၎င်းတို့လိုချင်နေတဲ့ အထူးလက်ဆောင်လေးတစ်ခုဖြင့် တစ်စုံတစ်ဦးကို အံ့ဩသွားအောင်လုပ်ပေးခြင်းက အမြဲပျော်စရာကောင်းနေတတ်ပါတယ်။
အချို့သောလူများအတွက်မူ လက်ငင်းလက်ဆောင်ကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်းအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြပါသေးတယ်။
သံသယကင်းစွာဖြင့်၊ ၎င်းတို့အား အံ့အားသင့်စွာ မြင်တွေ့ရခြင်းက ကျွန်တော်တို့ ဝမ်းမြောက်ရုံသာမက ၎င်းတို့အား လက်ဆောင်ပေးခြင်းဖြင့်
ပျော်ရွှင်နေကြတာကို မြင်တွေ့ရသည့်အတွက်လည်း ကျွန်တော်တို့ ကျေနပ်နေကြရပါတယ်။ ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးကလည်း
သူမရဲ့ဖခင်ဖြစ်သူကို ငွေသားအုပ်ရေ အမြောက်အမြားဖြင့် အံ့အားသင့်စေခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့တူံ့ပြန်မှုကလည်း မမေ့နိုင်စရာပါဘဲ။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ 3 ရက်နေ့မှာ ဖခင်ဖြစ်သူကို အံ့အားသင့်စေခဲ့တဲ့ သမီးတစ်ယောက်အကြောင်း ကြည်နူးစရာ
ဗီဒီယိုဖိုင်ကို Thai TikToker @May_may30 အကောင့်၌ တင်ပေးခဲ့ပါတယ်။ အဆိုပါဗီဒီယိုဟာ တစ်ရက်အတွင်း Like တစ်သန်းကျော်ဖြင့် TikTok တွင်
လျင်မြန်စွာ ပျံ့နှံ့လာခဲ့ပြီး ဗီဒီယိုဖိုင်ရဲ့အစပိုင်းမှာ၊ ဖခင်ဖြစ်သူဟာ သူ့သမီးထံမှရရှိတဲ့ ‘ထီပေါက်ခြင်း’ ပါဆယ်ထုပ်ကို စိတ်လှုပ်ရှားစွာ ဖောက်ထုတ်နေခဲ့ပါတယ်။
ထို့နောက်မှာ ၎င်းသေးငယ်တဲ့ပါဆယ်ထုပ်အတွင်းမှ စာအိတ်တစ်အိတ်ကို တွေ့လိုက်ရတဲ့အခါ ဖခင်ဖြစ်သူဟာ အံ့အားသင့်သွားကာ ၎င်းစာအိတ်ထဲမှာ ဘာပါလဲဆိုတာကိုသိရဖို့ စိတ်လှုပ်ရှားသွားခဲ့ပါတယ်။
ပထမတစ်ချက်ကြည့်ရုံဖြင့်၊ ၎င်းပါဆယ်ထုပ်က သာမန်ပစ္စည်းမဟုတ်လောက်ဘူးဆိုတာ သေချာနေပါတယ်။ ထို့နောက် စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်ရင်း
စာအိတ်အတွင်းမှ ငွေသားအမြောက်အများ ရှိနေသည်ကို မြင်လိုက်ရတဲ့အခါမှာတော့ ဖခင်ဖြစ်သူဟာ စကားလုံးထစ်ထစ်ငေါ့ငေါ့နဲ့ ဝမ်းသာမျက်ရည်ကျသွားခဲ့ပါတယ်။
ထိုအချိန်မှာ သမီးဖြစ်သူကလည်း သူ့အား စေတနာသက်သက်ဖြင့် အထူးလက်ဆောင်တစ်ခုဖြင့် အံ့အားသင့်စေကြောင်း သူသဘောပေါက်သွားခဲ့ရပါတယ်။
၎င်းဗီဒီယိုဖိုင်အား အွန်လိုင်းပေါ်တင်ပြီးနောက်မှာ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူအများအပြားက အတူတူစိတ်လှုပ်ရှားကာ သဘောကျခဲ့ကြပြီး
၎င်းတို့ရဲ့မိဘများကိုလည်း ၎င်း TikToker ကဲ့သို့ အလားတူ စပရိုက်လုပ်ပေးဖို့ ကတိပြုကြိမ်းဝါးခဲ့ကြပါတယ်။ ချစ်ရတဲ့သမီးလေးကြောင့် ငွေသားအမြောက်အများနဲ့
အံ့အားသင့်ခဲ့ရတဲ့ ဖခင်ဖြစ်သူရဲ့ ဗီဒီယိုဟာ အင်တာနက်အသုံးပြုသူတွေသာမက လူအများအား ချစ်ရတဲ့သူတွေအတွက်ပါ ကောင်းမွန်တဲ့ အရာတစ်ခု ပြုလုပ်ဖို့
စိတ်အားထက်သန်စေခဲ့ပါတယ်။ ဒါ့ကြောင့် သူမရဲ့မိဘအပေါ်ထားတဲ့ စစ်မှန်တဲ့ စေတနာနဲ့ ကျေးဇူးတရားအတွက် အဆိုပါ TikToker ကို ဂုဏ်ပြုချီးကျူးမိပါတယ်ဗျာ ။
၎တို႔လိုခ်င္ေနတဲ့ အထူးလက္ေဆာင္ေလးတစ္ခုျဖင့္ တစ္စုံတစ္ဦးကို အံ့ဩသြားေအာင္လုပ္ေပးျခင္းက အၿမဲေပ်ာ္စရာေကာင္းေနတတ္ပါတယ္။
အခ်ိဳ႕ေသာလူမ်ားအတြက္မူ လက္ငင္းလက္ေဆာင္ကို ပထမဆုံးအႀကိမ္ လက္ခံရရွိျခင္းအေပၚ ျပင္းျပင္းထန္ထန္ တုံ႔ျပန္တတ္ၾကပါေသးတယ္။
သံသယကင္းစြာျဖင့္၊ ၎တို႔အား အံ့အားသင့္စြာ ျမင္ေတြ႕ရျခင္းက ကြၽန္ေတာ္တို႔ ဝမ္းေျမာက္႐ုံသာမက ၎တို႔အား လက္ေဆာင္ေပးျခင္းျဖင့္
ေပ်ာ္႐ႊင္ေနၾကတာကို ျမင္ေတြ႕ရသည့္အတြက္လည္း ကြၽန္ေတာ္တို႔ ေက်နပ္ေနၾကရပါတယ္။ ထိုင္းႏိုင္ငံက အမ်ိဳးသမီးတစ္ဦးကလည္း
သူမရဲ႕ဖခင္ျဖစ္သူကို ေငြသားအုပ္ေရ အေျမာက္အျမားျဖင့္ အံ့အားသင့္ေစခဲ့ပါတယ္။ ဖခင္ျဖစ္သူရဲ႕တူံ႔ျပန္မႈကလည္း မေမ့ႏိုင္စရာပါဘဲ။
၂၀၂၂ ခုႏွစ္ ေဖေဖၚဝါရီလ 3 ရက္ေန႔မွာ ဖခင္ျဖစ္သူကို အံ့အားသင့္ေစခဲ့တဲ့ သမီးတစ္ေယာက္အေၾကာင္း ၾကည္ႏူးစရာ
ဗီဒီယိုဖိုင္ကို Thai TikToker @May_may30 အေကာင့္၌ တင္ေပးခဲ့ပါတယ္။ အဆိုပါဗီဒီယိုဟာ တစ္ရက္အတြင္း Like တစ္သန္းေက်ာ္ျဖင့္ TikTok တြင္
လ်င္ျမန္စြာ ပ်ံ႕ႏွံ႔လာခဲ့ၿပီး ဗီဒီယိုဖိုင္ရဲ႕အစပိုင္းမွာ၊ ဖခင္ျဖစ္သူဟာ သူ႔သမီးထံမွရရွိတဲ့ ‘ထီေပါက္ျခင္း’ ပါဆယ္ထုပ္ကို စိတ္လႈပ္ရွားစြာ ေဖာက္ထုတ္ေနခဲ့ပါတယ္။
ထို႔ေနာက္မွာ ၎ေသးငယ္တဲ့ပါဆယ္ထုပ္အတြင္းမွ စာအိတ္တစ္အိတ္ကို ေတြ႕လိုက္ရတဲ့အခါ ဖခင္ျဖစ္သူဟာ အံ့အားသင့္သြားကာ ၎စာအိတ္ထဲမွာ ဘာပါလဲဆိုတာကိုသိရဖို႔ စိတ္လႈပ္ရွားသြားခဲ့ပါတယ္။
ပထမတစ္ခ်က္ၾကည့္႐ုံျဖင့္၊ ၎ပါဆယ္ထုပ္က သာမန္ပစၥည္းမဟုတ္ေလာက္ဘူးဆိုတာ ေသခ်ာေနပါတယ္။ ထို႔ေနာက္ စိတ္လႈပ္ရွားစြာ ဖြင့္ၾကည့္ရင္း
စာအိတ္အတြင္းမွ ေငြသားအေျမာက္အမ်ား ရွိေနသည္ကို ျမင္လိုက္ရတဲ့အခါမွာေတာ့ ဖခင္ျဖစ္သူဟာ စကားလုံးထစ္ထစ္ေငါ့ေငါ့နဲ႔ ဝမ္းသာမ်က္ရည္က်သြားခဲ့ပါတယ္။
ထိုအခ်ိန္မွာ သမီးျဖစ္သူကလည္း သူ႔အား ေစတနာသက္သက္ျဖင့္ အထူးလက္ေဆာင္တစ္ခုျဖင့္ အံ့အားသင့္ေစေၾကာင္း သူသေဘာေပါက္သြားခဲ့ရပါတယ္။
၎ဗီဒီယိုဖိုင္အား အြန္လိုင္းေပၚတင္ၿပီးေနာက္မွာ ဗီဒီယိုဖိုင္ကို ၾကည့္ရႈသူအမ်ားအျပားက အတူတူစိတ္လႈပ္ရွားကာ သေဘာက်ခဲ့ၾကၿပီး
၎တို႔ရဲ႕မိဘမ်ားကိုလည္း ၎ TikToker ကဲ့သို႔ အလားတူ စပ႐ိုက္လုပ္ေပးဖို႔ ကတိျပဳႀကိမ္းဝါးခဲ့ၾကပါတယ္။ ခ်စ္ရတဲ့သမီးေလးေၾကာင့္ ေငြသားအေျမာက္အမ်ားနဲ႔
အံ့အားသင့္ခဲ့ရတဲ့ ဖခင္ျဖစ္သူရဲ႕ ဗီဒီယိုဟာ အင္တာနက္အသုံးျပဳသူေတြသာမက လူအမ်ားအား ခ်စ္ရတဲ့သူေတြအတြက္ပါ ေကာင္းမြန္တဲ့ အရာတစ္ခု ျပဳလုပ္ဖို႔
စိတ္အားထက္သန္ေစခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူမရဲ႕မိဘအေပၚထားတဲ့ စစ္မွန္တဲ့ ေစတနာနဲ႔ ေက်းဇူးတရားအတြက္ အဆိုပါ TikToker ကို ဂုဏ္ျပဳခ်ီးက်ဴးမိပါတယ္ဗ်ာ ။