ေနျပည္ေတာ္မွာ စတင္ေနၿပီျဖစ္တဲ့ အကယ္ဒမီ ဆုေပးပြဲ

၂၀၁၉ ခုနှစ် ရုပ်ရှင်အကယ်ဒမီ ဆန်ခါတင် စာရင်းတွင် ကျော်သူ၊ မင်းမော်ကွန်း၊ ဒေါင်း၊ ပိုင်ဖြိုးသု ၊ ဇာဏ်ခီ၊ ရဲတိုက်၊ ဒါရိုက်တာ ကိုပေါက်တို့ ပါဝင်သည့် ဇာတ်ကားများ ပါဝင်

၂၀၁၉ ခုနှအတွက် ရုပ်ရှင်အကယ်ဒမီ ဆန်ကာတင်စာရင်းတွင် ပါဝင်သည့် ရုပ်ရှင်ဇာတ်ကားပေါင်း (၂၉) ကားကို အကယ်ဒမီရွေးချယ်ရေးအဖွဲ့က

ထုတ်ပြန်ထားပြီး အဆိုပါ စာရင်းထဲတွင် ပုဒ်မ ၅၀၅ ဖြင့် တိမ်းရှောင်နေရသည့် သရုပ်ဆောင်များ ၊ ဒါရိုက်တာများနှင့် ထောင်ဒဏ်ကျခံနေရသည့်

သရုပ်ဆောင်များ ၊ ဒါရိုက်တာများ၏ ဖန်တီးမှု ဇာတ်ကားများ ပါဝင်နေကြောင်း သိရသည်။မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့၏

ထုတ်ဖော်ပြောကြားလာသည့် အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်း (၉၇) ကားအနက်မှ ပထမအကြိမ်

အကဲဖြတ် ကြည့်ရှုပြီး ဆန်ကာတင် (၂၉) ကားကို စီစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ ဆန်ကာတင် (၂၉) ကားတွင်

အကယ်ဒမီ ကျော်သူ ပါဝင်သရုပ်ဆောင်ထားသည့် “ကျောမှာဂဠုန် ရင်မှာနဂါး” ၊ ” ၁၀၁၄” ၊ အကယ်ဒမီ မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားသည့် ”

နိုင်ငံကြီးသား” ၊ ” ထာဝရထက် နှစ်ဆ” ၊ သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် “၁၀၁၄”၊ ” လိပ်ပြာစံအိမ်” ၊ “ဒဏ္ဍာရီမိုး”၊ ဒါရိုက်တာ

ကိုပေါက် ရိုက်ကူးထားသည့် ” ရိုးမပေါ် ကျတဲ့မျက်ရည်” ၊ သရုပ်ဆောင် ဇာဏ်ခီ ပါဝင် သရုပ်ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” ၊

သရုပ်ဆောင်ဖွေးဖွေး ပါဝင် သရုပ်ဆောင်ထားသည့် ” သူစိမ်းအိမ်” ၊ ” လှပ်၍ – လွင့်သော” ၊ ” ပပဝတီ စီရင်ခန်း” ၊ ” ကြာတော့သည်လည်း မောင့်စကား”

၊ သရုပ်ဆောင် ပိုင်ဖြိုးသု ပါဝင်သရုပ် ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” စသည့် ဇာတ်ကားများ ပါဝင်နေကြောင်း သိရသည်။

ထို့အပြင် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ရဲတိုက် ပါဝင်သရုပ်ဆောင်ထားသည့် “ဒဏ္ဍာရီမိုး” ဇာတ်ကားသည်လည်း အကယ်ဒမီ ဆန်ကာတင်

ဇာတ်ကား (၂၉) ကားစာရင်းတွင် ပါဝင်ကြောင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု ပြန်လည်ချီးမြှင့်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်

ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ပေါ်ပြူလာနယူး(စ်) ၏ သီးသန့် မေးမြန်းခန်းတစ်ခုတွင် ၎င်းက ယခုလို ပြောကြားထားသည်။

” နိုင်ငံရေးက နိုင်ငံရေးသမားတွေ လုပ်လိမ့်မယ်။ ကျွန်တော်တို့ အလုပ်မဟုတ်ဘူး ။ ကျွန်တော်တို့က အနုပညာသမား ၊ အနုပညာအလုပ်ပဲ လုပ်မယ်။

အကယ်ဒမီပေးပွဲဟာ ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်လို့ လုပ်ဖြစ်တာပါ။ ရုပ်ရှင်လောကရဲ့တိုးတတ်ရာ တိုးတတ်ကြောင်း ပျက်ပြီးပျောက်သွားတာမျိုး

မဖြစ်အောင် ကျွန်တော်တို့မှာ တာ၀န်ရှိပါတယ်” ဒါရိုက်တာ ပန်းချီစိုးမိုး က ပေါ်ပြူလာနယူး(စ်) သို့ ပြောကြားထားသည်။

ပရိုဂျူဆာတစ်ဦးက”အနုပညာရှင်တွေအပြင်အတတ်ပညာရှင်တွေလည်းမနစ်နာစေချင်လို့ အကယ်ဒမီစိစစ်ကြည့်ရှုဖို့သဘောတူခဲ့တာ”ဟုဆိုသည်။

လက်ရှိတွင် အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့အနေဖြင့် ဆန်ကာတင်ဇာတ်ကား (၂၉) ကားကို ဒုတိယအကျော့ အနေဖြင့် ကြည့်ရှု အကဲဖြတ်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ (အကယ်ဒမီပေးပွဲ) အခမ်းအနားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတင်ကာ ကိုဗစ် ၁၉ ကပ်ရောဂါ

ထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းများအရ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြန်လည်ကျင်းပရန် ပြင်ဆင်နေကြခြင်းလည်း ဖြစ်သည်။

၂၀၁၉ ခုႏွစ္ ႐ုပ္ရွင္အကယ္ဒမီ ဆန္ခါတင္ စာရင္းတြင္ ေက်ာ္သူ၊ မင္းေမာ္ကြန္း၊ ေဒါင္း၊ ပိုင္ၿဖိဳးသု ၊ ဇာဏ္ခီ၊ ရဲတိုက္၊ ဒါ႐ိုက္တာ ကိုေပါက္တို႔ ပါဝင္သည့္ ဇာတ္ကားမ်ား ပါဝင္

၂၀၁၉ ခုႏွအတြက္ ႐ုပ္ရွင္အကယ္ဒမီ ဆန္ကာတင္စာရင္းတြင္ ပါဝင္သည့္ ႐ုပ္ရွင္ဇာတ္ကားေပါင္း (၂၉) ကားကို အကယ္ဒမီေ႐ြးခ်ယ္ေရးအဖြဲ႕က

ထုတ္ျပန္ထားၿပီး အဆိုပါ စာရင္းထဲတြင္ ပုဒ္မ ၅၀၅ ျဖင့္ တိမ္းေရွာင္ေနရသည့္ သ႐ုပ္ေဆာင္မ်ား ၊ ဒါ႐ိုက္တာမ်ားႏွင့္ ေထာင္ဒဏ္က်ခံေနရသည့္

သ႐ုပ္ေဆာင္မ်ား ၊ ဒါ႐ိုက္တာမ်ား၏ ဖန္တီးမႈ ဇာတ္ကားမ်ား ပါဝင္ေနေၾကာင္း သိရသည္။ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေ႐ြးခ်ယ္ေရးအဖြဲ႕၏

ထုတ္ေဖာ္ေျပာၾကားလာသည့္ အခ်က္အလက္မ်ားအရ ၂၀၁၉ ခုႏွစ္တြင္ ႐ုံတင္ျပသခဲ့သည့္ ႐ုပ္ရွင္ဇာတ္ကားေပါင္း (၉၇) ကားအနက္မွ ပထမအႀကိမ္

အကဲျဖတ္ ၾကည့္ရႈၿပီး ဆန္ကာတင္ (၂၉) ကားကို စီစစ္ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။အဆိုပါ ဆန္ကာတင္ (၂၉) ကားတြင္

အကယ္ဒမီ ေက်ာ္သူ ပါဝင္သ႐ုပ္ေဆာင္ထားသည့္ “ေက်ာမွာဂဠဳန္ ရင္မွာနဂါး” ၊ ” ၁၀၁၄” ၊ အကယ္ဒမီ မင္းေမာ္ကြန္း ပါဝင္သ႐ုပ္ေဆာင္ထားသည့္ ”

ႏိုင္ငံႀကီးသား” ၊ ” ထာဝရထက္ ႏွစ္ဆ” ၊ သ႐ုပ္ေဆာင္ ေဒါင္း ပါဝင္သ႐ုပ္ေဆာင္ထားသည့္ “၁၀၁၄”၊ ” လိပ္ျပာစံအိမ္” ၊ “ဒ႑ာရီမိုး”၊ ဒါ႐ိုက္တာ

ကိုေပါက္ ႐ိုက္ကူးထားသည့္ ” ႐ိုးမေပၚ က်တဲ့မ်က္ရည္” ၊ သ႐ုပ္ေဆာင္ ဇာဏ္ခီ ပါဝင္ သ႐ုပ္ေဆာင္ထားသည့္ ” ထာဝရ ေႏွာင္ႀကိဳး” ၊

သ႐ုပ္ေဆာင္ေဖြးေဖြး ပါဝင္ သ႐ုပ္ေဆာင္ထားသည့္ ” သူစိမ္းအိမ္” ၊ ” လွပ္၍ – လြင့္ေသာ” ၊ ” ပပဝတီ စီရင္ခန္း” ၊ ” ၾကာေတာ့သည္လည္း ေမာင့္စကား”

၊ သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသု ပါဝင္သ႐ုပ္ ေဆာင္ထားသည့္ ” ထာဝရ ေႏွာင္ႀကိဳး” စသည့္ ဇာတ္ကားမ်ား ပါဝင္ေနေၾကာင္း သိရသည္။

ထို႔အျပင္ ေထာင္ဒဏ္က်ခံေနရသည့္ သ႐ုပ္ေဆာင္ ရဲတိုက္ ပါဝင္သ႐ုပ္ေဆာင္ထားသည့္ “ဒ႑ာရီမိုး” ဇာတ္ကားသည္လည္း အကယ္ဒမီ ဆန္ကာတင္

ဇာတ္ကား (၂၉) ကားစာရင္းတြင္ ပါဝင္ေၾကာင္း ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေ႐ြးခ်ယ္ေရးအဖြဲ႕ထံမွ သိရသည္။

အဆိုပါ ျမန္မာ့႐ုပ္ရွင္ အကယ္ဒမီဆု ျပန္လည္ခ်ီးျမႇင့္မည့္ အစီအစဥ္ႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွ တာဝန္ရွိသူတစ္ဦးျဖစ္သည့္

ဒါ႐ိုက္တာ ပန္းခ်ီစိုးမိုးႏွင့္ ေပၚျပဴလာနယူး(စ္) ၏ သီးသန႔္ ေမးျမန္းခန္းတစ္ခုတြင္ ၎က ယခုလို ေျပာၾကားထားသည္။

” ႏိုင္ငံေရးက ႏိုင္ငံေရးသမားေတြ လုပ္လိမ့္မယ္။ ကြၽန္ေတာ္တို႔ အလုပ္မဟုတ္ဘူး ။ ကြၽန္ေတာ္တို႔က အႏုပညာသမား ၊ အႏုပညာအလုပ္ပဲ လုပ္မယ္။

အကယ္ဒမီေပးပြဲဟာ ျဖစ္သင့္ျဖစ္ထိုက္ လုပ္သင့္လုပ္ထိုက္လို႔ လုပ္ျဖစ္တာပါ။ ႐ုပ္ရွင္ေလာကရဲ႕တိုးတတ္ရာ တိုးတတ္ေၾကာင္း ပ်က္ၿပီးေပ်ာက္သြားတာမ်ိဳး

မျဖစ္ေအာင္ ကြၽန္ေတာ္တို႔မွာ တာ၀န္ရွိပါတယ္” ဒါ႐ိုက္တာ ပန္းခ်ီစိုးမိုး က ေပၚျပဴလာနယူး(စ္) သို႔ ေျပာၾကားထားသည္။

ပ႐ိုဂ်ဴဆာတစ္ဦးက”အႏုပညာရွင္ေတြအျပင္အတတ္ပညာရွင္ေတြလည္းမနစ္နာေစခ်င္လို႔ အကယ္ဒမီစိစစ္ၾကည့္ရႈဖို႔သေဘာတူခဲ့တာ”ဟုဆိုသည္။

လက္ရွိတြင္ အကယ္ဒမီဆု ေ႐ြးခ်ယ္ေရးအဖြဲ႕အေနျဖင့္ ဆန္ကာတင္ဇာတ္ကား (၂၉) ကားကို ဒုတိယအေက်ာ့ အေနျဖင့္ ၾကည့္ရႈ အကဲျဖတ္လ်က္ရွိေၾကာင္းလည္း သိရသည္။

ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲ (အကယ္ဒမီေပးပြဲ) အခမ္းအနားကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္က စတင္ကာ ကိုဗစ္ ၁၉ ကပ္ေရာဂါ

ထိန္းခ်ဳပ္ကာကြယ္ေရး စည္းမ်ဥ္းမ်ားအရ ရပ္နားထားခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ ျပန္လည္က်င္းပရန္ ျပင္ဆင္ေနၾကျခင္းလည္း ျဖစ္သည္။