
ဘိုင့်ဘိုင် လူ့ပြည်ရေ အာရုံနောက်တယ် စောစောပဲတက်တော့မယ် ပုံ- သိကြားမင်း ညက သိကြားမင်း ပြန်တက်သွားပါပြီ တကယ်တော့ သင်္ကြန်မှာ သကြားမင်း လူ့ပြည်ဆင်းတယ် ဆိုတဲ့ အယူဝါဒဟား ဟိန္ဒူကနေ ဆင်းသက်လာတဲ့ အယူဝါဒ တစ်ခုသာဖြစ်ပါတယ်

ထိုအယူဝါဒအရ သိကြားမင်းဟာ လူ့ပြည်မှာ ကောင်းမှုကုသိုလ်ထွန်းကားရန်နဲ့ သာသနာပြန့်ပွားရန်အတွက် လူ့ပြည်ဆင်းကာ ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်ေ ကာင်းမူလုပ်သူများကို ရွှေပေလွှာတွင် ရေးမှတ်ပြီး၊ မကောင်းမူလုပ်သူများကို ခွေးသားရေတွင် ရေးမှတ်သွားတယ်လို့လဲ ဆိုပါတယ်

သိကြားမင်းဖြစ်ကြောင်း အကျင့် ၇ ပါး သိကြားမင်း ဖြစ်လာမည့် မာဃလုလင်သည် တည်းခိုနားနေရန် နေရာများ၊ လမ်းများ စသည့် ကောင်းမှုကုသိုလ်တို့အပြင် အောက်ပါ အကျင့်ကောင်း ၇ မျိုးလည်း ရှိသည်

၁ မိဘနှစ်ပါးကို အသက်ထက်ဆုံး ရိုသေလေးစားစွာဖြင့် လုပ်ကျွေးပြုစုခြင်း ၂ အမိဘက် အဖဘက်တို့မှ မိမိထက် အသက်ကြီးသည့် ဆွေမျိုးများကို အသက်ထက်ဆုံး ရိုသေလေးစားခြင်း

၃ အသက်ထက်ဆုံး ချိုသာသော၊ ယဉ်ကျေးသော စကားကို ပြောဆိုခြင်း ၄ ချစ်ခင်သူနှစ်ယောက်အား ကွဲပြားအောင် ကုန်းချောစကားတို့ကို အသက်ထက်ဆုံး မပြောဆိုခြင်း

၅ အသက်ထက်ဆုံး နှမြောခြင်းမရှိဘဲ လွတ်လပ်စွာ ရက်ရက်ရောရော ပေးကမ်းစွဲ့ကြဲခြင်း ၆ အသက်ထက်ဆုံး မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း ၇ အသက်ထက်ဆုံး အမျက်ဒေါသ မထွက်ပေါ်အောင် ထိန်းသိမ်းခြင်း။ တစ်ခါတရံ အမျက်ထွက်မိပါက လျင်မြန်စွာ ပယ်ဖျောက်ခြင်း။

နောင်သံသရာအတွက်သာမက ယခုဘဝအတွက်ပါ ကောင်းမွန်သည့် အကျင့်များကို ပြုခဲ့ဖူးသည့်ကံ၏ အကျိုးကြောင့် နတ်ပြည်တွင် သိကြားမင်း ဖြစ်လာ၏ မာဃလုလင်၏ သူငယ်ချင်း ၃၂ တို့သည်လည်း သိကြားမင်း၏ အခြံအရံနတ်များ ဖြစ်လာကြသည် အခါကြီးရက်ကြီး နှစ်ဆန်း ၁ ရက်နေ့မှာ ဥပုဒ်သီလစောင့်နိုင်ကြဖို့ နိဗ္ဗာန်ဆော်လိုက်ပါတယ်နော်














ဘိုင့်ဘိုင် လူ့ပြည်ရေ အာရုံနောက်တယ် စောစောပဲတက်တော့မယ် ပုံ- သိကြားမင်း ညက သိကြားမင်း ပြန်တက်သွားပါပြီ တကယ်တော့ သင်္ကြန်မှာ သကြားမင်း လူ့ပြည်ဆင်းတယ် ဆိုတဲ့ အယူဝါဒဟား ဟိန္ဒူကနေ ဆင်းသက်လာတဲ့ အယူဝါဒ တစ်ခုသာဖြစ်ပါတယ်

ထိုအယူဝါဒအရ သိကြားမင်းဟာ လူ့ပြည်မှာ ကောင်းမှုကုသိုလ်ထွန်းကားရန်နဲ့ သာသနာပြန့်ပွားရန်အတွက် လူ့ပြည်ဆင်းကာ ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ် ကောင်းမူလုပ်သူများကို ရွှေပေလွှာတွင် ရေးမှတ်ပြီး၊ မကောင်းမူလုပ်သူများကို ခွေးသားရေတွင် ရေးမှတ်သွားတယ်လို့လဲ ဆိုပါတယ်

သိကြားမင်းဖြစ်ကြောင်း အကျင့် ၇ ပါး သိကြားမင်း ဖြစ်လာမည့် မာဃလုလင်သည် တည်းခိုနားနေရန် နေရာများ၊ လမ်းများ စသည့် ကောင်းမှုကုသိုလ်တို့အပြင် အောက်ပါ အကျင့်ကောင်း ၇ မျိုးလည်း ရှိသည်

၁ မိဘနှစ်ပါးကို အသက်ထက်ဆုံး ရိုသေလေးစားစွာဖြင့် လုပ်ကျွေးပြုစုခြင်း ၂ အမိဘက် အဖဘက်တို့မှ မိမိထက် အသက်ကြီးသည့် ဆွေမျိုးများကို အသက်ထက်ဆုံး ရိုသေလေးစားခြင်း ၃ အသက်ထက်ဆုံး ချိုသာသော၊ ယဉ်ကျေးသော စကားကို ပြောဆိုခြင်း ၄ ချစ်ခင်သူနှစ်ယောက်အား ကွဲပြားအောင် ကုန်းချောစကားတို့ကို

အသက်ထက်ဆုံး မပြောဆိုခြင်း ၅ အသက်ထက်ဆုံး နှမြောခြင်းမရှိဘဲ လွတ်လပ်စွာ ရက်ရက်ရောရော ပေးကမ်းစွဲ့ကြဲခြင်း ၆ အသက်ထက်ဆုံး မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း ၇ အသက်ထက်ဆုံး အမျက်ဒေါသ မထွက်ပေါ်အောင် ထိန်းသိမ်းခြင်း တစ်ခါတရံ အမျက်ထွက်မိပါက လျင်မြန်စွာ ပယ်ဖျောက်ခြင်း

နောင်သံသရာအတွက်သာမက ယခုဘဝအတွက်ပါ ကောင်းမွန်သည့် အကျင့်များကို ပြုခဲ့ဖူးသည့်ကံ၏ အကျိုးကြောင့် နတ်ပြည်တွင် သိကြားမင်း ဖြစ်လာ၏ မာဃလုလင်၏ သူငယ်ချင်း ၃၂ တို့သည်လည်း သိကြားမင်း၏ အခြံအရံနတ်များ ဖြစ်လာကြသည် အခါကြီးရက်ကြီး နှစ်ဆန်း ၁ ရက်​နေ့မှာ ဥပုဒ်သီလ​စောင့်နိုင်ကြဖို့ နိဗ္ဗာန်​ဆော်လိုက်ပါတယ်​နော်