
အထူးသတိပေးချက်…မကြာမီ ဆင်အကောင် ၉၀ စာလောက်ကြီးတဲ့ ဥက္ကာပျံ ကမ္ဘာနဲ့ အနီးဆုံးကို ဖြတ်ပျံတော့မယ်

မဲခေါင်၊ ဧပြီ ၆

ဆင်အကောင် ၉၀ စာ၊ လန်ဒန် ဂါကင်မိုးမျှော်တိုက်ကြီး ထက်ပိုရှည်တဲ့ ဥက္ကာပျံ တစ်ခုဟာ ကမ္ဘာကြီးဆီ ဦးတည်ပြီး အရမ်းမြန်တဲ့ အရှိန်နဲ့ ပျံသန်းလာ နေရာမှာ

ဧပြီ ၆ ရက်နေ့ ကမ္ဘာနဲ့ အနီးဆုံးနေရာက ဖြတ်ပျံသွားလိမ့်မယ်လို့ NASA က ထုတ်ပြန်ပါတယ်။

၁၂၀ မီတာနဲ့ ၂၇၀ မီတာကြားရှိတဲ့ ဒီဥက္ကာပျံကို 2023 FM လို့ နာမည်ပေးထားပြီး မတ် ၁၆ ရက်နေ့က စတင် တွေ့ရှိရာမှာ

ဧပြီ ၂ ရက်နေ့မှာတော့ ကမ္ဘာ့ပတ်လမ်းပေါ် သူ့လမ်းသူ ခွဲထွက်ရောက်ရှိသွားလို့ စိုးရိမ်စရာ မရှိတော့ဘူးလို့ ဆိုပါတယ်။

လာမယ့် ဧပြီ ၆ ရက်နေ့ ရောက်ရင် 2023 FM ဥက္ကာပျံဟာ ကမ္ဘာနဲ့ အနီးဆုံးကအနေ အမြန်နှုန်း တစ်စက္ကန့်ကို ၁၅ ဒသမ ၈ ကီလိုမီတာနှုန်းနဲ့ ပျံသန်းသွားမှာ ဖြစ်ပေမယ့်

အနီးဆုံးဆိုတဲ့ အကွာအဝေး ကတောင် ကမ္ဘာမြေနဲ့ ကီလိုမီတာ ၃ သန်း ကွာဝေးဆဲ ဖြစ်တယ်လို့ NASA က ထုတ်ပြန်တယ်။ဒီဥက္ကာပျံ ဖြတ်သန်းမှု ဖြစ်စဉ်ကို ဆက်လက်လိုက်ပါ လေ့လာမှာဖြစ်ပြီး

ဥက္ကာပျံတစ်ခု ကမ္ဘာ့ပတ်လမ်းထဲကနေ ကမ္ဘာပေါ် ကျရောက်လာဖို့ ဆိုတာ ဆယ်စုနှစ် ၂ ခုမှ တစ်ကြိမ် ဖြစ်နိုင်တာမို့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ဒီဥက္ကာပျံက ပဲ့ထွက်လွင့်စင်ပြီး ကမ္ဘာပေါ်ကို ဧပြီလကုန်ပိုင်းလောက်မှာ ကျရောက်လာနိုင်မဲ့ ဥက္ကာခဲတွေ အရွယ်ဟာလည်း

အချင်း ၉ မီတာနဲ့ ၂၀ မီတာကြားလောက်သာ ကြီးနိုင်လို့ စိုးရိမ်စရာ မရှိတာ ဖြစ်တယ်လို့ NASA က ထုတ်ပြန် ရှင်းလင်းထားပါတယ်။

ဒီရက်ထဲ 2023 FM ထက်ပိုသေးပြီး အချင်း ၄၉ ဒသမ ၂၉ မီတာ ရှိတဲ့ နောက်ထပ် ဥက္ကာပျံ တစ်ခုကို ထပ်တွေ့ရပြီး

2023 DW လို့ နာမည်ပေးထားကာ အိုလံပစ် ရေကူးကန်လောက်သာရှိတဲ့ ဒီဥက္ကာပျံ ကမ္ဘာကို ကျလာရင်တောင် ၂၀၄၆ ခုနှစ် ချစ်သူများနေ့မှ ကျလာနိုင်ကြောင်းနဲ့ လက်ရှိနေကို ၂၇၁ ရက်မှာ တစ်ပတ်နှုန်း ပတ်နေလို့

အဲဒီအချိန် ရောက်ရင် သေးငယ်လွန်းတဲ့ ဥက္ကာခဲ သို့မဟုတ် ပျောက်ကွယ်သွားမယ့် ဥက္ကာခဲမျိုးသာ ဖြစ်ဖို့များတယ်လို့ NASA က ထုတ်ပြန်ဖော်ပြ သွားခဲ့ပါတယ်။

MeKongNews

Zawgyi Version ဖြင့်ဖတ်ရန်