နုပျိုချင်တဲ့ မိန်းကလေးတိုင်း သိထားသင့်တဲ့ အလှအပဆိုင်ရာလျှို့ဝှက်ချက်(၃)ခု…

မိန်းကလေးတိုင်း မလှချင်တဲ့သူ၊ မနုပျိုချင်တဲ့သူ မရှိပါဘူး။ မိန်းကလေးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း အရေးအကြောင်း ကင်းစင်ပြီး အရွယ်တင်နုပျို လှပတဲ့သူ၊ အမြဲတမ်း လှပနေတဲ့သူ ဖြစ်ချင်ကြပါတယ် …။

အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကလေးတိုင်း မဖြစ်မနေသိထားရမယ့် အလှအပဆိုင်ရာလျှို့ဝှက်ချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော် …။

(၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်း ခရင်မ်

vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကို အပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကို အနှစ်ဖြစ်အောင် ရောမွှေလိုက်ပါ။

မျက်နှာကို ပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ် ကို မျက်နာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်ပေးပါ …။

တစ်ပတ် နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေ မဖြစ်လာအောင် တားဆီးပေးနိုင်တာကြောင့် အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေစေပါလိမ့်မယ် …။

(၂) ကိုယ်တိုင်လုပ် အမည်းစက်ပျောက် ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ နနွင်းအနည်းငယ်၊ နွားနို့အစိမ်းလေးဇွန်း ၊ သံပရိုရည်တစ်ဇွန်း၊ အုန်းဆီတစ်ဇွန်း တို့ကိုရော မွှေပြီး မျက်နှာအနှံ့ ထူထူလေး လိမ်းပေးပါ …။

၁၀ မိနစ်ကြာရင် မျက်နှာအနှံ့ ဖွဖွလေး နှိပ်နယ်ပေးပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပါ။

သုံးရက်တစ်ကြိမ်လောက် လုပ်ပေးရင် အမည်းစက်တွေ သိသိသာသာလျော့ပါးလာတာကို တွေ့ရပါလိမ့်မယ် …။

(၃) ဆားဝက်ခြံပျောက် ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း၊ ပျားရည် တစ်ဇွန်း တို့ကို ရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။

မိနစ်နှစ်ဆယ်လောက် ထားပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးကာတစ်သျှူးစက္ကူလေးနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပြီး ရေအေးနဲ့မျက်နှာပြန်သစ်ပေးပါ။ ဒါပြီးရင်တော့ တိုနာလိမ်းပေးပါ …။

တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးရင် မျက်နှာပေါ်ကဆားဝက်ခြံတွေကို တဖြည်းဖြည်းသက်သာ ပျောက်ကင်းလာစေပါလိမ့်မယ်နော် …။

Credit

 

မိန္းကေလးတိုင္း မလွခ်င္တဲ့သူ၊ မႏုပ်ိဳခ်င္တဲ့သူ မရွိပါဘူး။ မိန္းကေလးဆိုတာ အသက္အ႐ြယ္ႀကီးရင့္လာလည္း အေရးအေၾကာင္း ကင္းစင္ၿပီး အ႐ြယ္တင္ႏုပ်ိဳ လွပတဲ့သူ၊ အၿမဲတမ္း လွပေနတဲ့သူ ျဖစ္ခ်င္ၾကပါတယ္ …။

အသက္ႀကီးလာတဲ့အထိ ႏုပ်ိဳလွပဖို႔အတြက္ မိန္းကေလးတိုင္း မျဖစ္မေနသိထားရမယ့္ အလွအပဆိုင္ရာလွ်ိဳ႕ဝွက္ခ်က္ေလးေတြကို ေျပာျပေပးလိုက္ပါတယ္ေနာ္ …။

(၁) ကိုယ္တိုင္လုပ္ အေရးအေၾကာင္းကင္း ခရင္မ္

vaselline စားပြဲတင္ဇြန္းႏွစ္ဇြန္းကို အပူေပးၿပီး သံလြင္ဆီတစ္ဇြန္း၊ ၾကက္ဥအႏွစ္တစ္လုံး၊ ပ်ားရည္တစ္ဇြန္း၊ ေထာပတ္သီးအမွည့္တစ္လုံးတို႔ကို အႏွစ္ျဖစ္ေအာင္ ေရာေမႊလိုက္ပါ။

မ်က္ႏွာကို ေျပာင္စင္ေအာင္သစ္ၿပီး ရလာတဲ့အႏွစ္ ကို မ်က္နာအႏွံ႔ခပ္ထူထူေလးလိမ္းကာ မိနစ္၂၀ ေလာက္ထားေပးပါ။ ၿပီးရင္ ေရၾကက္သီးေႏြးေလးနဲ႔မ်က္ႏွာသစ္ေပးပါ …။

တစ္ပတ္ ႏွစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးရင္ မ်က္ႏွာေပၚမွာျဖစ္ေလ့ရွိတဲ့ အေရးအေၾကာင္းေတြ မျဖစ္လာေအာင္ တားဆီးေပးႏိုင္တာေၾကာင့္ အသက္ႀကီးလာလည္း ႐ြယ္တူေတြထက္ ႏုပ်ိဳေနေစပါလိမ့္မယ္ …။

(၂) ကိုယ္တိုင္လုပ္ အမည္းစက္ေပ်ာက္ ေပါင္းတင္ေဆး

ဂ်ဳံမႈန႔္ႏွစ္ဇြန္း၊ နႏြင္းအနည္းငယ္၊ ႏြားႏို႔အစိမ္းေလးဇြန္း ၊ သံပ႐ိုရည္တစ္ဇြန္း၊ အုန္းဆီတစ္ဇြန္း တို႔ကိုေရာ ေမႊၿပီး မ်က္ႏွာအႏွံ႔ ထူထူေလး လိမ္းေပးပါ …။

၁၀ မိနစ္ၾကာရင္ မ်က္ႏွာအႏွံ႔ ဖြဖြေလး ႏွိပ္နယ္ေပးၿပီး ေရၾကက္သီးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။

သုံးရက္တစ္ႀကိမ္ေလာက္ လုပ္ေပးရင္ အမည္းစက္ေတြ သိသိသာသာေလ်ာ့ပါးလာတာကို ေတြ႕ရပါလိမ့္မယ္ …။

(၃) ဆားဝက္ၿခံေပ်ာက္ ေပါင္းတင္ေဆး

ဂ်ဳံမႈန႔္ႏွစ္ဇြန္း၊ မုန႔္ဖုတ္ဆိုဒါ တစ္ဇြန္း၊ ပ်ားရည္ တစ္ဇြန္း တို႔ကို ေရာေမႊၿပီး မ်က္ႏွာအႏွံ႔ လိမ္းေပးပါ။

မိနစ္ႏွစ္ဆယ္ေလာက္ ထားၿပီးရင္ ေရေႏြးေလးနဲ႔မ်က္ႏွာသစ္ေပးကာတစ္သွ်ဴးစကၠဴေလးနဲ႔ ဆားဝက္ၿခံေတြကို ညႇစ္ထုတ္ေပးၿပီး ေရေအးနဲ႔မ်က္ႏွာျပန္သစ္ေပးပါ။ ဒါၿပီးရင္ေတာ့ တိုနာလိမ္းေပးပါ …။

တစ္ပတ္တစ္ႀကိမ္ ျပဳလုပ္ေပးရင္ မ်က္ႏွာေပၚကဆားဝက္ၿခံေတြကို တျဖည္းျဖည္းသက္သာ ေပ်ာက္ကင္းလာေစပါလိမ့္မယ္ေနာ္ …။

Credit