ကမ္ဘာ့အကြီးဆုံး နာရီစင် မြန်မာပြည်မှာ ရှိနေတာကိုအခုမှပဲသိတော့တယ်ဗျာ…

လှတောသားတစ်ယောက် ဈေးဝယ်ဖို့ဝက်လက်မြို့ရောက်တော့ ဈေးထိပ်နာရီစင်ကြည့်မိသတဲ့။

သူကြည့်တဲ့အချိန်မှာ နာရီစင်ရဲ့အနောက်ဖက်နာရီက ၉:၀၀ နာရီထိုးနေသတဲ့။

ဒါနဲ့ နာရီစင်ကိုလက်ယာရစ်ပတ်ပြီး မြောက်ဖက်ကနာရီကြည့်တော့ ၁၂:၀၀ နာရီပြနေသတဲ့။

နာရီစင်ကိုလက်ယာရစ်ဆက်ပတ်ပြီး အရှေ့ဖက်ကနာရီကို ကြည့်လိုက်တော့ ၃:၀၀ နာရီပြနေသတဲ့။

နာရီစင်ကိုဆက်ပတ်ပြီး တောင်ဖက်ကနာရီကိုကြည့်လိုက်ပြန်တော့ ၆:၀၀ နာရီထိုးနေပြီတဲ့။

ဒါနဲ့ ဈေးထဲဝင်ဈေးမဝယ်တော့ပဲ လှတောပြန်သွားသတဲ့။

အိမ်ရောက်တော့ သူ့မိသားစုကိုပြန်ပြောလိုက်တာက-

“ဝက်လက်ဈေးထိပ်က နာရီစင်ကြီး ကြီးချက်ကတော့ကွာ မနက် ၀၉:၀၀ နာရီကပတ်ကြည့်လိုက်တာ ညနေ ၀၆:၀၀ နာရီထိုးမှ တစ်ပတ်ပြည့်သတဲ့”

Credit:







