တစ္ခါတုန္းက ခဏခဏစကားမ်ားတတ္ၾကတဲ့ လင္မယားႏွစ္ေယာက္ရွိတယ္။ ဒါေပမယ့္စကားမ်ားတဲ့အေခါက္တိုင္း ေယာက်္ားျဖစ္သူက အေလၽွာ့ေပးတတ္ တယ္။ . တစ္ခါမွာတာ့ အမ်ိဳးသမီးက သူ႔ေယာက်္ားကို ထူးဆန္းလို႔ေမးလာမိတယ္။
“ေယာက်ၤားေရ.. ရန္ျဖစ္တိုင္း ရွင္ဘာလို႔ ကၽြန္မကို အေလၽွာ့ေပးတာလဲ။ တစ္ခါတစ္ေလက် ကၽြန္မဘက္က မွားတာလည္းရွိတယ္ေလ” . သူ႔ေယာက်ၤားဒီလို ျပန္ေျဖတယ္။
“မင္းက ကိုယ့္မိန္းမ ေလကြ။ဘာပဲေျပာေျပာ ေရွ ့ဘဝက ေရစက္ၾကဳံလို႔ ဒီဘဝမွာ လင္မယားလာျဖစ္ၾကတာ။ ကိုယ္ေျပာတာ နိုင္သြားေတာ့ေရာ ဘာထူးမွာလဲ။ စကားနိုင္ေပမယ့္ ခ်စ္ျခင္းေမတၱာရႈံးသြားမွာေလ။ ဒီဟာေတာ့ ကိုယ္ အရႈံးမခံနိုင္ဘူး။
တစ္ေယာက္ကဆူလိုက္ တစ္ေယာက္က ရယ္လိုက္။ တစ္ေယာက္က စိတ္တိုလိုက္ တစ္ေယာက္ေခ်ာ့လိုက္။ တကယ္လို႔ လူတစ္ေယာက္က အျမဲတမ္း အရႈံးေပးေနရတယ္ဆို သူ စကားေျပာမကၽြမ္းက်င္လို႔မဟုတ္ဘူး။
တစ္ဖက္သားကို အနာက်င္ဆုံးျဖစ္ေစမဲ့စကားမ်ိဳး ေျပာမထြက္ရက္လို႔ေပါ့။ တစ္ေယာက္ေယာက္ေတာ့ အရႈံးေပးမွ ႏွစ္ယာက္လုံး ေပ်ာ္ရႊင္နိုင္မွာေလ။ စကားနိုင္သြားေပမဲ့ ခ်စ္ျခင္းေမတၱာကိုေတာ့ ဆုံးရႈံးသြားရလိမ့္မယ္ ဒီအရာကိုေတာ့ ငါတို႔ အရႈံးမခံနိုင္ပါဘူး” .. တဲ့။
ေငြတာရီ
တစ်ခါတုန်းက ခဏခဏစကားများတတ်ကြတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ဒါပေမယ့်စကားများတဲ့အခေါက်တိုင်း ယောကျ်ားဖြစ်သူက အလျှော့ပေးတတ် တယ်။ . တစ်ခါမှာတာ့ အမျိုးသမီးက သူ့ယောကျ်ားကို ထူးဆန်းလို့မေးလာမိတယ်။
“ယောင်္ကျားရေ.. ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကို အလျှော့ပေးတာလဲ။ တစ်ခါတစ်လေကျ ကျွန်မဘက်က မှားတာလည်းရှိတယ်လေ” . သူ့ယောင်္ကျားဒီလို ပြန်ဖြေတယ်။
“မင်းက ကိုယ့်မိန်းမ လေကွ။ဘာပဲပြောပြော ရှေ့ဘဝက ရေစက်ကြုံလို့ ဒီဘဝမှာ လင်မယားလာဖြစ်ကြတာ။ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ စကားနိုင်ပေမယ့် ချစ်ခြင်းမေတ္တာရှုံးသွားမှာလေ။ ဒီဟာတော့ ကိုယ် အရှုံးမခံနိုင်ဘူး။
တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက်။ တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက်။ တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး။
တစ်ဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့။ တစ်ယောက်ယောက်တော့ အရှုံးပေးမှ နှစ်ယာက်လုံး ပျော်ရွှင်နိုင်မှာလေ။ စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ် ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး” .. တဲ့။
ငွေတာရီ