ပိုက်ဆံကိုပဲ ရွေးခြယ်သွားကြပြီး ယုံကြည်မှု့တွေကို စွန့်ပစ်ခဲ့တဲ့ လူတွေကို ဝေဖန်လိုက်တဲ့ မအေးသောင်း
ချစ်စနိုးနဲ့ “ပေါက်စီ” လို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော မအေးသောင်း ကတော့ ပရိတ်ပေါင်းများစွာရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးတစ်ဦး ဖြစ်ပါတယ် ။ သူမကတော့ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး
တိုက်ပွဲဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ် ။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး သူမရဲ့အိမ်ကို ပစ်ကာ နိုင်ငံရပ်ခြားကို တိမ်းရှောင်နေရတာပါ ။ မအေးသောင်း ဟာ အများပြည်သူ စိတ်မကောင်းဖြစ်နေချိန်မှာ
လွန်ခဲ့တဲ့နှစ်က အလှဓာတ်ပုံဖေ့ဘွတ်မန်မိုရီတစ်ခုကို ပြန်လည်ရှဲခဲ့ပြီး ပရိသတ်တွေရဲ့ကောမန့်တွေကိုလဲ ရိုင်းစိုင်းစွာ ပြန်လည် ဖြေကြားခဲ့တာကြောင့် မင်းမော်ကွန်း ရဲ့ ရှုတ်ချခြင်းကို ခံခဲ့ရပြီး ဖေ့ဘွတ် Follower တွေလဲ
ဆက်တိုက်ကျဆင်းခဲ့ပါသေးတယ် ။ မအေးသောင်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့် ပြည်သူတွေအားလုံးကို တောင်းပန်စကားပြောပြီးနောက် လူမှု့ကွန်ယက်ပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပါတယ် ။ အခုတစ်ခါမှာတော့
စာသားလေးတစ်ချို့နဲ့အတူ လူမှု့ကွန်ယက်ပေါ်ကို တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါပြီ။ သရုပ်ဆောင် မအေးသောင်း ဟာ ယုံကြည်မှု့တွေကိုစွန့်ပစ်ပြီးတော့ ပိုက်ဆံကိုပဲရွေးခြယ်သွားကြတဲ့လူတွေကို အခုလိုပဲ ဝေဖန်လိုက်ပါတယ်။ ”
ပိုက်ဆံကပြန်ရှာလို့ရတယ် ယုံကြည်မှုကပြန်ရှာလို့မရဘူးတဲ့ ပိုက်ဆံပဲရွေးခြယ်သွားကြတယ် ကိုယ့်မှာတော့ ယုံကြည်မှုတပွေ့တပိုက်နဲ့ကျန်ခဲ့တယ် လူတွေ ” လို့ မအေးသောင်း ရဲ့ လူမှု့ကွန်ယက်ပေါ်ကနေ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ မအေးသောင်း ကတော့ ယုံကြည်မှု့တွေကို ဆက်လက်ဆုပ်ကိုင်ထားဆဲပါပဲလို့ သူ့ရဲ့သဘောထားကို ပြတ်ပြတ်သားသားဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ အချိန်တိုင်း
ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ