Credit : paragoniaplus
Uicode
အဆီပိုတွေကို ရှင်းထုတ်ဖို့ အကောင်းဆုံး အလွယ်ဆုံး နည်းလမ်းများ
အရမ်းဝတဲ့ ခန္ဓာကိုယ် အတွက် ၁၀ ရက် အတွင်းမှာ ၂၂ ပေါင် ကျစေ ပါသည် ။ အနည်းငယ်သာဝတဲ့ သူဆိုရင် ၁၀ ပေါင် နီးပါး ကျ ပါ တယ် ။ တစ်ရက်ကို ၁၅ မိနစ်၊ မိနစ် ၂၀ လမ်း လျှောက် ပေးရုံပါပဲ ။
ဒီ Diet Plan ကို လုပ်မယ်ဆိုရင် သကြား နဲ့ ဆား လုံးဝ မစားရပါဘူး ။
အချိုရည်လည်း လုံးဝ မသောက်ရပါဘူး ။
အရည် သောက် မယ် ဆိုရင် သံပုရာရည်ပဲ သောက်ရပါမယ် ။
သံပုရာရည် တောင်မှ ရေထဲမှာ သံပုရာသီး ညှစ်ထည့်ပြီး တစ်ရက်ကို တစ်လီတာ ကနေ နှစ်လီတာ လောက်ထိ သောက်ပေး ရပါမယ် ။
သံပုရာရည် သောက်ခြင်းက လူ့ခန္ဓာကိုယ်မှ ာရှိတဲ့ အဆိပ် အငွေ့ နဲ့ အဆီ တွေကို လျော့ စေပါတယ် ။
ထို့ကြောင့် သံပုရာရည် များများ သောက် ပေးပါ ။
အခု ပြောပြမဲ့ diet plan က မနက်အိပ်ယာ ထ ထခြင်း ကြက်ဥသုံးလုံးကို ပြုတ်ပြီး ဒီတိုင်းစားရ ပါမယ် ။
နေ့လည်စာကိုလည်း ကြက်ဥ သုံးလုံးကို ပြုတ်ပြီး တော့မှ စားရပါမယ် ။ ပြီးရင် မိမိကြိုက် နှစ်သက်တဲ့ အသီးအနှံ တမျိုးမျိုးကို စားပေး ရပါမယ် ။
နေ့လည်စာ စားပြီး ညစာ မစားခင်မှာ ဗိုက်ဆာပါက ဌက်ပျောသီး သို့မဟုတ် တခြား အသီးတမျိုးမျိုး စားနိုင် ပါတယ် ။
ညစာ ကိုတော့ Oatmeal စားပါ။
Oatmeal ကိုမှ ပန်းကန်ထဲ ထည့်ပြီး နွားနို့ ထည့်ပြီး အနည်းငယ် ချက် ပေး ရ မယ် ။
ထို oatmeal ထဲမှာ ပန်းသီး ဖြစ်ဖြစ် ၊ ဌက်ပျောသီးပဲ ဖြစ်ဖြစ် ထည့်လို့ ရပါတယ် ။
နောက်ဆုံး oatmeal နယ်မှာ ဝယ်လို့ မရဘူးဆိုရင် Oatmeal အစား အသီးအရွက်ကို ပြုတ်ပြီးမှ စားလို့ ရပါတယ် ။
Diet Plan လုပ်နေတဲ့ အချိန်မှာ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင် သွားခြင်းကို ရှောင်ကြဉ်သင့်ပါတယ် ။
ဒီ Diet Plan ကို အများဆုံး ၁၅ ရက် လောက်သာ လုပ်သင့် ပါတယ်။ ရေရှည် ဆိုရင်ကျန်းမာရေး ထိခိုက် နိုင်လို့ပါ ။
ဒီ plan လုပ်တဲ့ တပတ်အတွင်းမှာ သိသိသာသာ ဝိတ်ကျလာတာကို တွေ့နိုင်ပါတယ် ။
Credit : paragoniaplus