္ႀကိမ္ ေန႔စဥ္လုပ္ပါ။

ကဲ … နည္းလမ္းေလးေတြသိၿပီဆိုေတာ့ အသားျဖဴေအာင္ ဒီေန႔ပဲ စႀကိဳးစားၾကရေအာင္ေနာ္ … ။ Credit