ငါ့သားသမီးကောင်းစားဖို့ ငါသာရင်ကွဲခံမယ်ဆိုတဲ့ မိခင်စိတ်အပြည့်နဲ့ အမျိုးသမီး(ရုပ်သံ)….

ဓနုဖြူမြို့ ၊ အလယ်မြို့ (ချောင်းဖျားရွာ) မှာရှိတဲ့ မွေးကင်းစ ရက်(၂၀)သာရှိသေးတဲ့ သမီးလေးကို သွားရောက်ခေါ်ယူခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

အသက် (၃၂)နှစ်အရွယ် မိထူး(ခ)မခင်ထွန်းဝင်းဟာ မွေးရာပါ လက်တစ်ဖက်အင်္ဂါချို့ယွင်းနေပြီး

ထင်းခွေ, ပဲနုတ်စတဲ့ ကျပန်းအလုပ်များကို လုပ်ကိုင်ရင်း

အသက်(၅၆)နှစ်အရွယ် အမျိုးသားနဲ့တွေ့ဆုံကာ ဘဝအတွက် အားကိုးရှာခဲ့သူ မိန်းမသားတစ်ယောက်ပါ။

ထိုအမျိုးသားက မိထူးကိုယ်ဝန်ရှိတဲ့ချိန်မှာ ကလေးအတွက် မွေးစရိတ်သွားရှာမယ်ဆိုပြီး ပြန်ရောက်မလာတဲ့နောက်ဆုံးမှာ

မိမိနဲ့အတူနေရင် ကလေးဘဝ ရှေ့ရေးအတွက် မိခင်မေတ္တာအပြည့်နဲ့ ပူပန်မိတာမို့ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ဂေဟာကိုဆက်သွယ်ခဲ့တာပဲဖြစ်ပါတယ်။

ယနေ့ မတ်လ (၁၇)ရက်နေ့မှာတော့ သရုပ်ဆောင် ခိုင်နှင်းဝေကိုယ်တိုင် ဓနုဖြူမြို့ , အလယ်မြို့(ချောင်းဖျားရွာ)မှာရှိတဲ့

မိထူး(ခ)မခင်ထွန်းဝင်းအိမ်မှာ ကလေးကို သွားရောက်ခေါ်ယူခဲ့ပြီး

ကလေးမိခင်ရဲ့ ကျန်းမာရေးနဲ့ လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီး ငွေကျပ်( ငါးသိန်း)ကိုပါ ပေးအပ်ပေးခဲ့ပါတယ်။

credit to orginal

ပုံတွေကြည့်ပီး ငိုလိုက်ရတာ ငါ့သားသမီးကောင်းစားဖို့ ငါသာရင်ကွဲခံမယ်ဆိုတဲ့ မိခင်စိတ်အပြည့်နဲ့ အမျိုးသမီး(ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။

သားသမီးရှေ့ရေးအတွက် ပေးလိုက်ရတဲ့ ဒီအမေ ဘယ်လောက်တောင် ရင်ကွဲနေရှာမလဲ

ညဘက်တွေဆို ကလေးငိုသံမကြားရတော့တဲ့ ဒီအမေ ဘယ်လိုများ အိပ်ပျော်ရှာမလဲ

တွေးသာကြည့်ကြတော့ပါဗျာ… ကျနော်ကတော့ သူတို့သားအမိရဲ့ဘဝလေးကြည့်ပီး ငိုမတာတော့ အမှန်ပါပဲ

ဒီသားအမိလေး ပြန်လည်ဆုံစည်းနိုင်ကြပါစေဗျာ….










credit to orginal





