ကိုးရီးယားမလေးတွေလို နုပျိုကြည်လင်တောက်ပတဲ့ အသားအရေလေး ရရှိဖို့ DIY GEL လုပ်နည်း

ရှိရင်းစွဲထက်ပိုပြီး ငယ်ရွယ်နုပျိုသွားတဲ့ပုံမျိုး ပေါက်ချင်လားဟင်။ ဘယ်သူမဆို ငယ်ရွယ်နုပျိုချင်ကြတာပါပဲ။တစ်နေ့တခြားအသက်ကြီးလာလို့ ပေါ်လာတဲ့ အရေးအကြောင်းတွေ၊ သက်ကြီးလက္ခဏာတွေကြောင့် အရင်တုန်းကတည်းက ငါထိန်းထိန်းသိမ်းသိမ်းနေခဲ့ရင်ကောင်းသားဆိုပြီးတော့လည်း တွေးမိကြပါသေးတယ်။ဆိုတော့ (၁၅) ရက်လောက်သုံးပြီးတာနဲ့ သိသိသာသာပြောင်းလဲသွားနိုင်တဲ့ DIY Gel လေးအကြောင်းကို ပြန်လည်ဝေမျှပေးချင်ပါတယ်။ ငယ်တုန်းဂရုစိုက်ထားနိုင်တော့ ပိုကောင်းတာပေါ့။

ပါဝင်ပစ္စည်းများ

မုန့်ဖုတ်ဆော်ဒါ (၁) ဇွန်း

ပျားရည် (ဇွန်းဝက်)

လာဗင်ဒါဆီ (၁) စက်

၁။ အရင်ဆုံး မုန့်ဖုတ်ဆော်ဒါနဲ့ ပျားရည်ကို သမအောင်အရင်မွှေထားပါ။ သမပြီဆိုတော့မှ လာဗင်ဒါဆီတစ်စက်လောက် ချပေးလိုက်ပြီး ထပ်မွှေပါ။ ပြီးရင်တော့ ဒီတိုင်းခဏလေးထားထားလိုက်ပါ။

၂။ ဒုတိယအနေနဲ့ ရေနွေးစိမ်ထားတဲ့ပဝါကို မျက်နှာပေါ်အုပ်ပြီး (၂-၃) မိနစ်လောက် ချွေးပေါက်ဖွင့်ပေးပါ။ အဲဒီထက်မပိုပါစေနဲ့။ အသားပါးသွားရင် မုန့်ဖုတ်ဆော်ဒါတင်တဲ့အခါ စပ်တတ်ပါတယ်။

၃။ ပြီးရင်တော့ ခုနကမွှေထားတဲ့ Mask လေးကို မျက်နှာပေါ်တင်ပြီး စက်ဝိုင်းပုံအတိုင်း ဖြေးဖြေးနဲ့ညင်ညင်သာသာလေး ပွတ်ပေးပါ။ညင်ညင်သာသာလေးပဲ ပွတ်ပါနော်။ ပွတ်ပြီးသွားတဲ့အခါ (၃-၅) မိနစ်လောက် ဒီတိုင်းထားပေးလိုက်ပါ။

၄။ နောက်ဆုံးအနေနဲ့ လိမ်းထားတာတွေအားလုံးကို ရေနွေးနွေလေးနဲ့ ပြန်ဆေးချလိုက်ပါ

၅။ အဲဒါတွေလုပ်ပြီးတဲ့အခါ မျက်နှာကနည်းနည်းရဲနေပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။

၆။ ဒီ Mask ကိုတော့ တစ်ပတ် (၁-၂) ကြိမ်ထက် ပိုမလုပ်မိပါစေနဲ့

Zawgyi

ရွိရင္းစြဲထက္ပိုၿပီး ငယ္႐ြယ္ႏုပ်ိဳသြားတဲ့ပုံမ်ိဳး ေပါက္ခ်င္လားဟင္။ ဘယ္သူမဆို ငယ္႐ြယ္ႏုပ်ိဳခ်င္ၾကတာပါပဲ။တစ္ေန႔တျခားအသက္ႀကီးလာလို႔ ေပၚလာတဲ့ အေရးအေၾကာင္းေတြ၊ သက္ႀကီးလကၡဏာေတြေၾကာင့္ အရင္တုန္းကတည္းက ငါထိန္းထိန္းသိမ္းသိမ္းေနခဲ့ရင္ေကာင္းသားဆိုၿပီးေတာ့လည္း ေတြးမိၾကပါေသးတယ္။ဆိုေတာ့ (၁၅) ရက္ေလာက္သုံးၿပီးတာနဲ႔ သိသိသာသာေျပာင္းလဲသြားႏိုင္တဲ့ DIY Gel ေလးအေၾကာင္းကို ျပန္လည္ေဝမွ်ေပးခ်င္ပါတယ္။ ငယ္တုန္းဂ႐ုစိုက္ထားႏိုင္ေတာ့ ပိုေကာင္းတာေပါ့။

ပါဝင္ပစၥည္းမ်ား

မုန႔္ဖုတ္ေဆာ္ဒါ (၁) ဇြန္း

ပ်ားရည္ (ဇြန္းဝက္)

လာဗင္ဒါဆီ (၁) စက္

၁။ အရင္ဆုံး မုန႔္ဖုတ္ေဆာ္ဒါနဲ႔ ပ်ားရည္ကို သမေအာင္အရင္ေမႊထားပါ။ သမၿပီဆိုေတာ့မွ လာဗင္ဒါဆီတစ္စက္ေလာက္ ခ်ေပးလိုက္ၿပီး ထပ္ေမႊပါ။ ၿပီးရင္ေတာ့ ဒီတိုင္းခဏေလးထားထားလိုက္ပါ။

၂။ ဒုတိယအေနနဲ႔ ေရေႏြးစိမ္ထားတဲ့ပဝါကို မ်က္ႏွာေပၚအုပ္ၿပီး (၂-၃) မိနစ္ေလာက္ ေခြၽးေပါက္ဖြင့္ေပးပါ။ အဲဒီထက္မပိုပါေစနဲ႔။ အသားပါးသြားရင္ မုန႔္ဖုတ္ေဆာ္ဒါတင္တဲ့အခါ စပ္တတ္ပါတယ္။

၃။ ၿပီးရင္ေတာ့ ခုနကေမႊထားတဲ့ Mask ေလးကို မ်က္ႏွာေပၚတင္ၿပီး စက္ဝိုင္းပုံအတိုင္း ေျဖးေျဖးနဲ႔ညင္ညင္သာသာေလး ပြတ္ေပးပါ။ညင္ညင္သာသာေလးပဲ ပြတ္ပါေနာ္။ ပြတ္ၿပီးသြားတဲ့အခါ (၃-၅) မိနစ္ေလာက္ ဒီတိုင္းထားေပးလိုက္ပါ။

၄။ ေနာက္ဆုံးအေနနဲ႔ လိမ္းထားတာေတြအားလုံးကို ေရေႏြးေႏြေလးနဲ႔ ျပန္ေဆးခ်လိုက္ပါ

၅။ အဲဒါေတြလုပ္ၿပီးတဲ့အခါ မ်က္ႏွာကနည္းနည္းရဲေနပါလိမ့္မယ္။ မစိုးရိမ္ပါနဲ႔။

၆။ ဒီ Mask ကိုေတာ့ တစ္ပတ္ (၁-၂) ႀကိမ္ထက္ ပိုမလုပ္မိပါေစနဲ႔