10.Feb.2023 မှ 16.Feb.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း….

10.Feb.2023 မှ 16.Feb.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

လူကြီးမိဘများရဲ့ ကျန်းမာရေးကိစ္စအတွက် စိတ်သောကဖြစ်နေရတတ်ပါ တယ်။ကိုးကွယ်မှုဆိုင်ရာ ဆင်းတု ရုပ်တုများ၊ပုံတော်များ၊တရားစာအုပ်များလက်ဆောင်ရခြင်း၊ မဲပေါက်ခြင်းများ ကြုံတွေ့ရတတ် ပါတယ်။ တန်ဖိုးကြီး သော ပရိဘောဂပစ္စည်းများ ရရှိတတ်ပါတယ်။ ငွေကြေးနှင့်ပတ်သက်ပြီး ကြီးကြီးမားမား နှစ်ကြိမ်ရရှိ တတ်ပါတယ်။ လက်ကားစီးပွားရေးများ ငွေအရကြမ်းနေမယ်။ ကိုယ်စားလှယ်အလုပ်များအမြတ်အစွန်းရမယ်။

အိမ်သို့ ညအိပ် ညနေ ဧည့်သည်များ ရောက်ရှိလာပါက တစ်ခုလတ်တွေ၊မုဆိုးဖိုတွေကို ဘုရားခန်း၊အိမ်ဦးခန်းတွေမှာ မအိပ်ပါစေ နှင့်။ အချစ်ရေးကံကတော့ တကျက်ကျက်ပါပဲ။အဆင်ပြေနေတဲ့ချစ်သူတွေကတော့ချစ်သူနဲ့ ယာယီခွဲခွာနေရတတ်ပါ တယ်။ အိမ်ထောင်ရှင်များအတွက်ကတော့ ရည်ရွယ်ထားသော မျှော်လင့်ချက်တွေ ဖြစ်ပေါ်လာမယ့်ကာလတစ်ခု ပါ။ ဥာဏ်နည်းတဲ့အိမ်ထောင်ဘက်ကိုရထားသူများကတော့ဘေးစကားများကိုယုံပြီးမိမိကိုပြဿနာလာရှာတတ်ပါ တယ်။

ကျန်းမာရေးကတော့ရင်ကြပ်ခြင်း၊မောပန်းခြင်း၊လေအောင့်ခြင်း၊များဖြစ်တတ်ပါတယ်။လူမျိုးခြား၊ ဘာသာ ခြားများ နှင့်ပတ်သက်၍ အကျိုးထူးမည်။အကူအညီရမည်။ လခစားဝန်ထမ်းများအဖို့ ဒီအချိန်ကာလ ရာထူးတိုးခြင်း၊ နေရာ ကောင်း ရခြင်းမျိုး ကြုံတွေ့ ရမည့်ကာလတစ်ခုပါ။ ပညာရေးကိစ္စကတော့ အထူးအားကောင်းနေတာကို တွေ့ရ ပါ တယ်။ အကျိုးပေးဂဏန်း ၁/၅/၉အထူးဟော ကံသင့်ပါတယ်။ယတြာ ပဲဟင်းနဲ့ဘုရားဆွမ်းကပ်ပါ။

#တနင်္လာ

ကံကအကောင်းအဆိုးရောထွေးနေပေမဲ့ အကောင်းများမဲ့ကာလပါပဲ။ငွေနောက်မလိုက်ဘဲ အလုပ်ဖြစ်ဖို့ကို သာအားထားသူတွေပိုအဆင်ပြေပါလိမ့်မယ်။မျှော်လင့်ထားတာတွေ ဖြစ်လာမယ့်ကာလတစ်ခု ဖြစ်ပါတယ်။ ဘာသာ ရေးနဲ့ပတ်သက်တဲ့အလုပ်တွေ လုပ် ဖြစ် လိမ့်မယ်။ အလှူအတန်းတွေ လုပ်ရမယ်၊ မရောက်ဖူးသေးတဲ့ ဘုရားဖူး ခရီး တွေ သွားရတတ်တယ်။ ဝန်ထမ်း တွေဖြစ်ပါက ဒီကာလဟာရာထူးရုတ်တရက် တက်သွားတတ်ပါတယ်။

အမှုအခင်း ပြဿနာရင်ဆိုင်ရသူများ ဒီအချိန် ကာလမှာ ပြီးပြတ်လိမ့်မယ်၊ အနိုင်ရမယ်။ အိမ်၊ အလုပ်၊ ဆိုင်၊ ရုံးခန်း စတာတွေမှာ မီး/လျှပ်စစ်နှင့်ပတ်သက်ပြီး ပြဿနာ ဖြစ်ပေါ်တတ်လို့ ဂရုစိုက်ပါလေ။ဆိုင်ကပြန်ရင် မီးတွေသေချာစစ်ဆေးပြီး ပိတ်သွားစေချင်ပါ တယ်။ ရှေ့တိုးကခက် နောက်ဆုတ်ရခက်အနေအထားလေးတွေကြုံရတတ်ပါတယ်။ ယခုကာလ ဟာ အတိုက်အခံအလွန်ပေါတဲ့ကာလဖြစ်လို့ အပြောအဆို အထူးဂရု စိုက်သင့်ပါတယ်။အထူးသဖြင့်အစိုးရ ဝန်ထမ်း များသတိထားပါ။

အပြောလေးမှားသွားတာနဲ့ ဒုက္ခရောက်သွားနိုင်ပါတယ်။ အချစ်ရေးကံကတော့ သာယာငြိမ်းချမ်း နေ ပါတယ်။ အိမ်ထောင်ရှင်များအတွက် ပျော်ရွှင်စရာတွေ တစ်ခုပြီး တစ်ခု ကြုံတွေ့ ရတတ်ပါတယ်။ ကျန်းမာရေး ကတော့ခေါင်းမူး ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးကြောကျဉ်းပိတ်ခြင်းတွေကိုသတိထားဖို့အထူးလိုပါတယ်။ သင်ကြား ရေးလုပ်ကိုင်နေကြတဲ့ သင်တန်းဆရာများ၊ကျောင်းဆရာများ၊ကျောင်းပိုင်ရှင်များအနည်းငယ်စိတ်ရှုပ်စရာလေးတွေ ဒီအပတ်ထဲကြုံရတတ်ပါတယ်။အကျိုးပေးဂဏန်း ၆/၉/၃အထူးဟော မီးအန္တရာယ်သတိပြုပါယတြာ ရေခဲမုန့်တစ်ခွက်ဘုရားကပ်ပါ။

#အင်္ဂါ

စိတ်မရှည်ဖြစ်တာမျိုး၊ဒေါသထွက်လွယ်တာမျိုးဒီကာလမှာကြုံရတတ်ပါတယ်။အိမ်ဆောက်ခြင်း၊ အိမ်ပြင် ခြင်း၊ အိမ်ဝယ်ခြင်း၊ အဆောက်အအုံ အသစ်ပြင်ဆင်ခြင်း၊အိမ်/အဆောင် ပြောင်း ရွှေ့ ရခြင်းမျိုးကြုံတွေ့ ရတတ်ပါ တယ်။ မြေ၊ အမွေ၊ ပညာရေး စတဲ့ကိစ္စတွေမှာ အောင်မြင်မည့်ကာလ ဖြစ်ပါတယ်။ အမှုဟောင်း၊ပြဿနာဟောင်း တွေ ပေါ်လာတတ်ပါတယ်။ရန်စဟောင်းတွေရှိသူများ၊ သူများကိုချောက်ချထား ဖူးသူ များ၊ ကိုယ့်ကြောင့် သူများဘ ဝပျက်ဖူးသူများ ပြန်လည်ပြီး မိမိတို့ကိုဒုက္ခပြန်ပေးတာကြုံရလိမ့်မယ်။

ဒီကာလဟာ လုပ်ငန်းတွေ စတင်တာ၊ တိုး ချဲ့တာတွေ ပြုလုပ်သင့်တဲ့ကာလဖြစ်ပါတယ်။စက်တွေပြင်ဆင်မယ်ဆိုရင်တော့ ငွေနိုင်မှ သာပြင် စေချင်ပါတယ်။ ကုန်စရာတွေထပ်ထပ်ပြီးပေါ်လာတတ်တာမို့ မှန်းထားသည်ထက် နှစ်ဆပိုကုန်နိုင်ပါတယ်။ ကိုယ်ပိုင်အလုပ်များငွေ ကံကောင်းနေ မယ်။ဖောက်သည်အဟောင်းတွေရဲ့လက်ဆင့်ကမ်းပြောမှုကြောင့် ဖောက်သည် အသစ်တွေရလာ တတ်ပါ တယ်။အချစ်ရေးကံကတော့အယူအဆ အထင်အမြင်တွေမတူလို့ လမ်းခွဲရတာ (သို့) စကား အခြေအတင် ပြောဆိုနေရတဲ့အခြေအနေမျိုးကြုံရတတ်ပါတယ်။

အိမ်ထောင်ရှင်များအတွက်ကတော့နှစ်ဖက်သောဆွေမျိုး အကြီး အကဲတွေရဲ့ ကူညီစောင့်ရှောက်ခြင်းမျိုး ကြုံတွေ့ရတတ် ပါတယ်။ကျန်းမာရေးအနေနဲ့အရေပြား ယားယံခြင်း၊ နှာခေါင်းသွေးယိုတတ်ခြင်း၊သွေးတိုးခြင်းမျိုးဖြစ်လွယ်ပါတယ်။ အကျိုးပေးဂဏန်း ၄/၇/၀အထူးဟော စိတ်ရှုပ်စရာလေးတွေများနေတတ်ပါတယ်။ယတြာ ထန်းလျက်ခဲလေးတွေ ခွေးကျွေးပေးပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းမိမိတို့အနေနဲ့ အခက်အခဲတွေက ကိုယ်ကြောင့်မဟုတ်ဘဲအခြားလူကြောင့်မိမိအခက်အခဲ များရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ လိုက်လေဝေးလေဖြစ်နေတတ်ပါတယ်။ ပုံမှန်ဝင်ငွေလေးကိုပဲ ရောင့်ရဲသင့်တဲ့ကာလပါပဲ။ သားသမီး၊ အောက်လက်ငယ်သား၊ ဆွေမျိုးများ၏ပြဿနာများ ဖြေရှင်းပေးနေရတတ်ပါ တယ်။၎င်းတို့နှင့်ပတ်သက်၍ စိတ်သောကရောက်နေရတတ်ပါတယ်။ စုမဲစုခြင်း၊ စပ်တူရှယ်ယာလုပ်ခြင်း စတဲ့ ငွေကြေးကိစ္စရပ်များ စိတ်ညစ်ရတတ်ပါတယ်။

ယခုကာလဟာ ကံညံ့သည်ဟုထင်ရပေမယ့် မိမိယုံကြည်ကိုးကွယ် ရာ ဘာသာရေးကို အားစိုက်ပြုလုပ်ပါက ချက်ချင်းနတ်မ သကဲ့သို့ ကံကောင်းခြင်းများ ကြုံတွေ့ ရရှိတတ်ပါတယ်။ အလုပ်ကိစ္စတွေမှာ တာဝန်ယူ၊တာဝန်ခံရမဲ့အလုပ်မျိုးတွေကို စတင်တာဝန်ပေးပါက မလုပ်နိုင်၊လုပ်နိုင်ဆိုတာ ချင့်ချိန်ပြီးမှသာအလုပ်လက်ခံစေချင်ပါတယ်။တန်ဖိုးရှိသော လက်ဝတ်ရတနာများ ဝင်လာခြင်း၊ ဆုံးရှုံးသွားပြီ ထင်ရ တဲ့အရာများ ပြန်လည်ရရှိခြင်းမျိုးတွေ့ကြုံမယ်။ သားသမီးရတနာဝင်ကိန်းရှိတဲ့ကာလဖြစ်တာမို့ သားဆုပန်ခြင်းမျိုး၊ ဆရာဝန်နဲ့စစ်ဆေးပြသခြင်းမျိုးဆောင်ရွက်သင့်ပါတယ်။

ကျန်းမာရေးကတော့အရေပြားယားယံခြင်း၊ ဝမ်းပျက်ခြင်း မျိုးဖြစ်တတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူက မိမိတို့ကို စိတ်ချမ်းသာအောင်ထားပါလိမ့်မယ်။ အိမ်ထောင်ရေးကိစ္စတွေမှာတော့ အိမ်မှာ အကြီးဆုံးသူတစ်ယောက်အတွက် စိတ်သောကရောက်ရတတ်ပါတယ်။ ပညာရေးစိတ်ပူဖို့မလိုပေမဲ့ မိမိစိုးရိမ်စိတ်ကြောင့်အလွဲအမှားလေးတွေဖြစ်ရတတ်ပါတယ်။အကျိုးပေးဂဏန်း ၁/၅/၈အထူးဟော သူများပြဿနာတွေလိုက်ရှင်းနေရတဲ့ကာလပါပဲ။ယတြာ အကြီးအကဲ တစ်ဦးဦးအား နန်းကြီးသုပ်တစ်ပွဲကျွေးလိုက်ပါ။

#ကြာသပတေး

အရင်ကာလအတွင်းအညံ့ကြုံနေတာတွေရှိရင် ဒီအပတ်ထဲဖြေရှင်းလို့ရပါလိမ့်မယ်။ မြင်အပ်၊မမြင်အပ် ပုဂ္ဂိုလ်တွေရဲ့ စောင့်ရှောက်ခြင်း၊ကူညီခြင်း၊မစခြင်းမျိုးတွေကြုံရတတ်ပါတယ်။ကံကောင်းခြင်းတွေအကုန် သင့်ထံ ရောက် နေသလားလို့ အထင်ခံ၊ အပြောခံရမယ့်ကာလတစ်ခု ဖြစ်ပါတယ်။ ရပ်ထား တာတွေ ပြန်လည်ပတ်မယ်။ ငုပ်သွားတာတွေ ပြန်ရှင်သန်လာမယ်။ဒီအချိန်မှာ အချိန်မဖြုန်းပါနဲ့လို့ အကြံပေးပါရစေလုပ်သမျှ ဖြစ်ပေါ်အောင် မြင်မည့် ကာလတစ်ခုပါ။ မျှော်လင့်ချက်တွေ အောင်မြင်မယ်။

ထူးခြားချက်က မိမိဘဝအတွက်ကောင်းသော လမ်း ညွှန် မှုတွေကို ဆရာသမားတစ်ယောက်ဆီကနေ ရတတ်ပါတယ်။ အဲလိုမျိုးကြုံလာပါက ထိုဆရာပြောတဲ့အတိုင်း ဆောင် ရွက်လိုက်နာခြင်းဖြင့်ကံကောင်းခြင်း၊လမ်းတည့်သွားခြင်းမျိုးကြုံရပါလိမ့်မယ်။ ယခုကာလမှာ အမှုဖြစ်နေ ပြဿနာ ဖြစ်နေသူများကို ကူညီခြင်း၊ အိမ်ပေါ်ခေါ်တင်ခြင်း၊ အာမခံပေးခြင်းများ မပြုလုပ်သင့်ပါ။ ကံနိမ့်သွားလိမ့် မည်။ အချစ်ရေးကံအနည်းငယ်ညံ့နေပါတယ်။ ချစ်သူရဲ့ဂရုမစိုက်မှုတွေကိုလက်ခံရရှိတတ်တဲ့ကာလလဲဖြစ် နေပါ လိမ့်မယ်။ အိမ်ထောင်ရှင်များအဖို့ ပျော်ရွှင်ရမယ့်ကာလတစ်ခုပါ။

ကျန်းမာရေး ကတော့သွေးတိုးခြင်း၊ သွေးပေါင်ကျ ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်းတွေဖြစ်တတ်ပါတယ်။ ပညာရေးအတွက် အားထည့်ဆောင်ရွက်တာမျိုးတွေ၊ ဆရာ ကောင်းတွေနဲ့ အနီးကပ်ကြပ်မတ်သင်ကြားပေးတာမျိုးတွေလုပ်ပေးခြင်းဖြင့် ပိုမိုပြီးစာမေးပွဲရလဒ်ကောင်းသွား တတ်ပါတယ်။အကျိုးပေးဂဏန်း ၂/၆/၅အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ယတြာ သ‌င်္ဘောသီးမှည့်ဘုရားကပ်ပါ။

#သောကြာ

စိတ်ချမ်းသာစရာ၊ပျော်စရာတွေများနေပါလိမ့်မယ်။မင်္ဂလာကိစ္စများပေါ်ခြင်း၊မင်္ဂလာသတင်းများကြားခြင်း မျိုး ကြုံတွေ့ရလိမ့်မယ်။ ငွေကံအလွန်ကောင်းနေပါတယ်။ မိခင်/ မိခင်နှင့်တူသော အမျိုးသမီးကြီးများ၏ ကူညီ စောင့် ရှောက်ခြင်း ကြုံတွေ့ရတတ်ပါတယ်။ အသင်းအဖွဲ့ များနှင့် လုပ်ဖော်ကိုက် ဖက်များကြောင့် စိတ်အလိုမကျ ဖြစ်တတ်ပြီး ယှဉ်ပြိုင်မှုများ၊ နေရာလုခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ငွေကြေးချေးငှားခြင်းကိုတော့ မပြုသင့် သေး ပါ။ အထူးသဖြင့် ချစ်သူကပိုက်ဆံချေးပါက ပြန်မရဘဲဆုံးနိုင်ပါတယ်။

အခြားမေတ္တာရေး အချစ်ရေးကံကတော့ အညံ့မရှိပါ။ အိမ်ထောင်ရှင်များအတွက်ကတော့ အိမ်ထောင်ဘက် ချူချာနေတတ်ပြီး မိသားစုအလိုက် ရေလမ်းခရီး သွား ခြင်းမျိုး ရှောင်သင့်ပါတယ်။ငွေကြေးကံကောင်းနေပါလိမ့်မည်။ နယ်ဝေး၊ နိုင်ငံရပ်ခြားမှ သတင်းကောင်း အဆက်အသွယ်ကောင်းများရရှိ တတ်ပါတယ်။ မိမိကိုယ်တိုင်လည်းပဲနိုင်ငံခြားသွားဖို့စီစဉ်ထားရင်ဒီအပတ်ထဲ သွားရ တတ်ပါတယ်။ ခရီးကံကောင်းနေတယ်။ လူယုံလူရင်း ဒုက္ခပေးတတ်တယ်။ ဆွေမျိုးများကြောင့် သောကကြုံနေရ တတ် တယ်။ မမျှော်လင့်ဘဲ အကြီးအကဲများရဲ့ ကူညီမှုကို ရရှိတတ်ပါတယ်။

အချစ်ရေး အနေနဲ့ သာယာပျော်ရွှင်ရ တဲ့အချိန်ကာလတစ်ခုပါ။ အစုစပ်လုပ်ငန်းများအနေနဲ့ အချင်းချင်း သံသယစိတ်တွေ ဝင်နေ တတ်ပြီး အပြန်အလှန် အပြစ်တင်နေရတတ်လို့ စိတ်ညစ်ရမယ့်အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးကတော့ရေချိုးမှားခြင်း၊ လေထိုးလေအောင့်၊ ရင်ဘတ်အောင့်များဖြစ်တတ်ပါတယ်။ပညာရေးကိစ္စမှာတော့ အချစ်ရေးကိစ္စတွေကြောင့် အပျော်များပြီး စာစိတ်မရောက်ဘဲဖြစ်နေလိမ့်မယ်။အကျိုးပေးဂဏန်း ၃/၀/၆အထူးဟော စိတ်ပျော်ရွှင်ရမယ်။ယတြာ နှင်းဆီ ၃ပွင့်ဘုရားကပ်ပါ။

#စနေ

ဒီကာလအတွင်းအောက်ခြေလူတန်းစားတွေနဲ့ပတ်သက်ပြီး ကူညီပေးခွင့်ရမယ်။ ဒုက္ခရောက်နေသူကိုကူညီ ခွင့်ရပါလိမ့်မယ်။ ဗော်လန်တီယာအလုပ်များ၊ပရဟိတအလုပ်များဆောင်ရွက်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ဒီကာလခရီး ကံ ကောင်းနေမယ်။ မသွားဖူးသောဒေသများသို့ ခရီးသွားရတတ်ပါတယ်။အလုပ်နေရာ ပြောင်းရွှေ့ခြင်း၊ အိမ်နေရာ အသစ် ပြုပြင်ခြင်းတွေ ကြုံတွေ့ ရတတ်တယ်။ ငွေကြေးကံ အနည်းငယ်ညံ့နေတဲ့ကာလဖြစ်လို့ အများပိုင်ငွေများ လက်ခံခြင်း၊ ငွေချေးပေးခြင်းမပြုလုပ်ရပါ။

အာမခံပေးခြင်းမျိုးတွေ ရှောင်ပါ။ စိုက်လျော်ရတတ်ပါတယ်။ အခက် အခဲလေးတွေ မကြာခဏ တွေ့ကြုံရမယ်။ ဘယ်အလုပ်မှ ချောမွေ့ အဆင်ပြေ မနေဘဲ အဖုအထစ်လေးတွေကို ဖြတ် သန်းနေရလိမ့်မယ်။ ကိုယ်မျှော်လင့်ထားသလို မဖြစ်ဘဲ အကျိုးအမြတ်လည်း အရ နည်းတတ်တယ်။ လူအများနဲ့ ဆက်ဆံရေးမှာလည်း စိတ်ပျက်စရာတွေ များလာမယ်။အချစ်ရေး ကံကတော့ ညံ့နေပါတယ်။ ကိုယ်မမျှော်လင့်တဲ့ အရာတွေ ဖြစ်ပေါ်တတ်တဲ့ကိန်းတစ်ခုပါပဲ။ အိမ်ထောင်ရှင်များ အတွက် လူကြီးမိဘဆွေမျိုးတွေရဲ့ ထင်မြင်လွဲခြင်း ခံရတတ်ပါတယ်။

ယခုလိုကာလမျိုးမှာ မော်တော်ယာဉ် ရောင်း ခြင်း/ ဝယ်ခြင်းများ အထူးသတိထားသင့်ပါတယ်။ ရောင်းမှားဝယ်မှား ဖြစ်တတ်ပါတယ်။ ကျန်းမာရေး ကတော့ အရိုး အဆစ် နာကျင်ခြင်း၊ ထိခိုက်မိခြင်းတွေဖြစ် တတ်ပါတယ်။ကျောင်းသားလူငယ်များ မိဘတွေရဲ့ ဂရုတစိုက်ကြပ်မတ်မှုကြောင့် ပညာရေးရလဒ်ကောင်းနိုင်သည်။အကျိုးပေးဂဏန်း ၁/၄/၀အထူးဟော အခက်အခဲကြုံပြီးမှအဆင်ပြေမယ်။

ယတြာ ဖိနပ်အစုတ်အပြတ်ရှိရင်ဖြစ်စေ၊ယပ်တောင်အဟောင်းတွေရှိရင်ဖြစ်စေ စွန့်ပစ်လိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

 


#တနငျ်ဂနှေ




#တနငျ်လာ




#အငျ်ဂါ




#ဗုဒ်ဓဟူး/ရာဟု
















