ဂျပန်ုလုပ်ငန်းရှင်တယောက် ပြောပြတဲ့… မြန်မာတို့ရဲ့ အကြောင်း(သူပြောတာ အကုန်မှန်)….

ဂ်ပန္ုလုပ္ငန္းရွင္တေယာက္ ေျပာျပတဲ့… ျမန္မာတို႕ရဲ႕ အေၾကာင္း(သူေျပာတာ အကုန္မွန္)

ျမန္မာျပည္မွာ သြင္းကုန္ထုတ္ကုန္ ကုမၸဏီလဲလုပ္ စာသင္ေက်ာင္းလဲ လာဖြင့္ထားတဲ့ ဂ်ပန္တေယာက္နဲ႔ ေတြ႕တယ္ .. သူ႔ဆီက သတင္းနဲ႔ ျမန္မာျပည္၊ ျမန္မာႏိုင္ငံ ျမန္မာလူမ်ိဳးအေပၚ အျမင္ေလးေမးခဲ့ပါတယ္။

သူေျပာတဲ့အခ်က္ထဲက ေကာင္းတာကေတာ့… ျမန္မာမ်ားက ယုံလြယ္ပါတယ္တဲ့ ..လူတစ္ဖက္သားအေပၚ ခ်က္ခ်င္းခြင့္လႊတ္ တတ္ပါတယ္တဲ့။ နိင္ငံျခားသား ဧည့္သည္ဆိုရင္ ပိုလို႔ေတာင္ ခြင့္လႊတ္ၾက၊ ေအာက္က်ိဳ႕ၾက၊ အထင္ႀကီးၾက၊ အားနာတတ္ၾကပါသတဲ့။

စိတ္ထားမ်ား ႐ိုးသားပါတယ္တဲ့ .. ေကာင္းကြက္ေတြေပါ့။ မေကာင္းကြက္ကေတာ့… သူအလုပ္လုပ္တာမွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲမ်ားပါ။ ျမန္မာျပည္မွာ ဘြဲ႕ရေပမယ့္ အလုပ္ကြၽမ္းက်င္သူ မရွိဘူးတဲ့

အလုပ္ကြၽမ္းက်င္သူ ဆိုတာ အလုပ္ တတ္ကြၽမ္းတာကို ေျပာတာ မဟုတ္ပဲ ကိုယ့္ဘာသာ လုပ္ရမဲ့အလုပ္ကို ကိုယ့္ဘာသာ မစီစဥ္တတ္တာ။ ေက်ာင္းမ်ားက မသင္ေပးလိုက္တာ အမ်ားနဲ႔ ပူးေပါင္း သင္းဖြဲ႕ပီး မလုပ္တတ္တာ။

အေပ်ာ္ကိစၥေတာ့ ေပါင္းတတ္ပီး အလုပ္ကို ပူးေပါင္းလုပ္ဖို႔ မတတ္ၾကပါတဲ့ ။ လုပ္ငန္းခြင္မွာ အခ်င္းခ်င္း ပူးေပါင္း မလုပ္တတ္ပါတဲ့။ လုပ္ခိုင္းလဲ အဆင္မေျပတာေတြပဲေတြ႕ေနရပီး

အထက္ကေအာက္ကို အထင္ေသး၊ ေအာက္က အထက္ကို ကန္႔လန္႔လုပ္တာ ခဏခဏ ေတြ႕ရပါသတဲ့။ လုပ္ငန္းခြင္မွာ အဆင္မေျပလို႔ အလုပ္ထြက္သူမ်ားကို လူ ၁၀၀ မွာ ၈၀ ေတြ႕ရပါသတဲ့…

ေနာက္ ျမန္မာျပည္မွာ ဘြဲ႕ရတာနဲ႔ အလြန္ ဘ၀င္ျမင့္ပါသတဲ့။ ၿပီးေတာ့ ဘာမွမတတ္တာေတြ၊ ကိုယ့္ကိုယ္ကိုေတာင္ မထိန္းသိမ္းတတ္ေသးတာ၊ မေျပာတတ္ မဆိုတတ္တာ ေတြ႕ရပါသတဲ့။

သူ႔စာသင္ေက်ာင္းမွာ ဆရာငွားထားတာမွာ ဆရာမ်ားသည္ လစာလဲ သူတို႔ေတာင္းတာ ရပါရက္နဲ႔ အလုပ္ကို တာ၀န္မေက်တာ၊ အလြယ္တကူ ခြင့္ယူတာ ေျပာလို႔လဲ မရပါတဲ့။ ေျပာလိုက္ရင္ အလုပ္ကို တန္ဖိုးမထား အလြယ္တကူ အလုပ္ထြက္သြားပါသတဲ့။

အလုပ္တစ္ခုကို အလြယ္တကူ ၀ငၾကႇထွကၾကႇတာ သူတို႔က အံၾသၾကပါတယ္။ အလုပ္တစ္ခုမွာ ေရရွည္လုပ္မွ ေနရာရတာပါ။ ေငြတစ္ခုတည္းေၾကာင့္ အလုပ္ထြက္တာ မဟုတ္ပဲ ဘာမဟုတ္တဲ့ ကိစၥနဲ႔လဲ ထြက္ၾကတာပါတဲ့။

အလုပ္ကို တန္ဖိုးထားသူ ေတာ္ေတာ္နဲေနပါတယ္တဲ့… လုပ္ငန္းခြင္မွာ ကိုယ္ေရးကိုယ္တာ လုပ္ၾကတာ၊ ရည္းစားနဲ႔ ဖုန္းေျပာတာ၊ မလိုအပ္ပဲ မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔ စကားအၾကာႀကီး ေျပာတာ၊

အလုပ္လုပ္ရင္း မဆီမဆိုင္ စကားေတြကို အခ်င္းခ်င္းေျပာၾကတာေတြကို ရွက္စရာလို႔ မသိၾကတာ ပါတဲ့။ ဒါကို တားရင္လဲ အလုပ္ထြက္ ၾကပါတယ္တဲ့။ သူအလြန္အံဩ ရပါတယ္တဲ့။

ဂ်ပန္မွာ အလုပ္ခ်ိန္ အလုပ္ကိစၥနဲ႔ အျပင္သြားရင္ေတာင္ အလုပ္နဲ႔ မဆိုင္တဲ့စကားကို လူမသိလဲ မေျပာၾကပါတဲ့။ ရည္းစား မိတ္ေဆြ သူငယ္ခ်င္းမ်ားကလဲ အလုပ္ခ်ိန္ဆိုတာ သိၾကပါတယ္တဲ့။

ကိုယ္အားေနတာေတာင္ တစ္ဖက္ကအလုပ္ခ်ိန္ အလုပ္မွာမို႔ ဖုံးမဆက္ၾကပါတဲ့။ အလြန္အေရးႀကီး သာေရးနာေရး ရွိမွသာ ဆက္ပါတယ္တဲ့… ေနာက္ အလုပ္မွာ သန္႔ရွင္းေရးလုပ္ခိုင္းတာကို ဘြဲ႕ရမို႔ မလုပ္ႏိုင္ဘူးဆိုပီး ေျပာၾကပါတယ္တဲ့။

ေက်ာင္းမ်ားက သန္႔ရွင္းေရးလုပ္တာ၊ ကိုယ္ေနတဲ့ ေနရာ ကိုယ့္ဘာသာ သန္႔ရွင္းေရးလုပ္ဖို႔ မသင္ခဲ့ေပးခဲ့ဘူး ထင္ပါတယ္တဲ့၊ သူ႔မွတ္ခ်က္ပါ။ ဆရာျဖစ္ၿပီး ကိုယ္တက္ခဲ့တဲ့ အိမ္သာေတာင္ ေနာက္လူ၀င္ရင္ သန္႔ေနေအာင္ျပန္လုပ္ေပးဖို႔ အသိမရွိၾကပါတဲ့။

ဂ်ပန္မွာကေတာ့ မန္ေနဂ်ာလဲ အိမ္သာသန္႔ရွင္းေရး ရွိပါတယ္။ ကိုယ္သုံးရင္ ကိုယ္လဲ အလွည့္က်ေပါ့။ သိပ္ႀကီးတဲ့အလုပ္ေတြမွာေတာ့ သန္႔ရွင္းေရးသီးသန္႔ထားပါတယ္။

သူက ကိုယ့္ကို ျပန္ေျပာသြားပါေသးတယ္… မင္းတို႔ ဗုဒၵဘာသာမွာ အမ်ားသုံးတဲ့ ေနရာတို႔၊ လမ္းက အမႈိက္ဆူးခလုတ္တို႔ ဖယ္ရင္ ကိုယ့္အတြက္ကုသိုလ္ရတယ္ မဟုတ္လားတဲ့ …

ေနာက္တစ္ခုက လစာ…

ကိုယ့္အလုပ္ အေျခအေနနဲ႔ ျဖစ္သင့္တာထက္ ပိုပို လိုခ်င္လာၾကတာပါတဲ့။ အလုပ္ကို ဘယ္လို လုပ္ရမယ္၊ အလုပ္နဲ႔ ပါတ္သတ္တာကို ကြၽမ္းက်င္ေအာင္ လုပ္မယ္၊ ဒီအလုပ္မွာ ၀င္ေငြပိုေရအာင္ လုပ္ေပးမယ္ဆိုတာတို႔ကို အရင္မႀကိဳးစားပဲ

လစာကိုပဲ ဦးစားေပးသူ မ်ားေနတယ္တဲ့။ တစ္ျခားက လစာေလး နဲနဲပိုတယ္ သတင္းၾကားရင္ ကိုယ့္အလုပ္နဲ႔ မဆိုင္ ၊ကိုယ္တတ္ကြၽမ္းထားတာနဲ႔လဲ မပါတ္သတ္ပဲ ေျပာင္းတာပဲတဲ့။ တ႐ုတ္ျပည္မွာ လုပ္တဲ့ လုပ္ခထက္ ပိုလာရင္ေတာ့ ဘယ္သူမွ ဒီကိုလာမွာမဟုတ္ပါတဲ့ …

ေက်ာင္းဆရာလုပ္ပီး ကားအေကာင္းစား စီးခ်င္တာလဲ ေတြ႕ရပါသတဲ့။ ကားအေကာင္းစားစီးၿပီး သူေဌးလုပ္ခ်င္ရင္ ေက်ာင္းဆရာမလုပ္နဲ႔ အလုပ္ေ႐ြးတာ မွားေနတယ္ေျပာေတာ့ စိတ္ဆိုးၿပီး

ေနာက္ေန႔ ဘာမွမေျပာပဲ အလုပ္မလာေတာ့ပါတဲ့။ လကုန္မွ သူလုပ္ခဲ့တဲ ၅ရက္စာေလး လာတြက္ေတာင္းပါသတဲ့။ အဲဒီ ဆရာက စာသင္တာလဲ ေတာ္ပါတယ္တဲ့။ ဘာလို႔ အဲလိုစိတ္ေတြျဖစ္ေနတာလဲလို႔ သူစုံစမ္းေလ့လာေနပါတယ္တဲ့။

သူ႔အလုပ္မွာ ၀န္ထမ္းက ၃၀ ေလာက္ ရွိပါတယ္တဲ့။ လုပ္လာတာ ၄ ႏွစ္ေလာက္မွာ သူေတြ႕ရတဲ့ အခက္အခဲေတြပါတဲ့။ ျမန္မာျပည္ကေတာ့ ဂ်ပန္ထက္ ေနလို႔ ေကာင္းပါတယ္တဲ့။

ေခတ္နဲ႔ ညီတဲ့ မီးတို႔ လမ္းတို႔ နဲ႔ ဥပေဒတိတိက်က် သတ္မွတ္ပီး လိုက္နာေအာင္ ကြပ္ကဲအုပ္ခ်ဳပ္ႏိုင္ရင္ အင္မတန္ ေနေပ်ာ္ပါတယ္တဲ့ … အလုပ္လုပ္ဖို႔ဆိုရင္ေတာ့ ခုနကလို အခက္အခဲ ရွိပါတယ္တဲ့။

အလုပ္လုပ္သူ ျမန္မာျပည္သူမ်ားက အလုပ္ကို တန္ဖိုးထားတတ္ေအာင္ အလုပ္တာ၀န္နဲ႔ လစာက တြဲေနတယ္ ဆိုေပမဲ့ အၿမဲ တြဲမျမင္ရဘူး ဆိုတာရယ္၊ အလုပ္က လစာမ်ားတာ တစ္ခုတည္းမဟုတ္ပဲ

ေနရာရတာ၊ အလုပ္မွာ ကိုယ္ကကႊၽမ္းက်င္တာ၊ စီနီယာျဖစ္လာတာေတြက စိတ္ကိုေပ်ာ္႐ြင္ေစတာလဲ သတိျပဳပါတဲ့။

မူူူူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဂျပန်ုလုပ်ငန်းရှင်တယောက် ပြောပြတဲ့… မြန်မာတို့ရဲ့ အကြောင်း(သူပြောတာ အကုန်မှန်)

မြန်မာပြည်မှာ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီလဲလုပ် စာသင်ကျောင်းလဲ လာဖွင့်ထားတဲ့ ဂျပန်တယောက်နဲ့ တွေ့တယ် .. သူ့ဆီက သတင်းနဲ့ မြန်မာပြည်၊ မြန်မာနိုင်ငံ မြန်မာလူမျိုးအပေါ် အမြင်လေးမေးခဲ့ပါတယ်။

သူပြောတဲ့အချက်ထဲက ကောင်းတာကတော့… မြန်မာများက ယုံလွယ်ပါတယ်တဲ့ ..လူတစ်ဖက်သားအပေါ် ချက်ချင်းခွင့်လွှတ် တတ်ပါတယ်တဲ့။ နိင်ငံခြားသား ဧည့်သည်ဆိုရင် ပိုလို့တောင် ခွင့်လွှတ်ကြ၊ အောက်ကျို့ကြ၊ အထင်ကြီးကြ၊ အားနာတတ်ကြပါသတဲ့။

စိတ်ထားများ ရိုးသားပါတယ်တဲ့ .. ကောင်းကွက်တွေပေါ့။ မကောင်းကွက်ကတော့… သူအလုပ်လုပ်တာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများပါ။ မြန်မာပြည်မှာ ဘွဲ့ရပေမယ့် အလုပ်ကျွမ်းကျင်သူ မရှိဘူးတဲ့

အလုပ်ကျွမ်းကျင်သူ ဆိုတာ အလုပ် တတ်ကျွမ်းတာကို ပြောတာ မဟုတ်ပဲ ကိုယ့်ဘာသာ လုပ်ရမဲ့အလုပ်ကို ကိုယ့်ဘာသာ မစီစဉ်တတ်တာ။ ကျောင်းများက မသင်ပေးလိုက်တာ အများနဲ့ ပူးပေါင်း သင်းဖွဲ့ပီး မလုပ်တတ်တာ။

အပျော်ကိစ္စတော့ ပေါင်းတတ်ပီး အလုပ်ကို ပူးပေါင်းလုပ်ဖို့ မတတ်ကြပါတဲ့ ။ လုပ်ငန်းခွင်မှာ အချင်းချင်း ပူးပေါင်း မလုပ်တတ်ပါတဲ့။ လုပ်ခိုင်းလဲ အဆင်မပြေတာတွေပဲတွေ့နေရပီး

အထက်ကအောက်ကို အထင်သေး၊ အောက်က အထက်ကို ကန့်လန့်လုပ်တာ ခဏခဏ တွေ့ရပါသတဲ့။ လုပ်ငန်းခွင်မှာ အဆင်မပြေလို့ အလုပ်ထွက်သူများကို လူ ၁၀၀ မှာ ၈၀ တွေ့ရပါသတဲ့…

နောက် မြန်မာပြည်မှာ ဘွဲ့ရတာနဲ့ အလွန် ဘဝင်မြင့်ပါသတဲ့။ ပြီးတော့ ဘာမှမတတ်တာတွေ၊ ကိုယ့်ကိုယ်ကိုတောင် မထိန်းသိမ်းတတ်သေးတာ၊ မပြောတတ် မဆိုတတ်တာ တွေ့ရပါသတဲ့။

သူ့စာသင်ကျောင်းမှာ ဆရာငှားထားတာမှာ ဆရာများသည် လစာလဲ သူတို့တောင်းတာ ရပါရက်နဲ့ အလုပ်ကို တာဝန်မကျေတာ၊ အလွယ်တကူ ခွင့်ယူတာ ပြောလို့လဲ မရပါတဲ့။ ပြောလိုက်ရင် အလုပ်ကို တန်ဖိုးမထား အလွယ်တကူ အလုပ်ထွက်သွားပါသတဲ့။

အလုပ်တစ်ခုကို အလွယ်တကူ ဝငကြှထှကကြှတာ သူတို့က အံသြကြပါတယ်။ အလုပ်တစ်ခုမှာ ရေရှည်လုပ်မှ နေရာရတာပါ။ ငွေတစ်ခုတည်းကြောင့် အလုပ်ထွက်တာ မဟုတ်ပဲ ဘာမဟုတ်တဲ့ ကိစ္စနဲ့လဲ ထွက်ကြတာပါတဲ့။

အလုပ်ကို တန်ဖိုးထားသူ တော်တော်နဲနေပါတယ်တဲ့… လုပ်ငန်းခွင်မှာ ကိုယ်ရေးကိုယ်တာ လုပ်ကြတာ၊ ရည်းစားနဲ့ ဖုန်းပြောတာ၊ မလိုအပ်ပဲ မိတ်ဆွေသူငယ်ချင်းများနဲ့ စကားအကြာကြီး ပြောတာ၊

အလုပ်လုပ်ရင်း မဆီမဆိုင် စကားတွေကို အချင်းချင်းပြောကြတာတွေကို ရှက်စရာလို့ မသိကြတာ ပါတဲ့။ ဒါကို တားရင်လဲ အလုပ်ထွက် ကြပါတယ်တဲ့။ သူအလွန်အံဩ ရပါတယ်တဲ့။

ဂျပန်မှာ အလုပ်ချိန် အလုပ်ကိစ္စနဲ့ အပြင်သွားရင်တောင် အလုပ်နဲ့ မဆိုင်တဲ့စကားကို လူမသိလဲ မပြောကြပါတဲ့။ ရည်းစား မိတ်ဆွေ သူငယ်ချင်းများကလဲ အလုပ်ချိန်ဆိုတာ သိကြပါတယ်တဲ့။

ကိုယ်အားနေတာတောင် တစ်ဖက်ကအလုပ်ချိန် အလုပ်မှာမို့ ဖုံးမဆက်ကြပါတဲ့။ အလွန်အရေးကြီး သာရေးနာရေး ရှိမှသာ ဆက်ပါတယ်တဲ့… နောက် အလုပ်မှာ သန့်ရှင်းရေးလုပ်ခိုင်းတာကို ဘွဲ့ရမို့ မလုပ်နိုင်ဘူးဆိုပီး ပြောကြပါတယ်တဲ့။

ကျောင်းများက သန့်ရှင်းရေးလုပ်တာ၊ ကိုယ်နေတဲ့ နေရာ ကိုယ့်ဘာသာ သန့်ရှင်းရေးလုပ်ဖို့ မသင်ခဲ့ပေးခဲ့ဘူး ထင်ပါတယ်တဲ့၊ သူ့မှတ်ချက်ပါ။ ဆရာဖြစ်ပြီး ကိုယ်တက်ခဲ့တဲ့ အိမ်သာတောင် နောက်လူဝင်ရင် သန့်နေအောင်ပြန်လုပ်ပေးဖို့ အသိမရှိကြပါတဲ့။

ဂျပန်မှာကတော့ မန်နေဂျာလဲ အိမ်သာသန့်ရှင်းရေး ရှိပါတယ်။ ကိုယ်သုံးရင် ကိုယ်လဲ အလှည့်ကျပေါ့။ သိပ်ကြီးတဲ့အလုပ်တွေမှာတော့ သန့်ရှင်းရေးသီးသန့်ထားပါတယ်။

သူက ကိုယ့်ကို ပြန်ပြောသွားပါသေးတယ်… မင်းတို့ ဗုဒ္ဒဘာသာမှာ အများသုံးတဲ့ နေရာတို့၊ လမ်းက အမှိုက်ဆူးခလုတ်တို့ ဖယ်ရင် ကိုယ့်အတွက်ကုသိုလ်ရတယ် မဟုတ်လားတဲ့ …

နောက်တစ်ခုက လစာ…

ကိုယ့်အလုပ် အခြေအနေနဲ့ ဖြစ်သင့်တာထက် ပိုပို လိုချင်လာကြတာပါတဲ့။ အလုပ်ကို ဘယ်လို လုပ်ရမယ်၊ အလုပ်နဲ့ ပါတ်သတ်တာကို ကျွမ်းကျင်အောင် လုပ်မယ်၊ ဒီအလုပ်မှာ ဝင်ငွေပိုရေအာင် လုပ်ပေးမယ်ဆိုတာတို့ကို အရင်မကြိုးစားပဲ

လစာကိုပဲ ဦးစားပေးသူ များနေတယ်တဲ့။ တစ်ခြားက လစာလေး နဲနဲပိုတယ် သတင်းကြားရင် ကိုယ့်အလုပ်နဲ့ မဆိုင် ၊ကိုယ်တတ်ကျွမ်းထားတာနဲ့လဲ မပါတ်သတ်ပဲ ပြောင်းတာပဲတဲ့။ တရုတ်ပြည်မှာ လုပ်တဲ့ လုပ်ခထက် ပိုလာရင်တော့ ဘယ်သူမှ ဒီကိုလာမှာမဟုတ်ပါတဲ့ …

ကျောင်းဆရာလုပ်ပီး ကားအကောင်းစား စီးချင်တာလဲ တွေ့ရပါသတဲ့။ ကားအကောင်းစားစီးပြီး သူဌေးလုပ်ချင်ရင် ကျောင်းဆရာမလုပ်နဲ့ အလုပ်ရွေးတာ မှားနေတယ်ပြောတော့ စိတ်ဆိုးပြီး

နောက်နေ့ ဘာမှမပြောပဲ အလုပ်မလာတော့ပါတဲ့။ လကုန်မှ သူလုပ်ခဲ့တဲ ၅ရက်စာလေး လာတွက်တောင်းပါသတဲ့။ အဲဒီ ဆရာက စာသင်တာလဲ တော်ပါတယ်တဲ့။ ဘာလို့ အဲလိုစိတ်တွေဖြစ်နေတာလဲလို့ သူစုံစမ်းလေ့လာနေပါတယ်တဲ့။

သူ့အလုပ်မှာ ဝန်ထမ်းက ၃၀ လောက် ရှိပါတယ်တဲ့။ လုပ်လာတာ ၄ နှစ်လောက်မှာ သူတွေ့ရတဲ့ အခက်အခဲတွေပါတဲ့။ မြန်မာပြည်ကတော့ ဂျပန်ထက် နေလို့ ကောင်းပါတယ်တဲ့။

ခေတ်နဲ့ ညီတဲ့ မီးတို့ လမ်းတို့ နဲ့ ဥပဒေတိတိကျကျ သတ်မှတ်ပီး လိုက်နာအောင် ကွပ်ကဲအုပ်ချုပ်နိုင်ရင် အင်မတန် နေပျော်ပါတယ်တဲ့ … အလုပ်လုပ်ဖို့ဆိုရင်တော့ ခုနကလို အခက်အခဲ ရှိပါတယ်တဲ့။

အလုပ်လုပ်သူ မြန်မာပြည်သူများက အလုပ်ကို တန်ဖိုးထားတတ်အောင် အလုပ်တာဝန်နဲ့ လစာက တွဲနေတယ် ဆိုပေမဲ့ အမြဲ တွဲမမြင်ရဘူး ဆိုတာရယ်၊ အလုပ်က လစာများတာ တစ်ခုတည်းမဟုတ်ပဲ

နေရာရတာ၊ အလုပ်မှာ ကိုယ်ကကွျှမ်းကျင်တာ၊ စီနီယာဖြစ်လာတာတွေက စိတ်ကိုပျော်ရွင်စေတာလဲ သတိပြုပါတဲ့။

မူူူူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *