Original uploader
Unicode Version ဖြင့်ဖတ်ရန်
တကယ်ချမ်းသာချင်ရင် ဒါတွေကို တကယ်လုပ်ပါနော် …။
(၁) အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ ၊ အလုပ် မရွေးပါနဲ့ . . .။
(၂) ချွေတာစုဆောင်း သူဌေးလောင်းတဲ့ ၊ ရသမျှကို အကုန်မသုံးပါနဲ့ တတ်နိုင်သမျှ စုပေးပါ . . .။
(၃) အချိန်ဟူသည် အဖိုးတန်ဆုံးသော အရင်းအနှီးတဲ့ ၊ အချိန်ကို မဖြုန်းတီး ပါနဲ့ ။ အကြိုးရှိစွာ အသုံးချပါ . . .။
(၄) ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့ ၊ ကျမ်းမာရေးကို ဂရုစိုက်ပါ ။ ကျန်းမာမှ လည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ် . . .။
(၅) ဝါသနာကို အရင်းခံပြီး အလုပ် လုပ်ပါတဲ့ မိမိဝါသနာ ပါတဲ့ အလုပ် သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ် နော် . . .။
(၆) အနားယူရင်း စာဖတ်ပါတဲ့ ၊ စာအုပ်တွေထဲက အောင်မြင်သူတို့၏ နည်းဗျူးဟာတွေကို လေ့လာ သင်ယူပါ . . .။
(၇) ကံပင်ကောင်းလျှက် အပျင်းဖက် တစ်သက်မချမ်းသာတဲ့ ၊ ချမ်းသာချင်ရင် လုံးဝ မပျင်းပါနဲ့၊ ဒါ အရေးကြီးပါတယ် . . .။
(၈) ဉာဏ်ပင်ကောင်းလျှက် အပျင်းဖက် အထက်မမှန်းသာတဲ့ မိမိက ဉာဏ်ကောင်းတယ်ဆိုပြီး အရာရာကို လျှော့မတွက်ပါနဲ့ ၊ အလေးအနက် ထားပါ . . .။
(၉) ကံကိုပဲ အားမ ကိုးပါနဲ့ ။ ဝရိယနဲ့ ဉာဏ်ကိုလည်း အသုံးချ တတ်ပါစေ . . .။
(၁၀) မာနခွါ၍ ပညာရှာပါ ။ ပညာရှိမှ စီးပွားကို ရှာပါနော် . . .။ ။
Original uploader