နွေရာသီဈေးကောင်းရတဲ့သံပုရာသီးကို အသီးများများတင်အောင်ပြုလုပ်နည်း…..
နွေရာသီဈေးကောင်းရတဲ့သံပုရာသီးကို အသီးများများတင်အောင်ပြုလုပ်နည်း
နည်း လမ်း ( ၁) သံ ပ ရာ ပင် အား ရေ ဖြတ် တောက် သည့် နည်း နှင့် နည်း စ နစ် နည်း လမ်း ( ၂ ) အ ခေါက် ခွာနည်း။ပ ထ မ နည်း ဖြစ် တဲ့ နည်း လမ်း(၁) က တော့ သံ ပု ရာ ပင် ကို ပန်း အိုး( သို့ မ ဟုတ်) ကျော က် ခွေ နဲ့ စိုက် ပျိုး ထားတဲ့ သံ ပု ရာ ပင် ကို ရေ အ ဝ လောင်း ပြီး တ ပါတ် ကျော် နှစ် ပါတ် လောက် ထိ အောင် ရေ မ လော င်း ဘဲ နဲ့ ရေ ဖြတ် ထား ကြ ရ ပါ့ မယ် ။
၎င်းနောက် ရေ ဖြတ် ထား သော အ ပင် ကို နေ ရောင် ခြည် မ ပေါက် သော ကျွတ် ကျွတ်အိတ် အ မဲ ဖြင့် သံ ပု ရာ အိုး သို့ မ ဟုတ်ကျောက်ခွေအိုးကို အလုံအုပ်ပေးထားကြရပါမယ်။ကိုင်းဖျားတွေဆခြာက်သွေ့ပြီး အ ရွက်များလိပ်သွားပါလိမ့်မယ်။ထိုသို့ဖြစ်သွားပြီဆိုမှ အုပ်ထားသာပလပ်စတစ် အ နက်စကိုပြန်လည်ဖွင့်ပေးပြီး ခြောက်သွေ့နေသော အကိုင်းဖျားများကို နှစ်လက်မ က နေ ရှစ်လက်မလောက်ထိ ဖြတ်တောက်ပေးရပါ့မယ်။
ထိုသို့ပြု လုပ်ပြီးသည့်အချိန်မှစ တင်၍ ၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာကို ထည့်သွင်းပြီးသကာလ ရေအဝတိုက်ပါ့မယ်။ အ သီးအပွင့်တင်စေသော ဟော်မုန်းပါသည့်ဆေးရည်များဖြန်းပေးကြရပါ့မယ် ။၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာဝယ်ယူလို့မရရှိပါက နွားချေး တပြည်သားခန့်နှင့် အရွက်ခြောက်( သစ်ရွက်ဆွေး) သုံးပြည်သားခန့်ကို ရောမွှေပြီးအပင်ခြေတွင်အုပ်ပေးကာ ရေတိုက် ဟော်မုန်းဆေး( အ သီး/အပွင့်အတွက် ) ဖြန်းပေးရပါ့မယ်။
ဒီပထမနည်းကတော့ နွေရာသီမှာ သံပုရာသီးအသီးများပြွတ်သိပ်သီးပြီး ဈေးကောင်းရတဲ့အချိန်မှာ အ သီးသီးစေနိုင်ဖို့ ဆောင်ရွက်တဲ့ပထမနည်းလမ်းပါခင်ဗျ။ဒုတိ ယနည်းလမ်း(၂)ကတော့ သံပုရာပင်ကို အခေါက်ခွာတဲ့နည်းလမ်းဘဲဖြစ်ပါတယ်။ ဒီလိုအ ခေါက်ခွာတဲ့နေရာမှာ ဓါးဒဏ်ရာများမွှစာကျဲပြီး နှစ်ချက်သုံးချက်ဖြစ်မနေဖို့လိုအပ်ပါတယ်။
ဓါးဒဏ်ရာတွေမွှစာကျဲပြီး သုံးလေးနေရာဖြစ်နေခဲ့ရင်တော့ အပင်ကသေသွားမှာဖြစ်ပါတယ်။ကိုင်းကူးတဲ့နည်းစနစ်များအတိုင်း အပင်ရင်း မြေပေါ်ကနေခြော က်လက်မလောက်ကနေ အပင်ပါတ်လည်ကို နှစ်လက်မလောက် ပါတ်လည်ကို အ ခေါက်ခွာပေးရမှာဖြစ်ပါတယ်။
ဓါးထက်ထက်ဖြင့် ဒဏ်ရာတစ်ခုတည်းဖြစ်အောင် စ နစ်တကျခွာပေးကြရပါမယ်။ဒီလို အခေါက်ခွာပြီးသည်နှင့် အစာနှင့်ရေ အသီးအပွင့်ဟော်မုန်းဆေး ပုံမှန်အတိုင်း တိုက်ကျွေးသွားမယ်ဆိုရင် နွေရာသီမှာ သံပုရာသီး အ သီးများပြွတ်သိပ်နေအောင် ရရှိမှာဖြစ်ပါတယ်။သံပုရာသီးပင် မသီးလို့ စိတ်ညစ်နေတာလား ပိုးတွေကျမှာစိုးရိမ်နေတာလား လွယ်လွယ်လေးပါ။
သံပုရာသီး အပင်ခြေ နမ်းဖတ် ပုတ်စိမ်ပြီးဖြန်းလိုက်ပါ ။ နောက် ကြက်ဥဟောမုန်းလေးတစ်ပါတ်တစ်ကြိမ်ဖြန်းပေးပါ။ အသီးတွေကောင်းကောင်းသီးလာမယ်။ကြက်ဥ ၄ လုံးနို့ချဉ်၁ ဇွန်းသ ကြားညို ၁ ဇွန်းဗူးအလွတ် ၁ ဗူး (ထည့်ရန်)အားလုံးရောစပ်ပြီးလျင် နေမပြရပါဘူး၊ နေရောင်မရှိတဲ့အရိပ်အောက်မှာပဲ ၃ ရက်ထားပြီးလျင် အသုံးပြုနိုင်ပါပြီ။ကြက်ဥဟော်မုန် ၁ ဇွန်း ကို ရေ ၂၀ လီတာဖြင့် အ ပင်နဲ့အရွက်တွေကို ဖျန်းပက်နိုင်ပါပြီ။ခရစ်ဒစ်
Zawgyi
Zawgyi