မိေက်ာင္းေတြ ေမြးထားတဲ့ ကန္အတြင္း ခုန္ခ်ၿပီး ကန္ေဘာင္ေပၚျပန္ေရာက္ေအာင္ တက္ႏိုင္ခဲ့ရင္ ေဒၚလာ(၂)သန္း ေပးမယ္လို႔ သူေဌးႀကီးက ေၾကျငာလိုက္ေသာအခါ
ေဒၚလာဘီလီယံေပါင္းမ်ားစြာ ခ်မ္းသာတဲ့ သူေဌးႀကီးတစ္ေယာက္ဟာ သူဝါသနာပါလို႔ ေမြးျမဴထားတဲ့ မိေခ်ာင္းေတြထားတဲ့ ကန္အလယ္ကအေဆာက္အဦးေပၚမွာ သူ႔ရဲ႕ ေမြးေန႔ပါတီပြဲ က်င္းပေနပါတယ္။
လူေတြက သူေမြးထားတဲ့ မိေခ်ာင္းေတြကိုအေဆာက္အဦးေပၚကေန တအံ့တဩ အထိတ္တလန႔္နဲ႔ ၾကည့္ေနၾကတာေပါ့။အဲဒီအခ်ိန္မွာ သူေဌးက အစီအစဥ္တခုကို ႐ုတ္တရက္ ေၾကျငာလိုက္ပါတယ္။
“မိတ္ေဆြမ်ား ခင္ဗ်ား ယခု ေရာက္ရွိေနတဲ့ ေနရာကေန ကန္ထဲကို ခုန္ခ်ၿပီး ကန္ေဘာင္ေပၚကိုေရာက္ေအာင္ သြားႏိုင္တဲ့သူကို ဆုအျဖစ္ ေဒၚလာႏွစ္သန္း ေပးမွာ ျဖစ္ပီး
ကန္ေဘာင္ကို ေရာက္ေအာင္ မသြားႏိုင္ပဲ မိေခ်ာင္း အကိုက္ခံရလို႔ အသက္ဆုံးရႉံးသြားမယ္ဆိုရင္ေတာ့ က်န္ရစ္တဲ့ မိသားစုကို ေထာက္ပံ့ေၾကးအျဖစ္ ေဒၚလာတသန္း ေပးအပ္မွာ ျဖစ္ပါတယ္။
စိတ္ဝင္စားသူမ်ား အစီအစဥ္မွာ ပါဝင္ စြန႔္စားႏိုင္ၾကပါတယ္ ခင္ဗ်ား..သူေဌးရဲ႕ စကားအဆုံးမွာပဲ လူတေယာက္ဟာ ေရထဲကို ဝုန္း ကနဲ ခုန္ခ်ၿပီး ကန္ေဘာင္ကို ေရာက္ဖို႔ အသဲအသန္ ကူးခတ္ေနပါတယ္ကံအားေလ်ာ္စြာပဲ အဲဒီလူဟာ ကန္ေဘာင္ေပၚကိုတက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
အခမ္းအနား တက္ေရာက္လာသူေတြက သူ႔ရဲ႕ ရဲရင့္စြာ စြန႔္စားတဲ့ သတၱိကို ခ်ီးက်ဴး ဂုဏ္ျပဳဩဘာေပးေနၾကသလို သူေဌးကလဲ သူ႔ကတိအတိုင္း ေဒၚလာ ႏွစ္သန္းတန္ ခ်က္လက္မွတ္ ေရးပီး ဂုဏ္ျပဳလိုက္ပါတယ္။
အဲဒီလူဟာ ေဒၚလာႏွစ္သန္းတန္ ခ်က္ လက္မွတ္ကို ကတုန္ကယင္ ကိုင္ထားပီး ပရိတ္သတ္ဖက္ကိုၾကည့္ကာ အသံတုန္ႀကီးနဲ႔ ေမးလိုက္ပါတယ္။“… က်ေနာ့္ကို အေနာက္က တြန္းခ်လိုက္တာ ဘယ္သူလဲ …”
အဲဒီအခါ သူ႔လက္ထဲက ခ်က္လက္မွတ္ကို လာယူပီးေတာ့ ဆလင္းဘတ္အိပ္ထဲ ထည့္ရင္းအမ်ိဳးသမီးတေယာက္က ေျပာလိုက္ပါတယ္။ရွင့္ကို တြန္းခ်လိုက္တာ က်မ ပါ။အဲဒီ အမ်ိဳးသမီးဟာ အဲဒီလူရဲ႕မိန္းမပဲျဖစ္ပါတယ္။
အဲဒီျဖစ္စဥ္ကို ျမင္ေတြ႕လိုက္ရတဲ့ ပရိတ္သတ္ေတြကေတာ့ …ေအာင္ျမင္တဲ့ ေယာက္်ား တေယာက္ရဲ႕ေနာက္ကြယ္မွာ တြန္းအားေပးႏိုင္တဲ့ မိန္းမ တေယာက္ ရွိေနဖို႔ လိုတယ္ဆိုတာကို အႂကြင္းမဲ့လက္ခံသြားပါေတာ့တယ္ဗ်ာ။
ေလးစားစြာျဖင့္
Credit:မူရင္းေရးသားသူ
unicode
မိကျောင်းတွေ မွေးထားတဲ့ ကန်အတွင်း ခုန်ချပြီး ကန်ဘောင်ပေါ်ပြန်ရောက်အောင် တက်နိုင်ခဲ့ရင် ဒေါ်လာ(၂)သန်း ပေးမယ်လို့ သူဌေးကြီးက ကြေငြာလိုက်သောအခါ
ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ ကန်အလယ်ကအဆောက်အဦးပေါ်မှာ သူ့ရဲ့ မွေးနေ့ပါတီပွဲ ကျင်းပနေပါတယ်။
လူတွေက သူမွေးထားတဲ့ မိချောင်းတွေကိုအဆောက်အဦးပေါ်ကနေ တအံ့တဩ အထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့။အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက် ကြေငြာလိုက်ပါတယ်။
“မိတ်ဆွေများ ခင်ဗျား ယခု ရောက်ရှိနေတဲ့ နေရာကနေ ကန်ထဲကို ခုန်ချပြီး ကန်ဘောင်ပေါ်ကိုရောက်အောင် သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်း ပေးမှာ ဖြစ်ပီး
ကန်ဘောင်ကို ရောက်အောင် မသွားနိုင်ပဲ မိချောင်း အကိုက်ခံရလို့ အသက်ဆုံးရှူံးသွားမယ်ဆိုရင်တော့ ကျန်ရစ်တဲ့ မိသားစုကို ထောက်ပံ့ကြေးအဖြစ် ဒေါ်လာတသန်း ပေးအပ်မှာ ဖြစ်ပါတယ်။
စိတ်ဝင်စားသူများ အစီအစဉ်မှာ ပါဝင် စွန့်စားနိုင်ကြပါတယ် ခင်ဗျား..သူဌေးရဲ့ စကားအဆုံးမှာပဲ လူတယောက်ဟာ ရေထဲကို ဝုန်း ကနဲ ခုန်ချပြီး ကန်ဘောင်ကို ရောက်ဖို့ အသဲအသန် ကူးခတ်နေပါတယ်ကံအားလျော်စွာပဲ အဲဒီလူဟာ ကန်ဘောင်ပေါ်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။
အခမ်းအနား တက်ရောက်လာသူတွေက သူ့ရဲ့ ရဲရင့်စွာ စွန့်စားတဲ့ သတ္တိကို ချီးကျူး ဂုဏ်ပြုဩဘာပေးနေကြသလို သူဌေးကလဲ သူ့ကတိအတိုင်း ဒေါ်လာ နှစ်သန်းတန် ချက်လက်မှတ် ရေးပီး ဂုဏ်ပြုလိုက်ပါတယ်။
အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန် ချက် လက်မှတ်ကို ကတုန်ကယင် ကိုင်ထားပီး ပရိတ်သတ်ဖက်ကိုကြည့်ကာ အသံတုန်ကြီးနဲ့ မေးလိုက်ပါတယ်။“… ကျနော့်ကို အနောက်က တွန်းချလိုက်တာ ဘယ်သူလဲ …”
အဲဒီအခါ သူ့လက်ထဲက ချက်လက်မှတ်ကို လာယူပီးတော့ ဆလင်းဘတ်အိပ်ထဲ ထည့်ရင်းအမျိုးသမီးတယောက်က ပြောလိုက်ပါတယ်။ရှင့်ကို တွန်းချလိုက်တာ ကျမ ပါ။အဲဒီ အမျိုးသမီးဟာ အဲဒီလူရဲ့မိန်းမပဲဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကို မြင်တွေ့လိုက်ရတဲ့ ပရိတ်သတ်တွေကတော့ …အောင်မြင်တဲ့ ယောက်ျား တယောက်ရဲ့နောက်ကွယ်မှာ တွန်းအားပေးနိုင်တဲ့ မိန်းမ တယောက် ရှိနေဖို့ လိုတယ်ဆိုတာကို အကြွင်းမဲ့လက်ခံသွားပါတော့တယ်ဗျာ။
လေးစားစွာဖြင့်
Credit:မူရင်းရေးသားသူ