မတ်လ(၁၅)ရက် ဗုဒ္ဓဟူးနေ့ ယနေ့ ပြင်ပစျေးကွက်တွင်းရှိစက်သုံးဆီစျေးနှုန်းများ၊ဒေါ်လာငွေလဲလှယ်နှုန်းများနှင့်ကမ္ဘာ့ရွှေစျေး၊ပြည်တွင်းရွှေစျေးနှုန်းများ…..

မတ်လ(၁၅)ရက် ယနေ့ပြင်ပစျေးကွက်တွင်းရှိ စျေးနှုန်းများ

၂၀၂၃ခုနှစ် မတ်လ(၁၅)ရက် ဗုဒ္ဓဟူးနေ့ ယနေ့ ပြင်ပစျေးကွက်တွင်းရှိစက်သုံးဆီစျေးနှုန်းများ၊ဒေါ်လာငွေလဲလှယ်နှုန်းများနှင့်ကမ္ဘာ့ရွှေစျေး၊ပြည်တွင်းရွှေစျေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy 2858 ကျပ်၊ Sell – 2868ကျပ်

စင်ကာပူဒေါ်လာ -buy 2130 ကျပ်၊ Sell -2145 ကျပ်

ဂျပန်ယန်း – buy 21.75 ကျပ်၊ Sell 22.25 ကျပ်

ယူရို – buy 3020 ကျပ်၊ Sell 3045 ကျပ်

ထိုင်းဘတ်ငွေ – buy 82.80 ကျပ်၊ Sell 83.50 ကျပ်

တရုတ်ယွမ် -buy 410 ကျပ်၊ Sell 417 ကျပ်

မလေးရှားရင်ဂစ် -buy 640 ကျပ်၊Sell 650 ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။

ယနေ့စက်သုံးဆီစျေးနှုန်းများအနေဖြင့်ရန်ကုန် ၉၂ တစ်လီတာ ၂၁၃၀ ကျပ်၊၉၅တစ်လီတာ ၂၂၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၄၀ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၂၀ ကျပ်ဖြစ်ပြီး နေပြည်တော် ၉၂ တစ်လီတာ ၂၁၈၀ ကျပ်၊၉၅ တစ်လီတာ ၂၂၆၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၈၅ ကျပ်၊

ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၆၅ကျပ်နှင့်မန္တလေး ၉၂ တစ်လီတာ ၂၁၈၀ ကျပ်၊၉၅ တစ်လီတာ ၂၂၆၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၈၅ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၆၅ ကျပ်ဖြစ်ပြီး ယနေ့စက်သုံးဆီစျေး ၅၀ကျပ်ဝန်ကျင်ပြန်လည်ကျဆင်းလာကြောင်းသိရှိရပါသည်။

ယနေ့ ကမ္ဘာ့ရွှေစျေး မှာတစ်အောင်စလျှင် 1904 US ဒေါ်လာဖြင့်စျေးစဖွင့်ပြီး မတ်လ(14)ရက်နေ့ညနေပိုင်းတွင်တစ်အောင်စလျှင် 1912 US ဒေါ်လာဖြင့်စျေးပိတ်သွားပြီး ကမ္ဘာ့ရွှေစျေး မြင့်တက်သွားကြောင်းသိရှိရပါသည်။ YGEA အသင်းမှထုတ်ပြန်သည့်ရည်ညွှန်စျေးမနက်(၁၀:၀၀)နာရီအချိန်တွင်အခေါက်ရွှေတစ်ကျပ်သား ၂၂၄၃၁၀၀/- ကျပ်ဖြင့်စျေးဖွင့်ပြီး

ယနေ့ ပြင်ပစျေးကွက်အတွင်းရှိ ပြည်တွင်းရွှေစျေးနှုန်းများမှာ မနက်(၉::၃၀)နာရီအချိန်တွင်တစ်ကျပ်သားလျှင်အခေါက်ရွှေ ရောင်းစျေး -၂၈၈၀၀၀၀/-ကျပ်၊ ဝယ်စျေး ၂၈၇၅၀၀၀/- ကျပ်နှင့်၁၅ပဲရည် ရွှေစျေး ၂၆၈၀၀၀၀/-ကျပ်ဖြင့်စျေးဖွင့်ကြောင်းသိရှိရပါသည်။

မတ်လ (၁၄)ရက်နေ့ညနေပိုင်းစျေးအပိတ်တွင်အခေါက်ရွှေတစ်ကျပ်သားလျှင်ရောင်းစျေး ၂၈၉၀၀၀၀/- ကျပ်၊ဝယ်စျေး ၂၈၈၅၀၀၀၀/- ကျပ်ဖြစ်ပြီးအတက်စျေးဖြင့်စျေးပိတ်ပြီးအမေရိကန် တစ်ဒေါ်လာ sell 2875 ကျပ်၊ buy 2860 ကျပ်ဖြင့်စျေးကွက်ပိတ်သွားပါသည်။

အထက်ပါဖော်ပြထားသောစျေးနှုန်းများမှာကြားသိရှိရသမျှ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။ အရောင်းအဝယ်မလုပ်ပါ။အချိန်နှင့်အမျှ စျေးနှုန်းပြောင်းလဲနိုင်ပါသည်။














