
Credit-Ko Ngal
လမ်းပေါ်မှာ ဆိုင်ကယ်ဦးထုပ် ချထားခြင်းရဲ့ အဓိပ္ပါယ်ကို သင်သိပါသလား…
ဒီရဲ့သင်္ကေတဟာ နိုင်ငံတကာမှာ ဆိုင်ကယ်မောင်းနင်သူတွေ လက်တွေ့လိုက်နာ ကျင့်သုံးနေတဲ့ Biker Code ဖြစ်ပါတယ်
အဓိပ္ပါယ်ကတော့ I need your help အကူအညီလိုအပ်နေပါတယ် လို့ရည်ညွှန်းပါတယ် ဘီးပေါက်တဲ့အခါမျိုး၊စက်ချို့ယွင်းတဲ့အချိန်၊ ဆီကုန်တဲ့အချိန်၊Accident ဖြစ်တဲ့အချိန် အစရှိတဲ့ အခါမျိုးတွေမှာ အကူအညီတောင်းခံလို့ရပါတယ်
တစ်လှေတည်းစီးနေတဲ့ ဆိုင်ကယ်ခရီးသွား မိတ်ဆွေအချင်းအချင်း လမ်းမပေါ်မှာ ဆိုင်ကယ်ဦးထုပ် Helmet လေးမြင်ပါကရပ်ပြီးတော့ အကူအညီပေးကြပါခင်ဗျာ။ တစ်နေ့မဟုတ်တစ်နေ့ ကိုယ်လည်း အကူအညီ လိုအပ်တဲ့သူဖြစ်လာနိုင်ပါတယ်