သဘာဝအတိုင်းကြည်လင်တဲ့ အသားအရည်ဖြစ်ဖို့အတွက် အလွယ်ဆုံးနည်းလမ်း

သဘာဝအတိုင်းကြည်လင်တဲ့ အသားအရည်ဖြစ်ဖို့အတွက် အလွယ်ဆုံးနည်းလမ်း

Hello…ချစ်ဆုံး တို့ရေ သဘာဝအတိုင်းလှပချောမွေ့ပြီးကိုးရီးယားမလေး တွေလို ဂလိုး(glow)နေတဲ့ မျက်နှာလေး မလိုချင်ဘူးလား..?

ကိုယ်တိုင် အသုံးပြုနေတဲ့ အိမ်တွင်းပေါင်းတင် နည်းလေးပြောပြ မယ်နော်..။

ခုလိုကာလတွေ မှာငွေချွေ တာပြီးနေ ရတော့ Maskတွေ အရင်လို မသုံးဖြစ်ကြလို့ အသားအရည်တွေ ညစ်လာပြီလား..?

တစ်ခု အကြံပေး ပါ ရစေပထမဆုံး တစ်နည်းကဆန်နဲ့သပ်နပ်ခါး ကို ရောသွေးပီး ပေါင်းတင်နည်းလေး ပြောပြ မယ်နော်..။

ဆန်ကိုလိုသလောက်ယူ ရေဆေးပြီး ၃၀မိနစ်လောက် ရေစိမ်မယ် ပြီးရင် သနပ်ခါးနဲ့ရောသွေးပြီးပျစ်လာအောင် ထိ သွေးယူရပါမယ်..။

သွေးပြီး ရင်တော့ မျက်နှာ ပေါ် လိမ်းပြီးခြောက်တဲ့အထိ ထား ပါခြောက်ပီ ဆို ရင်တော့ ရေဆေးချမယ်..။

(၁၅မိနစ်လောက် ထားရင် ပို အာနိသင် ကောင်းပါတယ်)ဒါဆို ရင်တော့ ကြည်လင်တဲ့အသားအရည်လေးကို ရပြီပေါ့ မျက်နှာ အပြင်လက်ခြေထောက် လည်ပင်း လည်းသုံးနိုင်ပါတယ်နော်

ဒုတိယ တစ်နည်းကတော့ဆန်ကို အမှုန့် ရသည်ထိ ကြိတ် လို့ ရမယ် ထောင်း လို့ ရပါ မယ်အိမ်တိုင်းမှာ..၊

ပျားရည် ကတော့အလွယ်တကူ ရှိတက် ကြတော့ အတော်ပဲပေါ့..၊ကြိတ်ထားလို့ ရတဲ့ဆန် အမှုန့် နဲ့ ပျားရည်ကိုရော မွှေ ပီး မျက်နှာ ပေါ်မှာ

၁၅မိနစ်လောက်ထားပီး ရေဆေး ချ လို့ ရပါသေးတယ်..။(မျက်နှာအေးအေးလေးပေါင်းတင်ချင်ရင်ရေခဲ သေတ္တာထဲ ကြို ထည့် ထားနော်)

အသုံးပြု လို့ ကျန်နေသေးတဲ့ အနှစ်တွေကို ရေ ခဲသေတ္တာ ထဲ ထည့်ထားပြီး နောက်ရက် ပြန်ပေါင်းတင်လို့ ရသေးတယ်နော်..။

ဆန်က အသားအရည်နုပျိုပြီးနေလောင်ဒဏ်ကြောင့်အသားမည်းညစ်တာ အသားမညီတာ တွေကိုသက်သာစေတယ်..။

အသားကို ဖြူစေတဲ့ ဓာတ်ပါပြီး အမဲစက် ဝက်ခြံတွေကို လဲ သက်သာ စေတယ်။မင်မင်ကိုယ်တိုင်လဲ အမြဲ သဘာဝ ပစ္စည်းလေးတွေကို သုံးနေလို့ အကြံပေးတာပါနော်..။

ခုလိုရာသီဥတုပူပြင်းတဲ့ကာလမှာ နေလောင် ထားကြတော့ ညဘက်တွေ ကျ တစ်ပတ် ၂ခါ၃ခါ လောက် လုပ်ပေး ရင် အသားအရေ အတွက် မပူရတော့ဘူးပေါ့

မူရင်းတင်သူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

 















