ဒီအချိန်​လောက်ဆို ကျွန်တော့် တပည့်မလေး တန်းစီ​နေ​လောက်ပြီ (ခက်ခဲလှတဲ့ ဘဝတွေ)….

ဒီအချိန်​လောက်ဆို ကျွန်တော့် တပည့်မလေး တန်းစီ​နေ​လောက်ပြီ (ခက်ခဲလှတဲ့ ဘဝတွေ)

ဒီအချိန်​လောက်ဆို ကျွန်တော့် တပည့်မလေး တန်းစီ​နေ​လောက်ပြီ..

မ​နေ့ည​နေ ရုံးမှာ သန့်ရှင်း​ရေး လုပ်တဲ့ တပည့်မနဲ့ စကားစပ်ရင်း စ​နေ၊ တနင်္ဂ​နွေ ဘာလုပ်မလဲ ​မေးကြည့်မိ​တော့ “ဆီ” သွားတန်းစီမှာတဲ့။ ​သေ​သေချာချာ ထပ်​မေးကြည့်​တော့ ဆီ တစ်ပိသာကို ၅၀၀၀ နဲ့ ရလို့တဲ့၊ ဆီကားက ၁၀ နာရီ​လောက် လာမှာ။ သူတို့မိသားစုထဲက (၃) ​ယောက် ၇ နာရီခွဲထဲက သွားတန်းစီမှာတဲ့။ အပြင်မှာ ဆီ တစ်ပိသာက ၁ ​သောင်း​ကျော်တယ်​လေ ဆရာ တဲ့။

ရုံးမှာ ဝန်ထမ်း တွေကို ဆန်၊ ဆီ အသင့်အတင့် ​ထောက်ပံ့​​နေတာ​ကြောင့် တပည့်မကို တခုခု ​ပြောမလို့ စဥ်းစားလိုက်​ပေမဲ့ ဘာမှ မ​ပြောဖြစ်ခဲ့​တော့ပါဘူး။ ငယ်ငယ်တုန်းက သမဆိုင်မှာ ဆန်၊ ဆီ၊ ​ရွှေဝါ တိုးခဲ့ကြ၊ ပြန်​ရောင်းစားခဲ့ကြတဲ့ ​ခောတ်ကို သတိရမိတယ်။ အဲ့လို​တွေ ပြန်ဖြစ်​နေတာလား? ဘဝ ​တွေ၊ ဘဝ​တွေ။

​တော်ကြာ “​ရွှေ” ​တွေ ​ရောင်းရင်လည်း တန်းစီကြ၊ တိုးကြဦးမှာ မြင်​ယောင်မိပါသေးတယ်။ ဒီအချိန်ဆို ကျွန်​တော့် တပည့်မ​တော့ တိုး​နေ၊ တန်းစီ ​နေ​လောက်ပြီ။ (Zaw Naing)

လွန်ခဲ့တဲ့ သုံးလေး ပတ်လောက်ကတည်းက အဲဒီလိုတွေတန်းစီနေကြနာပါ ဆရာ.. အဲဒီတုန်းကတောင် ၁ ပိသာ ၃၈၅၀ ပဲရှိတယ်ထင်တယ်.. ဆီသံလို့ ကြားတာနဲ့ အနားဝန်းကျင်က ပုံးလေးတွေကိုင်ပြီး သုတ်သုတ် သွားတန်းစီကြတာ..

ဒီနေ့ တပတ်စာစျေးဝယ်ဖို့ စျေးသွားတာ ထိုင်းထုတ် ပဲပိစပ်ဆီ ၅ လီတာ ( ၂ ပိသာ ၈၅ ကျပ်သားဝန်းကျင်) တပုံး ၄၀၀၀၀ တဲ့.. ပန်းသီးတလုံး ၁၅၀၀ ပန်းသစ်တော် တလုံး ၂၅၀၀ စျေးတွေ မိုးသို့သာထိုးတက်နေ ဆီတစ်မျိုးတည်းနဲ့ ကျန်တဲ့အသားငါးဝယ်တာ ငွေ ၁ သိန်းဖိုးရဲ့ ပစည်းတွေကျုံ့သွားပြီဆရာ.. (TYN)






