၁၃၈၅ ခုႏွစ္၊ မႏၲေလးသၾကၤန္စာႏွင့္(၇)ရက္သားသမီး တစ္ႏွစ္စာေဟာစာတမ္း….

ဇေယျတုသဗ္ဗမင်္ဂလံ။ တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်း ဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ် စတုတ္ထပါဒ် အဝဿန်နဝင်းမှသည် တန်ခူးဖြစ်သော မိဿရာသီ အဿဝနီနက္ခတ်ပထမပါဒ်အာဒိအင်္ဂါနဝင်းထက်သို့တွက်စစ်ကောဇာနှစ်သင်္ချာကားမြန်မာ သက္ကရာဇ်၁၃၈၄-ခုနှစ်၊နှောင်းတန်ခူးလပြည့်ကျော်(၁၀)ရက်၊ခရစ်နှစ်၂၀၂၃-ခုနှစ်၊ ဧပြီလ(၁၄)ရက်၊သောကြာနေ့မြန်မာစံတော်ချိန်ညနေ့စက်(၆)နာရီ၊ (၁၂)မိနစ်(၈) စက္ကန့်အချိန် ကန်ရာသီ လဂ်၊ မကာရရာသီ စန်း၊ တနင်္ဂနွေဟောရတ်၊ သောကြာ တြင်း၊ ဗုဒ္ဓဟူးနဝင်း၊ တနင်္ဂနွေ ဒွါဒသင်း၊အင်္ဂါတိသင်း၊ လဂ်စီနက္ခတ် (၆)လုံး အဒြနက္ခတ် တတိယပါဒ်၊(၁၁)ဃဋီ၊(၁ဝ)ဝိဃဋီထက်လဂ်စီးပြီး၊ကောလဝကရိုဏ်းနှင့်ယှဉ်လျက် တနင်္ဂနွေဂြိုဟ်မင်းသည် ခရူသင်းအဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်လျက် နွားလာဥဿဘကိုစီး၍လက်တစ်ဖက်ကားပုဆိန်၊လက်တစ်ဖက်ကားတံစဉ်းကိုကိုင်လျက် အရှေ့တောင်ထောင့်ကသည်အနောက်သို့ဝင်၏၊

ပြောက္ကာဒေဝီနတ်သမီးကားအလှည့်စေ့၍ ပရမီသွာနတ်မင်း၏သားအာသီအမည်ရှိသောဗြဟ္မာမင်း၏ဦးခေါင်းကိုကမ်းသည်ရှိသော် ရဿကာဒေဝီနတ်သမီးကားဆောင့်ကြောင့်ထိုင်၍လှမ်းလင့်၏၊နန္ဒာဒေဝီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊အင်္ဂါအားဖြင့်ငါးပါးသောအဆင်းဖြင့်ပြီးသောအဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကိုစောင့်လင့်၏။ ထိုကြောင့်ဤနှစ်တွင်

(၇)ရက်သားသမီး တစ်နှစ်စာ ဟောစာတမ်း

တနင်္ဂနွေနေ့ဖွား သားသမီးတို့ သည် ဤနှစ်တွင် စည်းကမ်းကို အလေးအနက် ထားကာမှ အောင်မြင်မည့်နှစ်ဖြစ်သည်။ မိတ်ဆွေအပေါင်း အသင်း အသစ်များ၊ လုပ်ငန်းအသစ်များ၊ ထူထောင်လုပ်ကိုင်ရမည်။ အပျို၊လူပျိုများ ကြံစည် ရည်ရွယ် ထားသော အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စရပ်များ ပျက်တတ် သည်။ မလွတ်လပ်သူ များ မုဆိုးဖို-မ များနှင့် ကြုံတွေ့ ရမည်။ အမျိုးသား၊ အမျိုးသမီး ကြီးငယ်များကလည်း လာရောက် ပတ်သက်တတ်သည်၊ သတိထားပါ။ ပိုင်ဆိုင် ရရှိ နေသော ဝင်ငွေများကို စည်းကမ်းမဲ့ မသုံးစွဲသင့်ပါ။ မရွေ့ပြောင်းနိုင်သော အိုးအိမ်၊မြေယာအသစ်များ ဝယ်ယူပိုင် ဆိုင်ရမည်။ ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများ လုံးဝမလုပ်သင့်ပါ။ စည်းကမ်း နှင့်ညီညွတ်သော ကုမ္ပဏီ လုပ်ငန်းသစ်များ လုပ်ငန်းတိုးချဲ့ခြင်းများ ပြုလုပ်ရမည်။ ပညာရေးထူး ချွန် ထက်မြက်မည်။ အတွင်းနေအတူနေ ပုဂ္ဂိုလ်များ၏ သစ္စာ ဖောက်ခံရလိမ့်မည်။ ကျန်းမာရေး ကောင်းပါသည်။ အဆုတ်အအေးမမိစေရန် ဂရုစိုက်ပါ။ယတြာ – မွေးနေ့တိုင်း ပေါင်မုန့်၅လုံး ဆွမ်းတော်ကပ်ပါ။

တနင်္လာနေ့ဖွားသားသမီးတို့သည်တစ်နှစ်လုံး မည်သည့်လုပ်ငန်းလုပ်လုပ် မဝံ့မရဲလုပ်ကိုင်နေရမည်၊ ရိုးသား ပွင့်လင်းသလောက်ပတ်ဝန်းကျင်၏ အသုံးချခံ ရမည်။ အိမ်ထောင်ရေးမှာလည်းမကြာခဏ စိတ်အနှောင့် အယှက် ကြုံရမည်။ လမ်းပေါ်တွင် အချိန်ကုန်နေမည်။ နိုင်ငံရပ်ခြားတွင် သွားရောက်တာဝန် ထမ်းဆောင်ခြင်း၊ နိုင်ငံခြား ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခြင်းများ အကျိုးပေးမည်။ အတိုက်အခိုက် များစွာဖြင့် ယှဉ်ပြိုင် ရင်ဆိုင်၍ အနိုင်ရမည့် နှစ်ဖြစ်သည်။ ရှာဖွေထားသော ဥစ္စာပစ္စည်းများကို ဂရုတစိုက် ထိန်းသိမ်းပါ။ အခိုးခံရတတ်သည်။ကျောင်းသား ကျောင်းသူများ ပညာရေး အနည်းငယ်ညံ့သည်။ အတွေးအခေါ်အယူအဆ အကြံဉာဏ် သစ်များ ရရှိမည့် နှစ်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း၊ ဒီ အိုးအိမ် သစ် ဝယ်ယူထူထောင်ခြင်းများ အကျိုးရှိမည်။ အထက်စီးမှ မဆက်ဆံမိရန် အထူးဂရုစိုက်ပါ။ ကဆုန်လတန်ဆောင်မုန်းလများတွင် အစစအရာရာ ဂရုစိုက်နေထိုင်ပါ။ နယုန်လနှင့် နတ်တော်လများတွင် ထူးထူးခြားခြားအောင်မြင်မှုများ ရမည်။ ဤတစ်နှစ်လုံးတွင် မိခင်နှင့်ပတ်သက်၍လည်းကောင်း၊ ငွေကြေးသုံးစွဲရာတွင်လည်းကောင်းအထူးဂရုစိုက်လုပ်ဆောင်ရန် အရေးကြီး၏။ယတြာ – အုန်းနို့ခေါက်ဆွဲ (သို့မဟုတ်)အုန်းဆွမ်း မကြာခဏ လှူဒါန်းပါ။

အင်္ဂါနေ့ဖွားသားသမီးတို့သည် ဤတစ်နှစ်လုံးလုပ်သမျှ ကိုင်သမျှ အဆင်ပြေနေလိမ့်မည်။ကာယကံရှင်ကိုယ်တိုင် ပျင်းရိနေ တတ်သည်။အိုးအိမ်နေရာပြောင်း ရွေ့ခြင်း၊အလုပ် နေရာပြောင်း ရွေ့ခြင်းများကြုံတွေ့ရမည်။လက် အောက် ငယ်သား များနှင့် ပတ်သက်၍ ကတိစကားလွန် သွားတတ်သည်။ ရပ်ဝေးခရီး သွား ရမည်။ အပျို၊လူပျိုများ တရားဝင်မင်္ဂလာဆောင်ရလိမ့်မည်။ ဤတစ်နှစ်လုံးတွင်အာမခံမရဲပါနှင့်ဖခင်နှင့်ပတ်သက်၍စိတ်ညစ်စရာ ကြုံရမည်။အကြီးအကဲများနှင့်ပတ်သက်ပြီး အာမခံ မရဲသင့်ပါ။ ပညာရေးထူးချွန်မည်။ ဘွဲ့ထူး၊ဂုဏ်ထူးများ ရမည့်နှစ်ဖြစ်သည်။ ခရီးသွားလာရာတွင် အထူးဂရုစိုက်ပြီးမှသွားပါ။ ကဆုန် လနှင့် နတ်တော်လများတွင် အကြောင်းတရားမရှိဘဲ စိတ်ဆင်းရဲစရာ ကိစ္စရပ်များ ကြုံရလိမ့်မည်။ ဤနှစ်တွင် အချောင်ရသော ပိုက်ဆံငွေကြေး၊ တံစို့ လက်ဆောင်များကို သတိထားပြီးမှလက်ခံပါ။ အမဲသားလုံးဝ မစားပါနှင့်။ ယတြာ ’အနံ့မွှေးသောပန်းမျိုးစုံမွေးနေ့တိုင်း ဘုရားရှင်အားလှူဒါန်းပါ။

ဗုဒ္ဓဟူးနေ့ဖွားသားသမီးတို့သည်ဉာဏ်ရွှင်နေလိမ့်မည်။ စကားပြောရာ တွင် ဂရုတစ်စိုက်ပြောဆိုပါ။ ပိုင်ဆိုင်မှုများတိုးတက်လာလိမ့်မည်။ အပျို၊လူပျိုများ တရားဝင် မင်္ဂလာဆောင်ရလိမ့်မည်။ ခိုးယူ ပေါင်းသင်းခြင်းကိစ္စရပ်များကို လုံးဝမပြု လုပ်သင့်ပါ။ ကောင်း သော ခရီး၊ မြတ်သောခရီးများ သွားရမည်။ ကျန်းမာရေး တစ်နှစ် လုံးကောင်းနေလိမ့်မည်။ မိုးတွင်းကာလ အအေးမမိစေရန် ဂရုစိုက်ပါ။ ကိုယ်ပိုင်မြေကွက်များ ဝယ်ယူရန်ကောင်းသည်။အိုးအိမ် မြေနေရာသစ်များ ဝယ်ယူရခြင်း၊ပိုင်ဆိုင်ရခြင်းများကြုံရမည်။ မိခင်ကျန်းမာရေး အနည်းငယ် ချူချာတတ်သည်။ အတူနေ၊ အတွင်းနေသူများ၏ စိတ်ဒုက္ခ၊လူမှုဒုက္ခပေးမှုကို ခံရမည်။ စီးပွားရေးလုပ်ငန်းများတွင် စွန့်စား၍ ရင်းနှီးမြှုပ်နှံမှုများ လုံးဝမပြုလုပ်သင့်ပါ။ ပြုလုပ်ခဲ့လျှင်လည်း ဆုံးရှုံးမည်။ယတြာ- အုန်းသီးပေါင်မုန့်(၆)ခုမွေးနေ့တိုင်းဆွမ်းလောင်းပါ။

ကြာသပတေးနေ့ဖွားသားသမီးတို့သည်ဤတစ်နှစ်လုံး ပညာရေး ထူးချွန်မည်။ကောင်းသတင်းကျော်ဇောလိမ့်မည်။ နှစ်လယ်ပိုင်းတွင် ရည်ရွယ်ချက်ပျောက်၊ လမ်းပျောက်မှုများ ဖြစ်ပွားမည်။

မည်သည့် ကိစ္စကိုမှ အလောတစ်ကြီး မဆုံးဖြတ်သင့်ပါ။ စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းအသစ်များကိုသာ ဇောက်ချ လုပ်ကိုင်ပါ။ မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်တတ်သော မိတ်ဆွေအသစ်များတွေ့မည်။ ဤနှစ်တွင် စပ်တူ ရှယ်ယာလုပ်ငန်းများ လုံးဝမလုပ်သင့်ပါ။ ခရီးသွား စရာ ရှိလျှင်လည်း အပေါင်းအဖော်များနှင့်မသွားသင့်ပါ။

တစ်ကိုယ်တည်းသွားသင့်သည်။ ပျော်ပါးရသောကိစ္စများ လုံးဝ မလုပ်သင့်ပါ။အပေါင်းအသင်းမိတ်ဆွေများကလည်း မိမိ၏ကောင်းသတင်းကို ဖျက်ဆီးတတ်သည်။ ဤနှစ်တွင် နာမည်တစ်ဟုန်တိုးတိုးတက်မှုကိုဂရုစိုက်ပါ။ ဥပဒေနှင့်ငြိစွန်းသော မည်သည့်ကိစ္စရပ်ကိုမျှ မပြုလုပ်သင့်ပါ။ ယတြာ – ခရီးသွားမည့်ပုဂ္ဂိုလ်များအား လမ်းစရိတ်မကြာခဏလှူဒါန်းပါ။

သောကြာနေ့ဖွားသားသမီးတို့သည်ဤနှစ်တွင် တစ်နှစ်လုံးတွင်မည်သည့် ကိစ္စလုပ်လုပ် ထပ်ကာထပ်ကာ ပြုလုပ်ရမည့်နှစ်ဖြစ်သည်။ လူမှုရေးပြဿနာများကိုတတ်နိုင်သမျှရှောင်ရှားပါ။ အောက်လက် ငယ်သားများနှင့် ပတ်သက်ပြီး . အာမခံရမည့်အလုပ်များ မပြုလုပ်သင့်ပါ။ မလွတ်လပ်သူ အမျိုးသား အမျိုးသမီးများ၏ လမ်းဖွင့်ပေးခြင်းကို ကြုံတွေ့ရမည်ဖြစ်၍ ဂရုစိုက်၍ ရှောင်ရှားပါ။ ပညာရေးတွင်လည်းတိုးလိုတန်းလန်း ဖြစ်တတ်သည်။ အပျို၊လူပျိုများ တရားမဝင်ငြိစွန်းတတ်သဖြင့် အထူးဂရုစိုက်၍ နေထိုင်ပါ။ အမျိုးသမီးများသွေးသားနှင့်ပတ်သက်သောရောဂါများ ဖြစ်မည်။ လူမျိုးခြားများနှင့်ပတ်သက်ပြီး အာမခံမရဲသင့်ပါ။ နတ်တော်လနောက်ပိုင်းတွင် ကောင်းသတင်းများ ကျော်ဇောပြီး ဝင်ငွေတိုးတက်ရရှိလိမ့်မည်။ ဩဇာအာဏာ တိုးပွားလိမ့်မည်။ ယတြာ’မွေးနေ့တိုင်းသံဃာတော်များကိုနို့ထမင်းလှူပါ။

စနေနေ့ဖွား သားသမီးတို့သည်တစ်နှစ်လုံးအလုပ်ဖိစီးမှုဒဏ် ခံရ မည်။ ကျက်စာကို စိတ်မဝင်စားဘဲ တွက်စာကို လုပ်နေရင်း အချိန်ကုန်နေလိမ့်မည်။ ဝင်သမျှငွေမမြဲဘဲ အကြွေးတင်နေမည်။ ဝင်ငွေ၊ထွက်ငွေ မမျှမတဖြစ်လိမ့်မည်။ ဝါခေါင်လဆန်းပိုင်းမှစပြီး အညံ့များပြေပျောက်၍ အကောင်းဘက်သို့ဦးတည်လာလိမ့်မည်။ ကောင်းသတင်း ကျော်ဇောလိမ့်မည်။

သြဇာအာဏာတိုးတက်မည်။ မရနိုင် မဖြစ်၊နိုင်သော ကိစ္စရပ်များကို ဇွတ်ဖန်တီး၍ မယူပါနှင့်၊ ပြာသို၊တပို့တွဲလများတွင်စစ်ဆေးမေးမြန်း ခံရတတ်သည်။ နိုင်ငံရေးနှင့်ပတ်သက်ပြီး ပါးစပ် စည်းကမ်း ရှိသင့်ပါသည်။ ယတြာ – မကောင်းကျိုးပျောက် ကောင်းကျိုးရောက်စေရန် ရှောက်လုံးယိုမကြာခဏ စားသောက်လှူဒါန်းပေးပါ။

credirt

ေဇယ်တုသဗၺမဂၤလံ။ တနဂၤေႏြၿဂိဳဟ္မင္းသည္ တေပါင္း ျဖစ္ေသာ မိန္ရာသီ ေရဝတီနကၡတ္ စတုတၳပါဒ္ အဝႆန္နဝင္းမွသည္ တန္ခူးျဖစ္ေသာ မိႆရာသီ အႆဝနီနကၡတ္ပထမပါဒ္အာဒိအဂၤါနဝင္းထက္သို႔တြက္စစ္ေကာဇာႏွစ္သခ်ၤာကားျမန္မာ သကၠရာဇ္၁၃၈၄-ခုႏွစ္၊ေႏွာင္းတန္ခူးလျပည့္ေက်ာ္(၁၀)ရက္၊ခရစ္ႏွစ္၂၀၂၃-ခုႏွစ္၊ ဧၿပီလ(၁၄)ရက္၊ေသာၾကာေန႔ျမန္မာစံေတာ္ခ်ိန္ညေန႔စက္(၆)နာရီ၊ (၁၂)မိနစ္(၈) စကၠန႔္အခ်ိန္ ကန္ရာသီ လဂ္၊ မကာရရာသီ စန္း၊ တနဂၤေႏြေဟာရတ္၊ ေသာၾကာ ၾတင္း၊ ဗုဒၶဟူးနဝင္း၊ တနဂၤေႏြ ဒြါဒသင္း၊အဂၤါတိသင္း၊ လဂ္စီနကၡတ္ (၆)လုံး အျဒနကၡတ္ တတိယပါဒ္၊(၁၁)ဃဋီ၊(၁ဝ)ဝိဃဋီထက္လဂ္စီးၿပီး၊ေကာလဝက႐ိုဏ္းႏွင့္ယွဥ္လ်က္ တနဂၤေႏြၿဂိဳဟ္မင္းသည္ ခ႐ူသင္းအဆင္းႏွင့္တူေသာ အဝတ္တန္ဆာကိုဝတ္လ်က္ ႏြားလာဥႆဘကိုစီး၍လက္တစ္ဖက္ကားပုဆိန္၊လက္တစ္ဖက္ကားတံစဥ္းကိုကိုင္လ်က္ အေရွ႕ေတာင္ေထာင့္ကသည္အေနာက္သို႔ဝင္၏၊

ေျပာကၠာေဒဝီနတ္သမီးကားအလွည့္ေစ့၍ ပရမီသြာနတ္မင္း၏သားအာသီအမည္ရွိေသာျဗဟၼာမင္း၏ဦးေခါင္းကိုကမ္းသည္ရွိေသာ္ ရႆကာေဒဝီနတ္သမီးကားေဆာင့္ေၾကာင့္ထိုင္၍လွမ္းလင့္၏၊နႏၵာေဒဝီနတ္သမီးကား အျဖဴ၊ အနီ၊ အစိမ္း၊ အျပာ၊အဂၤါအားျဖင့္ငါးပါးေသာအဆင္းျဖင့္ၿပီးေသာအဝတ္တန္ဆာကို ဝတ္ဆင္လ်က္ သၾကၤန္မင္းကိုေစာင့္လင့္၏။ ထိုေၾကာင့္ဤႏွစ္တြင္

(၇)ရက္သားသမီး တစ္ႏွစ္စာ ေဟာစာတမ္း

တနဂၤေႏြေန႔ဖြား သားသမီးတို႔ သည္ ဤႏွစ္တြင္ စည္းကမ္းကို အေလးအနက္ ထားကာမွ ေအာင္ျမင္မည့္ႏွစ္ျဖစ္သည္။ မိတ္ေဆြအေပါင္း အသင္း အသစ္မ်ား၊ လုပ္ငန္းအသစ္မ်ား၊ ထူေထာင္လုပ္ကိုင္ရမည္။ အပ်ိဳ၊လူပ်ိဳမ်ား ႀကံစည္ ရည္႐ြယ္ ထားေသာ အခ်စ္ေရး၊ အိမ္ေထာင္ေရး ကိစၥရပ္မ်ား ပ်က္တတ္ သည္။ မလြတ္လပ္သူ မ်ား မုဆိုးဖို-မ မ်ားႏွင့္ ႀကဳံေတြ႕ ရမည္။ အမ်ိဳးသား၊ အမ်ိဳးသမီး ႀကီးငယ္မ်ားကလည္း လာေရာက္ ပတ္သက္တတ္သည္၊ သတိထားပါ။ ပိုင္ဆိုင္ ရရွိ ေနေသာ ဝင္ေငြမ်ားကို စည္းကမ္းမဲ့ မသုံးစြဲသင့္ပါ။ မေ႐ြ႕ေျပာင္းႏိုင္ေသာ အိုးအိမ္၊ေျမယာအသစ္မ်ား ဝယ္ယူပိုင္ ဆိုင္ရမည္။ ဥပေဒႏွင့္ မလြတ္ကင္းေသာ လုပ္ငန္းမ်ား လုံးဝမလုပ္သင့္ပါ။ စည္းကမ္း ႏွင့္ညီၫြတ္ေသာ ကုမၸဏီ လုပ္ငန္းသစ္မ်ား လုပ္ငန္းတိုးခ်ဲ႕ျခင္းမ်ား ျပဳလုပ္ရမည္။ ပညာေရးထူး ခြၽန္ ထက္ျမက္မည္။ အတြင္းေနအတူေန ပုဂၢိဳလ္မ်ား၏ သစၥာ ေဖာက္ခံရလိမ့္မည္။ က်န္းမာေရး ေကာင္းပါသည္။ အဆုတ္အေအးမမိေစရန္ ဂ႐ုစိုက္ပါ။ယၾတာ – ေမြးေန႔တိုင္း ေပါင္မုန႔္၅လုံး ဆြမ္းေတာ္ကပ္ပါ။

တနလၤာေန႔ဖြားသားသမီးတို႔သည္တစ္ႏွစ္လုံး မည္သည့္လုပ္ငန္းလုပ္လုပ္ မဝံ့မရဲလုပ္ကိုင္ေနရမည္၊ ႐ိုးသား ပြင့္လင္းသေလာက္ပတ္ဝန္းက်င္၏ အသုံးခ်ခံ ရမည္။ အိမ္ေထာင္ေရးမွာလည္းမၾကာခဏ စိတ္အေႏွာင့္ အယွက္ ႀကဳံရမည္။ လမ္းေပၚတြင္ အခ်ိန္ကုန္ေနမည္။ ႏိုင္ငံရပ္ျခားတြင္ သြားေရာက္တာဝန္ ထမ္းေဆာင္ျခင္း၊ ႏိုင္ငံျခား ကုမၸဏီမ်ားတြင္ အလုပ္လုပ္ကိုင္ျခင္းမ်ား အက်ိဳးေပးမည္။ အတိုက္အခိုက္ မ်ားစြာျဖင့္ ယွဥ္ၿပိဳင္ ရင္ဆိုင္၍ အႏိုင္ရမည့္ ႏွစ္ျဖစ္သည္။ ရွာေဖြထားေသာ ဥစၥာပစၥည္းမ်ားကို ဂ႐ုတစိုက္ ထိန္းသိမ္းပါ။ အခိုးခံရတတ္သည္။ေက်ာင္းသား ေက်ာင္းသူမ်ား ပညာေရး အနည္းငယ္ညံ့သည္။ အေတြးအေခၚအယူအဆ အႀကံဉာဏ္ သစ္မ်ား ရရွိမည့္ ႏွစ္ျဖစ္သည္။ စီးပြားေရးလုပ္ငန္း၊ ဒီ အိုးအိမ္ သစ္ ဝယ္ယူထူေထာင္ျခင္းမ်ား အက်ိဳးရွိမည္။ အထက္စီးမွ မဆက္ဆံမိရန္ အထူးဂ႐ုစိုက္ပါ။ ကဆုန္လတန္ေဆာင္မုန္းလမ်ားတြင္ အစစအရာရာ ဂ႐ုစိုက္ေနထိုင္ပါ။ နယုန္လႏွင့္ နတ္ေတာ္လမ်ားတြင္ ထူးထူးျခားျခားေအာင္ျမင္မႈမ်ား ရမည္။ ဤတစ္ႏွစ္လုံးတြင္ မိခင္ႏွင့္ပတ္သက္၍လည္းေကာင္း၊ ေငြေၾကးသုံးစြဲရာတြင္လည္းေကာင္းအထူးဂ႐ုစိုက္လုပ္ေဆာင္ရန္ အေရးႀကီး၏။ယၾတာ – အုန္းႏို႔ေခါက္ဆြဲ (သို႔မဟုတ္)အုန္းဆြမ္း မၾကာခဏ လႉဒါန္းပါ။

အဂၤါေန႔ဖြားသားသမီးတို႔သည္ ဤတစ္ႏွစ္လုံးလုပ္သမွ် ကိုင္သမွ် အဆင္ေျပေနလိမ့္မည္။ကာယကံရွင္ကိုယ္တိုင္ ပ်င္းရိေန တတ္သည္။အိုးအိမ္ေနရာေျပာင္း ေ႐ြ႕ျခင္း၊အလုပ္ ေနရာေျပာင္း ေ႐ြ႕ျခင္းမ်ားႀကဳံေတြ႕ရမည္။လက္ ေအာက္ ငယ္သား မ်ားႏွင့္ ပတ္သက္၍ ကတိစကားလြန္ သြားတတ္သည္။ ရပ္ေဝးခရီး သြား ရမည္။ အပ်ိဳ၊လူပ်ိဳမ်ား တရားဝင္မဂၤလာေဆာင္ရလိမ့္မည္။ ဤတစ္ႏွစ္လုံးတြင္အာမခံမရဲပါႏွင့္ဖခင္ႏွင့္ပတ္သက္၍စိတ္ညစ္စရာ ႀကဳံရမည္။အႀကီးအကဲမ်ားႏွင့္ပတ္သက္ၿပီး အာမခံ မရဲသင့္ပါ။ ပညာေရးထူးခြၽန္မည္။ ဘြဲ႕ထူး၊ဂုဏ္ထူးမ်ား ရမည့္ႏွစ္ျဖစ္သည္။ ခရီးသြားလာရာတြင္ အထူးဂ႐ုစိုက္ၿပီးမွသြားပါ။ ကဆုန္ လႏွင့္ နတ္ေတာ္လမ်ားတြင္ အေၾကာင္းတရားမရွိဘဲ စိတ္ဆင္းရဲစရာ ကိစၥရပ္မ်ား ႀကဳံရလိမ့္မည္။ ဤႏွစ္တြင္ အေခ်ာင္ရေသာ ပိုက္ဆံေငြေၾကး၊ တံစို႔ လက္ေဆာင္မ်ားကို သတိထားၿပီးမွလက္ခံပါ။ အမဲသားလုံးဝ မစားပါႏွင့္။ ယၾတာ ’အနံ႔ေမႊးေသာပန္းမ်ိဳးစုံေမြးေန႔တိုင္း ဘုရားရွင္အားလႉဒါန္းပါ။

ဗုဒၶဟူးေန႔ဖြားသားသမီးတို႔သည္ဉာဏ္႐ႊင္ေနလိမ့္မည္။ စကားေျပာရာ တြင္ ဂ႐ုတစ္စိုက္ေျပာဆိုပါ။ ပိုင္ဆိုင္မႈမ်ားတိုးတက္လာလိမ့္မည္။ အပ်ိဳ၊လူပ်ိဳမ်ား တရားဝင္ မဂၤလာေဆာင္ရလိမ့္မည္။ ခိုးယူ ေပါင္းသင္းျခင္းကိစၥရပ္မ်ားကို လုံးဝမျပဳ လုပ္သင့္ပါ။ ေကာင္း ေသာ ခရီး၊ ျမတ္ေသာခရီးမ်ား သြားရမည္။ က်န္းမာေရး တစ္ႏွစ္ လုံးေကာင္းေနလိမ့္မည္။ မိုးတြင္းကာလ အေအးမမိေစရန္ ဂ႐ုစိုက္ပါ။ ကိုယ္ပိုင္ေျမကြက္မ်ား ဝယ္ယူရန္ေကာင္းသည္။အိုးအိမ္ ေျမေနရာသစ္မ်ား ဝယ္ယူရျခင္း၊ပိုင္ဆိုင္ရျခင္းမ်ားႀကဳံရမည္။ မိခင္က်န္းမာေရး အနည္းငယ္ ခ်ဴခ်ာတတ္သည္။ အတူေန၊ အတြင္းေနသူမ်ား၏ စိတ္ဒုကၡ၊လူမႈဒုကၡေပးမႈကို ခံရမည္။ စီးပြားေရးလုပ္ငန္းမ်ားတြင္ စြန႔္စား၍ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား လုံးဝမျပဳလုပ္သင့္ပါ။ ျပဳလုပ္ခဲ့လွ်င္လည္း ဆုံးရႈံးမည္။ယၾတာ- အုန္းသီးေပါင္မုန႔္(၆)ခုေမြးေန႔တိုင္းဆြမ္းေလာင္းပါ။

ၾကာသပေတးေန႔ဖြားသားသမီးတို႔သည္ဤတစ္ႏွစ္လုံး ပညာေရး ထူးခြၽန္မည္။ေကာင္းသတင္းေက်ာ္ေဇာလိမ့္မည္။ ႏွစ္လယ္ပိုင္းတြင္ ရည္႐ြယ္ခ်က္ေပ်ာက္၊ လမ္းေပ်ာက္မႈမ်ား ျဖစ္ပြားမည္။

မည္သည့္ ကိစၥကိုမွ အေလာတစ္ႀကီး မဆုံးျဖတ္သင့္ပါ။ စိတ္ဝင္စားသည့္ စီးပြားေရးလုပ္ငန္းအသစ္မ်ားကိုသာ ေဇာက္ခ် လုပ္ကိုင္ပါ။ မွန္မွန္ကန္ကန္ေျဖာင့္ေျဖာင့္တန္းတန္း လုပ္ကိုင္တတ္ေသာ မိတ္ေဆြအသစ္မ်ားေတြ႕မည္။ ဤႏွစ္တြင္ စပ္တူ ရွယ္ယာလုပ္ငန္းမ်ား လုံးဝမလုပ္သင့္ပါ။ ခရီးသြား စရာ ရွိလွ်င္လည္း အေပါင္းအေဖာ္မ်ားႏွင့္မသြားသင့္ပါ။

တစ္ကိုယ္တည္းသြားသင့္သည္။ ေပ်ာ္ပါးရေသာကိစၥမ်ား လုံးဝ မလုပ္သင့္ပါ။အေပါင္းအသင္းမိတ္ေဆြမ်ားကလည္း မိမိ၏ေကာင္းသတင္းကို ဖ်က္ဆီးတတ္သည္။ ဤႏွစ္တြင္ နာမည္တစ္ဟုန္တိုးတိုးတက္မႈကိုဂ႐ုစိုက္ပါ။ ဥပေဒႏွင့္ၿငိစြန္းေသာ မည္သည့္ကိစၥရပ္ကိုမွ် မျပဳလုပ္သင့္ပါ။ ယၾတာ – ခရီးသြားမည့္ပုဂၢိဳလ္မ်ားအား လမ္းစရိတ္မၾကာခဏလႉဒါန္းပါ။

ေသာၾကာေန႔ဖြားသားသမီးတို႔သည္ဤႏွစ္တြင္ တစ္ႏွစ္လုံးတြင္မည္သည့္ ကိစၥလုပ္လုပ္ ထပ္ကာထပ္ကာ ျပဳလုပ္ရမည့္ႏွစ္ျဖစ္သည္။ လူမႈေရးျပႆနာမ်ားကိုတတ္ႏိုင္သမွ်ေရွာင္ရွားပါ။ ေအာက္လက္ ငယ္သားမ်ားႏွင့္ ပတ္သက္ၿပီး . အာမခံရမည့္အလုပ္မ်ား မျပဳလုပ္သင့္ပါ။ မလြတ္လပ္သူ အမ်ိဳးသား အမ်ိဳးသမီးမ်ား၏ လမ္းဖြင့္ေပးျခင္းကို ႀကဳံေတြ႕ရမည္ျဖစ္၍ ဂ႐ုစိုက္၍ ေရွာင္ရွားပါ။ ပညာေရးတြင္လည္းတိုးလိုတန္းလန္း ျဖစ္တတ္သည္။ အပ်ိဳ၊လူပ်ိဳမ်ား တရားမဝင္ၿငိစြန္းတတ္သျဖင့္ အထူးဂ႐ုစိုက္၍ ေနထိုင္ပါ။ အမ်ိဳးသမီးမ်ားေသြးသားႏွင့္ပတ္သက္ေသာေရာဂါမ်ား ျဖစ္မည္။ လူမ်ိဳးျခားမ်ားႏွင့္ပတ္သက္ၿပီး အာမခံမရဲသင့္ပါ။ နတ္ေတာ္လေနာက္ပိုင္းတြင္ ေကာင္းသတင္းမ်ား ေက်ာ္ေဇာၿပီး ဝင္ေငြတိုးတက္ရရွိလိမ့္မည္။ ဩဇာအာဏာ တိုးပြားလိမ့္မည္။ ယၾတာ’ေမြးေန႔တိုင္းသံဃာေတာ္မ်ားကိုႏို႔ထမင္းလႉပါ။

စေနေန႔ဖြား သားသမီးတို႔သည္တစ္ႏွစ္လုံးအလုပ္ဖိစီးမႈဒဏ္ ခံရ မည္။ က်က္စာကို စိတ္မဝင္စားဘဲ တြက္စာကို လုပ္ေနရင္း အခ်ိန္ကုန္ေနလိမ့္မည္။ ဝင္သမွ်ေငြမၿမဲဘဲ အေႂကြးတင္ေနမည္။ ဝင္ေငြ၊ထြက္ေငြ မမွ်မတျဖစ္လိမ့္မည္။ ဝါေခါင္လဆန္းပိုင္းမွစၿပီး အညံ့မ်ားေျပေပ်ာက္၍ အေကာင္းဘက္သို႔ဦးတည္လာလိမ့္မည္။ ေကာင္းသတင္း ေက်ာ္ေဇာလိမ့္မည္။

ၾသဇာအာဏာတိုးတက္မည္။ မရႏိုင္ မျဖစ္၊ႏိုင္ေသာ ကိစၥရပ္မ်ားကို ဇြတ္ဖန္တီး၍ မယူပါႏွင့္၊ ျပာသို၊တပို႔တြဲလမ်ားတြင္စစ္ေဆးေမးျမန္း ခံရတတ္သည္။ ႏိုင္ငံေရးႏွင့္ပတ္သက္ၿပီး ပါးစပ္ စည္းကမ္း ရွိသင့္ပါသည္။ ယၾတာ – မေကာင္းက်ိဳးေပ်ာက္ ေကာင္းက်ိဳးေရာက္ေစရန္ ေရွာက္လုံးယိုမၾကာခဏ စားေသာက္လႉဒါန္းေပးပါ။

credirt