ဗုဒၶဂယာမြာခ္ၫ္းပဲ ဘာေၾကာင့္ ဘုရား႐ြငၱိဳ႕ျပင့္ၾကတာလဲဆိုေတာ့

ဗုဒၶဂယာမွာခ်ည္းပဲ ဘာေၾကာင့္ ဘုရားရွင္တို႔ပြင့္ၾကတာလဲ

အိႏၵိယ လို႔ၾကားလိုက္တာနဲ႔ ေျပာလိုက္တာနဲ႔ ဘုရားရွင္တိုင္းပြင့္ေတာ္မူခဲ့တဲ့ ဗုဒၶဂယာကိုေတာ့ ဗုဒၶဘာသာဝင္တိုင္း သတိရၾကလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။

ဘဒၵကမာၻႀကီးမွာ ေရွးက ကကုသန္၊ ေကာဏာဂုံ၊ကႆပ၊ ေဂါတမ ရယ္လို႔ ဘုရားေလးဆူတို႔ဟာ မဇၥ်ိမေဒသ၊ ဗုဒၶဂယာေျမျမတ္မဟာမွာ ပြင့္ေတာ္မူသြားၾကပါၿပီ။

ကကုသန္ဘုရားရွင္ဟာ လူေတြရဲ႕သက္တမ္း အႏွစ္တစ္သိန္းတမ္းမွာ ပြင့္ေတာ္မူခဲ့ပါတယ္။ ေကာဏာဂုံဘုရားရွင္ဟာ လူေတြရဲ႕သက္တမ္း အႏွစ္ငါးေသာင္းတမ္းမွာ ပြင့္ေတာ္မူခဲ့ပါတယ္။ ကႆပဘုရားရွင္ဟာ လူေတြရဲ႕သက္တမ္း အႏွစ္ ႏွစ္ေသာင္းတမ္းမွာ ပြင့္ေတာ္မူခဲ့ပါတယ္။ ေဂါတမဘုရားရွင္ကေတာ့ လူေတြရဲ႕သက္တမ္း အႏွစ္တစ္ရာတမ္းမွာ ပြင့္ေတာ္မူခဲ့ပါတယ္။ ဘဒၵကမာၻမွာ ပြင့္ဖို႔ ေနာက္တစ္ဆူက်န္ေသးတဲ့ အရိေမေတၱယ်ဘုရားရွင္ဟာလည္း ဗုဒၶဂယာမွာပဲလူေတြရဲ႕သက္တမ္း အႏွစ္ရွစ္ေသာင္းတမ္းမွာ ပြင့္ေတာ္မူမွာျဖစ္ပါတယ္။

ကမာၻေလာကႀကီးမွာ အနႏၲစၾကာဝဠာတစ္ခုဟာ စူဠေလာကဓာတ္တစ္ခုျဖစ္ပါတယ္။ စူဠေလာ ကဓာတ္ တစ္ေသာင္းဟာ မဇၥ်ိမေလာကဓာတ္တစ္ခု ျဖစ္ပါတယ္။ မဇၥ်ိမေလာကဓာတ္ေပါင္း ဆယ္ကုေဋဟာ မဟာေလာကဓာတ္ျဖစ္ပါတယ္။

မဟာေလာကဓာတ္တစ္ခုရဲ႕ အတြင္းမွာ စူဠေလာကဓာတ္ေပါင္း ကုေဋတစ္သိန္းရွိပါတယ္။ အဲဒီ မဟာေလာကဓာတ္ရဲ႕ အတြင္း လူ႔ျပည္မွာသာ သစၥာေလးပါးကိုသိေတာ္မူတဲ့ဘုရားရွင္ေတြဟာ ပြင့္ေတာ္မူၾကပါတယ္။

ဘုရားပြင့္ေတာ္မူတဲ့အခါလည္း မဟာေလာကဓာတ္ရဲ႕အလယ္ဗဟိုတည့္တည့္ မဇၥ်ိမေလာကဓာတ္မွာပဲ ဘုရားရွင္ပြင့္ေတာ္မူပါတယ္။ အျခား မဇၥ်ိမေလာကဓာတ္မွာ ဘုရားပြင့္ေတာ္မမူေလ့မရွိပါ။ ဘုရားရွင္ပြင့္ေတာ္မူတဲ့ မဇၥ်ိမေလာကဓာတ္မွာလည္း အလည္ဗဟိုတည့္တည့္ စူဠေလာကဓာတ္လို႔ေခၚတဲ့ ဗုဒၶဂယာေျမမွာပဲ ဘုရားရွင္တို႔ပြင့္ေတာ္မူၾကပါတယ္။

အဲဒီလို စူဠေလာကဓာတ္မွာ ဘုရားရွင္ပြင့္ေတာ္မူတဲ့အခါလည္း ကြၽန္းႀကီးေလးကြၽန္းရွိတဲ့အနက္ ဇမၺဳသေျပပင္ေပါက္ရာျဖစ္တဲ့ ဇမၺဴဒီပါ လက္ယာ ေတာင္ကြၽန္းမွာသာ ပြင့္ေတာ္မူၾကပါတယ္။။ က်န္တဲ့ကြၽန္းသုံးကြၽန္းမွာ ဘယ္ေသာအခါမွ ဘုရားရွင္တို႔ ပြင့္ေတာ္မမူၾကပါ။

ဘုရားရွင္ပြင့္ေတာ္မူတဲ့အခါလည္း အခ်ိန္ကာလတစ္ခုတည္းမွာ ဘုရားႏွစ္ဆူၿပိဳင္၍ ပြင့္႐ိုးထုံးစံဓမၼတာမရွိပါ။ တစ္ဆူပြင့္ၿပီးမွ ေနာက္တစ္ဆူ ေရွ႕ ေနာက္ပြင့္ေတာ္မူၾကပါတယ္။

အဲဒါေၾကာင့္ ဘုရားရွင္က အဂုတၤၳဳရ္ပါဠီေတာ္မွာ ဒီလိုေဟာၾကားထားပါတယ္။ “အဌာန ေမတံဘကၡိေဝ အနဝကာေသာ၊ ယံ ဧကိႆာ ေလာကဓာတုယာေဒြ အရဟေႏၲာ သမၼာသမၺဳဒၶါ အဗုပၸံ အစရိမံ ဥပၸေဇၨယ်ဳႏၲိ၊ ေနတံ ဌာနံ ဝဇၨတိ။”ဘိကၡေဝ၊ ခ်စ္သားရဟန္းတို႔။ ဧကိႆေလာကဓာတုယာ၊ တစ္ေသာင္းေလာကဓာတ္အတြင္း၌။ အရဟေႏၲာ၊ ပူေဇာ္အထူးကို ခံေတာ္မူထိုက္ကုန္ေသာ။ ေဒြသမၼာသမၺဳဒၶါ ႏွစ္ဆူေသာ သဗၺညဳဘုရားရွင္တို႔သည္။ အဗုပၸံ အစရိမံ၊ မေရွးမေႏွာင္းတၿပိဳင္နက္။ ယံဥပၸေဇၨယ်ဳံ၊ အၾကင္ျဖစ္ကုန္ရာ၏။ ဧတံ၊ ဤသို႔ျဖစ္ခ်င္းသည္။ အဌာနံ၊ အေၾကာင့္မဟုတ္။ အနဝကာေသာ၊ အရာမဟုတ္။ ဣတိ ဧတံဌာနံ၊ ဤသို႔ျဖစ္ခ်င္းအေၾကာင္းသည္။ နဝဇၨတိ၊ ေလာကမွာ မရွိႏိုင္။

ေလာကမွာ ဘုရားတစ္ဆူပြင့္ဖို႔ဆိုတာ အရမ္းခက္ခဲပါတယ္။ မလြယ္ကူလွပါဘူး။ဘုရားတစ္ဆူပြင့္ၿပီးလို႔ ေနာက္ဘုရားတစ္ဆူပြင့္မယ့္ၾကားမွာလည္း အခ်ိန္ကာလေတြ မ်ားစြာျခားနား ၾကာေညာင္းလွပါတယ္။

မဟာပထဝီေျမႀကီးဟာ အႏွစ္တစ္ရာၾကာမွ လက္တစ္သစ္အေပၚသို႔တိုး၍ ျမင့္တက္တယ္လို႔ဆိုပါတယ္။

ဘုရားပြင့္ဖို႔ဆိုတာ ေရွ႕ဘုရားရွင္ရဲ႕သာသနာကြယ္ၿပီးတဲ့ေန႔ကစၿပီး မဟာပထဝီေျမႀကီး တစ္ယူဇနာအထိ အေပၚသို႔တက္မွ ေနာက္ဘုရားတစ္ဆူပြင့္ပါတယ္။

ဘုရားမပြင့္တဲ့ ကမာၻေျမႀကီးကို သုညကမာၻလို႔ေခၚၿပီးဘုရားပြင့္တဲ့ကမာၻႀကီးကို အသုညကမၻလို႔ေခၚပါတယ္။ ဘုရားပြင့္တဲ့ အသုညကမာၻမွာ ကမာၻႀကီးငါးခုရွိပါတယ္။

ဘုရားတစ္ဆူပြင့္တဲ့ ကမာၻကို သာရကမာၻ။ ဘုရားႏွစ္ဆူပြင့္တဲ့ကမာၻကို မ႑ကမာၻ။ဘုရားသုံးဆူပြင့္တဲ့ကမာၻကို ဝရကမာၻ။ ဘုရားေလးဆူပြင့္တဲ့ ကမာၻကို သာရမ႑ကမာၻ။ ဘုရားငါးဆူပြင့္တဲ့ ကမာၻကိုဘဒၵကမာၻလို႔ေခၚပါတယ္။

လောကကြီးမှာ ဘုရားငါးဆူထက် ပိုပွင့်တဲ့ ကမ္ဘာမရှိပါ။ မဟာဗောဓိပလ္လကောင်္ ဝိနသာမာနေ လောကေ ပစ္ဆာဝိနဿတိ၊သဏ္ဍဟမာနေ ပဌမံ သဏ္ဍဟတိဆိုတဲ့ ပိဋကတ်တော်လာ စကားအရ…

မဟာေဗာဓိပင္ႀကီးေအာက္ ဘုရားအဆူဆူတို႔သစၥာေလးပါး တရားထူးတရားျမတ္ကိုသိရွိ၍ ဘုရားျဖစ္ေတာ္မူခဲ့တဲ့ အပရာဇိတပလႅင္(ဝဇိရာသနပလႅင္)ေတာ္ တည္ရွိတဲ့ေနရာ ဗုဒၶဂယာေျမ ျမတ္မဟာ…

ကမာၻေျမႀကီးစတင္ေပၚေပါက္တဲ့အခါ ပထမဦးဆုံးေပၚေပါက္ၿပီး ကမာၻႀကီးပ်က္တဲ့အခါ ေနာက္ဆုံးမွပ်က္တဲ့ေနရာျဖစ္ပါတယ္။

ဘုရားတစ္ဆူသာပြင့္တဲ့ ကမာၻျဖစ္မယ္ဆိုရင္ ကမာၻဦးအစ ကမာၻဦးကာလက လူ႔ျပည္လူ႔ေျမျဖစ္တဲ့ ဒီကမာၻေျမႀကီး စတင္ျဖစ္ေပၚတဲ့ အပရာဇိတပလႅင္(ဝဇိရာသနပလႅင္)ေတာ္ တည္ရွိတဲ့ေနရာ ဗုဒၶဂယာေျမမွာ ပရိကၡရာတစ္စုံသီးတဲ့ ၾကာပြင့္ႀကီးတစ္ပြင့္ပါတဲ့ ပဒုမၼာၾကာပန္းႀကီးတစ္ပင္ေပါက္လာပါတယ္။

ဘုရားႏွစ္ဆူပြင့္မယ္ကမာၻဆိုရင္ ပရိကၡာႏွစ္စုံသီးတဲ့ ၾကာပြင့္ႀကီးႏွစ္ပြင့္ပါတယ္ပဒုမၼာၾကာပင္ႀကီးတစ္ပင္ေပါက္လာပါတယ္။ ဘုရားသုံးဆူပြင့္မယ္ကမာၻဆိုရင္ ပရိကၡရာသုံးစုံသီးတဲ့ ၾကာပြင့္ႀကီးသုံးပြင့္ပါတဲ့ ပဒုမၼာၾကာပင္ႀကီးတစ္ပင္ေပါက္လာပါတယ္။

ဘုရားေလးဆူပြင့္မယ့္ကမာၻဆိုရင္ ပရိကၡရာေလးစုံသီးတဲ့ ၾကာပြင့္ႀကီးေလးပြင့္ပါတယ္ ပဒုမၼာၾကာပင္ႀကီးတစ္ပင္ေပါက္လာပါတယ္။ ဘုရားငါးဆူပြင့္မယ့္ ကမာၻဆိုရင္ ပရိကၡရာငါးစုံသီးတဲ့ ၾကာပြင့္ႀကီးငါးပြင့္ပါတဲ့ ပဒုမၼာၾကာပင္ႀကီးတစ္ပင္ေပါက္လာပါတယ္။

ပရိကၡရာအစုံသီးေနတဲ့ အဲဒီပဒုမၼာၾကာပင္ႀကီးကို သုဒၶဝါသျဗာဟၼာႀကီးေတြ ျမင္ေတြ႕ရတဲ့အခါအရမ္းဝမ္းသာၾကလ်က္ ဘုရားပြင့္မယ့္ ကမာၻေလာ၊ ဘုရားမပြင့္တဲ့ကမာၻေလာလို႔ ပုဗၺနိမိတ္ေတြ ဖတ္ၾကကာ ပရိကၡရာအစုံတို႔ကို သိမ္း ဆည္းထားၾက၍ ေနာင္ပစၦိမဘဝိက ဘုရားအေလာင္းတို႔ ေတာထြက္တဲ့အခါ ကပ္လႉၾကပါတယ္။

ဒါ့ေၾကာင့္ဗုဒၶဘာသာဝင္ေတြအတြက္ ဗုဒၶဂယာေျမဟာ အထြဋ္အျမတ္ထားတဲ့ေနရာ၊ မေမ့သင့္ မေမ့ထိုက္တဲ့ေနရာ၊ ကုသိုလ္ေတြျပဳလုပ္၍သံေဝဂယူစရာေကာင္းတဲ့ေနရာ ၊ ဗုဒၶဘာသာဝင္ေတြရဲ႕ ႏွလုံးသားပင္ျဖစ္ပါတယ္။

ပေစၥကဗုဒၶါနဲ႔ အရိယာသူေတာ္ေကာင္းေတြဟာလည္းဘုရားရွင္တို႔ပြင့္ေတာ္မူရာ ဇမၺဴဒီပါ လက္ယာေတာင္ကြၽန္းမွာသာ ပြင့္ၾကရ၊ ျဖစ္ၾကရပါတယ္။

ပေစၥကဗုဒၶါေတြဟာ ဘုရားရွင္ရဲ႕ သာသနာပမွာ(သာသနာမရွိ၊ သာသနာကြယ္ၿပီးကြယ္ၿပီးတဲ့ေနာက္မွာ) သုညကမာၻ၊ အသုညကမာၻႏွစ္ခုလုံးမွာဆရာမလိုဘဲ မိမိအလိုလို ကိုယ္ေတာ္တိုင္ ပြင့္ေတာ္မူၾကတဲ့ ဘုရားငယ္ေတြျဖစ္ပါတယ္။

ကိုယ္ကိုယ္တိုင္ သစၥာေလးပါးကို သိေပမယ့္ သူတစ္ပါးကို မေဟာျပႏိုင္တဲ့ ဘုရားငယ္ေတြျဖစ္ပါတယ္။ ပေစၥကဗုဒၶါေတြဟာ တစ္ဆူတည္းလည္းပြင့္ႏိုင္တယ္။ ႏွစ္ဆူ၊ သုံးဆူ၊ ေလးဆူ၊ ငါးဆူမက အဆူတစ္ရာ၊ ႏွစ္ရာလည္း ၿပိဳင္၍ ပြင့္ၾကပါတယ္။ ပြင့္ႏိုင္ပါတယ္။

စၾကာဝေတးမင္းကေတာ့ ကမာၻတိုင္း ကမာၻတိုင္း၊ စၾကာဝဠာတိုင္း စၾကာဝဠာတိုင္း ဇမၺဴဒီပါ လက္ယာေတာင္ကြၽန္းမွာသာ ျဖစ္ၾကၿပီး ေလးကြၽန္းလုံးကို အုပ္စိုးပိုင္သ အစိုးရပါတယ္။ စၾကာဝဠာတစ္ခုအတြင္းမွာကား စၾကာဝေတးမင္းတစ္ပါးတည္းသာ ျဖစ္ေလ့ရွိပါတယ္။ ႏွစ္ပါးၿပိဳင္၍မျဖစ္ၾကပါ။

ဘုရား၊ ပေစၥကဗုဒၶ အရိယာသူေတာ္ေကာင္းေတြဟာ ေလာကႀကီးမွာဘာ့ေၾကာင့္ ျဖစ္ၾကရ၊ပြင့္ၾကရတာလဲဆိုရင္ သတၱာေလာကအတြင္းမွာအိုေဘး၊ နာေဘး၊ ေသေဘး ေတြဟာ မေျပာင္းမလဲ အၿမဲထင္ရွား ရွိေနၾကလို႔ျဖစ္ပါတယ္။

အဲဒီ အိုေဘး၊ နာေဘး၊ ေသေဘးဆိုတဲ့ အရာသုံးခုဟာ မျပတ္မလပ္ လြန္စြာဖိစီး ႏွိပ္စက္တဲ့အတြက္ေၾကာင့္ ဘုရားမျဖစ္ျဖစ္ေအာင္ မပြင့္ခ်င္ ပြင့္ခ်င္ေအာင္ တိုက္တြန္းႏႈိးေဆာ္ေနၾကတဲ့အတြက္ ေလာကမွာ ဘုရား၊ပေစၥကဗုဒၶါ၊ အရိယာတို႔ ပြင့္ၾကရ ျဖစ္ၾကရပါတယ္။

တစ္ကယ္လို႔ သတၱေလာကအတြင္းမွာ အိုေဘး၊ နာေဘး၊ ေသေဘး၊ ဆိုတဲ့ အရာသုံးခုဟာ ထင္ရွားမရွိဘူးဆိုရင္ အတိတ္၊အနာဂတ္၊ ပစၥဳပၸန္ဆိုတဲ့ ကာလသုံးပါးမွာ ဘယ္အခါမွ် ဘုရား ပေစၥကဗုဒၶါ၊ အရိယာသူေတာ္ေကာင္းေတြ ျဖစ္ၾကရမယ္ ပြင့္ၾကရမယ္မဟုတ္ပါ။

ဘုရားပြင့္တဲ့အခါလည္း…

ဝီရိယာဓိက-တစ္ဆယ့္ေျခာက္သေခ်နၤဲ့ ကမာၻတစ္သိန္း ပါရမီျဖည့္က်င့္အားထုတ္ရတဲ့ ဘုရား။ သဒၶါဓိက- ရွစ္သေခ်နၤဲ့ ကမာၻတစ္သိန္းပါရမီျဖည့္က်င့္အားထုတ္ရတဲ့ ဘုရား။ပညာဓိက- ေလးသေခ်နၤဲ့ ကမာၻတစ္သိန္း ပါရမီျဖည့္က်င့္အားထုတ္ရတဲ့ ဘုရားရယ္လို႔ ဘုရားသုံးမ်ိဳး ကြဲျပားသြားပါတယ္။

ဒါျပင္ဗုဒၶေလးမ်ိဳးဆိုတာ ရွိပါေသးတယ္။ ၁။ သမၼာသမၺဳဒၶ-သမၼာသေမၺာဓိဥာဏ္၊ သဗၺညဳတဥာဏ္ကို ရရွိေတာ္မူတဲ့ ဘုရား။

၂။ ပေစၥကဗုဒၶ- ပေစၥက – အသီးသီး၊ ဗုဒၶ-သစၥာေလးပါးကို သိတဲ့ဘုရား၊ ႏွစ္သေခ်နၤဲ့ ကမာၻတစ္သိန္း ပါရမီျဖည့္က်င့္အားထုတ္ရတဲ့ဘုရား။

၃။ စတုသစၥဗုဒၶ-သစၥာေလးပါးကို သိတဲ့ ရဟႏၲာပုဂၢိဳလ္မ်ား။

၄။သုတဗုဒၶ-အၾကားအျမင္ေတြမ်ားၿပီး ပိဋကတ္စာေပေတြအေပၚမွာ တတ္ကြၽန္းလိမၼာတဲ့သူရယ္လို႔ ဘုရားေလးဆူရွိပါတယ္။

အဲဒီအထဲမွာ သမၼာသမၺဳဒၶဘုရားရွင္တိုင္းကေတာ့ ဗုဒၶဂယာေျမထူးေျမျမတ္မွာပဲ ပြင့္ေတာ္မူၾကပါတယ္။

ဗုဒၶဂယာမွာ ဘုရားရွင္တို႔ ပြင့္ေတာ္မူတိုင္း မဟာပထဝီကမာၻေျမႀကီးဟာ တုန္လႈပ္ခဲ့ပါတယ္။

အဲဒီလိုပဲ ေနာင္ပြင့္ေတာ္မူမယ့္အရိေမတၱယ်ဘုရားရွင္ပြင့္ေတာ္မူတဲ့အခါလည္း မဟာပထဝီကမာၻေျမႀကီးဟာေကာင္းခ်ီးေပး၍ တုန္လႈပ္ဦးမွာ ျဖစ္ပါတယ္။

အပရာဇိတ ပလ္လကေင်္ သီေသ ပုထု ဝိပုကၡေလ အဘိသေက သဗ္ဗဗုဒ္ဓါနံ အဂၢပေတၱာ ပေမာဒတိ။”ဆိုတဲ့ ဘုရားေဟာပါဠီေတာ္အရ…

ဗုဒၶဂယာဆိုတာ ေဂါတမဗုဒၶဟာ မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္၊ ကဆုန္လျပည့္ ဗုဒၶဟူးေနတြင္ မဟာေဗာဓိပင္ေအာက္ အပရာဇိတပလႅင္ထက္မွာ ေလာကသုံးပါးမွာအထြတ္အထိပ္ သဗၺညဳတဥာဏ္ေတာ္ပိုင္ရွင္ဘုရားအျဖစ္ သို႔ေရာက္ေတာ္မူခဲ့သလို ဘုရားအဆူဆူေတြရဲ႕ ပြင့္ေတာ္မူရာ ေျမျမတ္ျဖစ္တဲ့ အတြက္ေၾကာင့္…

အိႏၵိယ ႏိုင္ငံအပါအဝင္ တစ္ကမာၻလုံးရွိ ဗုဒၶဘာသာဝင္ေတြအတြက္ အမြန္ျမတ္ဆုံးေနရာဌာနတစ္ခုျဖစ္ၿပီး ေရာက္ဖူးသင့္ ေရာက္ဖူးထိုက္၊ ဖူးေျမာ္သင့္ ဖူးေျမာ္ထိုက္တဲ့အရပ္ေဒသေျမထူးေျမျမတ္ဟာ ဗုဒၶဂယာပဲ ျဖစ္ပါတယ္။

ဗုဒၶဂယာဟာထူးျမတ္တဲ့မဇၥ်ိမေဒသမွာ သံေဝဂယူစရာေနရာတစ္ခုျဖစ္သလို သံေဝဇနိယ ေလးဌာနတြင္ပါဝင္ၿပီးဘုရားရွင္တိုင္းတို႔ရဲ႕ မစြန္႔အပ္တဲ့ အဝိဇဟိတဌာနထူးလည္း ျဖစ္ပါတယ္။

ဗုဒၶဘာသာဝင္ေတြအတြက္ တုႏႈိင္းစရာမရွိတဲ့ေနရာ၊ တန္ဖိုးမျဖတ္ႏိုင္တဲ့ေနရာ၊ တန္ခိုးႀကီးမားတဲ့ေနရာ၊ ကုသိုလ္တရား အထူးတိုးပြားေစႏိုင္တဲ့ေနရာ၊ အထူးမြန္ျမတ္ အေရးပါတဲ့ေနရာျဖစ္ပါတယ္။

ဘုရားရွင္ သဗၺညဳတေ႐ႊဥာဏ္ေတာ္ကိုရ၍ဗုဒၶအျဖစ္သို႔ ေရာက္ရွိခဲ့တဲ့ ဒႆ န သံေဝဇနိယ ေနရာဌာနျဖစ္တဲ့အတြက္ေၾကာင့္ ဗုဒၶဂယာမွာကုသိုလ္ျပဳလုပ္တတ္ရင္ တစ္ကယ္အပါယ္တံခါးပိတ္တဲ့ေနရာျဖစ္ပါတယ္။

ဗုဒၶေခတ္မတိုင္မီက ဒီေဒသတစ္ဝိုက္ကို ဥ႐ုေဝလလို႔ေခၚတြင္ခဲၿပီး ဗုဒၶေခတ္မွာ ေဗာဓိမ႑လ၊ သေမၺာဓိ၊ ေဗာဓိ႐ုကၡမူလ စသည္ျဖင့္ေခၚခဲ့ပါတယ္။

ဆယ့္သုံးရာစုတြင္ ေဒသခံေတြက ျဗဟၼဂယာလို႔ေခၚတဲ့ ဂယာၿမိဳ႕(ဗိႆႏိုးနတ္ကြန္း)နဲ႔ ကဲျပားေစရန္ ဗုဒၶဂယာလို႔ေခၚတြင္ခဲ့ၾကပါတယ္။

တစ္နည္းေျပာရရင္ ဗုဒၶဂယာဆိုတဲ့အမည္မွာ ဂယာၿမိဳ႕အနီး တည္ရွိမႈကို အစဲျပဳ၍ ဗုဒၶပြင့္ေတာ္မူခဲ့တဲ့ေနရာကို ဂယာတပ္၍ ေခၚဆိုၾကတာလည္းရွိျဖစ္ပါတယ္။

ဓမၼဒါယာဒဆရာေတာ္ ေဒါက္တာအရွင္နႏၵသာရ(ဗုဒၶဂယာ) ေမတၱာျဖင့္ ျပန္လည္မွ်ေဝ ပူေဇာ္ပါသည္။Credit

Unicode

ဗုဒ္ဓဂယာမှာချည်းပဲ ဘာကြောင့် ဘုရားရှင်တို့ပွင့်ကြတာလဲ

အိန္ဒိယ လို့ကြားလိုက်တာနဲ့ ပြောလိုက်တာနဲ့ ဘုရားရှင်တိုင်းပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓဂယာကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သတိရကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဘဒ္ဒကမ္ဘာကြီးမှာ ရှေးက ကကုသန်၊ ကောဏာဂုံ၊ကဿပ၊ ဂေါတမ ရယ်လို့ ဘုရားလေးဆူတို့ဟာ မဇ္ဈိမဒေသ၊ ဗုဒ္ဓဂယာမြေမြတ်မဟာမှာ ပွင့်တော်မူသွားကြပါပြီ။

ကကုသန်ဘုရားရှင်ဟာ လူတွေရဲ့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ ပွင့်တော်မူခဲ့ပါတယ်။ ကောဏာဂုံဘုရားရှင်ဟာ လူတွေရဲ့သက်တမ်း အနှစ်ငါးသောင်းတမ်းမှာ ပွင့်တော်မူခဲ့ပါတယ်။ ကဿပဘုရားရှင်ဟာ လူတွေရဲ့သက်တမ်း အနှစ် နှစ်သောင်းတမ်းမှာ ပွင့်တော်မူခဲ့ပါတယ်။ ဂေါတမဘုရားရှင်ကတော့ လူတွေရဲ့သက်တမ်း အနှစ်တစ်ရာတမ်းမှာ ပွင့်တော်မူခဲ့ပါတယ်။ ဘဒ္ဒကမ္ဘာမှာ ပွင့်ဖို့ နောက်တစ်ဆူကျန်သေးတဲ့ အရိမေတ္တေယျဘုရားရှင်ဟာလည်း ဗုဒ္ဓဂယာမှာပဲလူတွေရဲ့သက်တမ်း အနှစ်ရှစ်သောင်းတမ်းမှာ ပွင့်တော်မူမှာဖြစ်ပါတယ်။

ကမ္ဘာလောကကြီးမှာ အနန္တစကြာဝဠာတစ်ခုဟာ စူဠလောကဓာတ်တစ်ခုဖြစ်ပါတယ်။ စူဠလော ကဓာတ် တစ်သောင်းဟာ မဇ္ဈိမလောကဓာတ်တစ်ခု ဖြစ်ပါတယ်။ မဇ္ဈိမလောကဓာတ်ပေါင်း ဆယ်ကုဋေဟာ မဟာလောကဓာတ်ဖြစ်ပါတယ်။

မဟာလောကဓာတ်တစ်ခုရဲ့ အတွင်းမှာ စူဠလောကဓာတ်ပေါင်း ကုဋေတစ်သိန်းရှိပါတယ်။ အဲဒီ မဟာလောကဓာတ်ရဲ့ အတွင်း လူ့ပြည်မှာသာ သစ္စာလေးပါးကိုသိတော်မူတဲ့ဘုရားရှင်တွေဟာ ပွင့်တော်မူကြပါတယ်။

ဘုရားပွင့်တော်မူတဲ့အခါလည်း မဟာလောကဓာတ်ရဲ့အလယ်ဗဟိုတည့်တည့် မဇ္ဈိမလောကဓာတ်မှာပဲ ဘုရားရှင်ပွင့်တော်မူပါတယ်။ အခြား မဇ္ဈိမလောကဓာတ်မှာ ဘုရားပွင့်တော်မမူလေ့မရှိပါ။ ဘုရားရှင်ပွင့်တော်မူတဲ့ မဇ္ဈိမလောကဓာတ်မှာလည်း အလည်ဗဟိုတည့်တည့် စူဠလောကဓာတ်လို့ခေါ်တဲ့ ဗုဒ္ဓဂယာမြေမှာပဲ ဘုရားရှင်တို့ပွင့်တော်မူကြပါတယ်။

အဲဒီလို စူဠလောကဓာတ်မှာ ဘုရားရှင်ပွင့်တော်မူတဲ့အခါလည်း ကျွန်းကြီးလေးကျွန်းရှိတဲ့အနက် ဇမ္ဗုသပြေပင်ပေါက်ရာဖြစ်တဲ့ ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်းမှာသာ ပွင့်တော်မူကြပါတယ်။။ ကျန်တဲ့ကျွန်းသုံးကျွန်းမှာ ဘယ်သောအခါမှ ဘုရားရှင်တို့ ပွင့်တော်မမူကြပါ။

ဘုရားရှင်ပွင့်တော်မူတဲ့အခါလည်း အချိန်ကာလတစ်ခုတည်းမှာ ဘုရားနှစ်ဆူပြိုင်၍ ပွင့်ရိုးထုံးစံဓမ္မတာမရှိပါ။ တစ်ဆူပွင့်ပြီးမှ နောက်တစ်ဆူ ရှေ့ နောက်ပွင့်တော်မူကြပါတယ်။

အဲဒါကြောင့် ဘုရားရှင်က အဂုင်္တ္ထုရ်ပါဠီတော်မှာ ဒီလိုဟောကြားထားပါတယ်။ “အဌာန မေတံဘက္ခိဝေ အနဝကာသော၊ ယံ ဧကိဿာ လောကဓာတုယာဒွေ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အဗုပ္ပံ အစရိမံ ဥပ္ပဇ္ဇေယျုန္တိ၊ နေတံ ဌာနံ ဝဇ္ဇတိ။”ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧကိဿလောကဓာတုယာ၊ တစ်သောင်းလောကဓာတ်အတွင်း၌။ အရဟန္တော၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော။ ဒွေသမ္မာသမ္ဗုဒ္ဓါ နှစ်ဆူသော သဗ္ဗညုဘုရားရှင်တို့သည်။ အဗုပ္ပံ အစရိမံ၊ မရှေးမနှောင်းတပြိုင်နက်။ ယံဥပ္ပဇ္ဇေယျုံ၊ အကြင်ဖြစ်ကုန်ရာ၏။ ဧတံ၊ ဤသို့ဖြစ်ချင်းသည်။ အဌာနံ၊ အကြောင့်မဟုတ်။ အနဝကာသော၊ အရာမဟုတ်။ ဣတိ ဧတံဌာနံ၊ ဤသို့ဖြစ်ချင်းအကြောင်းသည်။ နဝဇ္ဇတိ၊ လောကမှာ မရှိနိုင်။

လောကမှာ ဘုရားတစ်ဆူပွင့်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ မလွယ်ကူလှပါဘူး။ဘုရားတစ်ဆူပွင့်ပြီးလို့ နောက်ဘုရားတစ်ဆူပွင့်မယ့်ကြားမှာလည်း အချိန်ကာလတွေ များစွာခြားနား ကြာညောင်းလှပါတယ်။

မဟာပထဝီမြေကြီးဟာ အနှစ်တစ်ရာကြာမှ လက်တစ်သစ်အပေါ်သို့တိုး၍ မြင့်တက်တယ်လို့ဆိုပါတယ်။

ဘုရားပွင့်ဖို့ဆိုတာ ရှေ့ဘုရားရှင်ရဲ့သာသနာကွယ်ပြီးတဲ့နေ့ကစပြီး မဟာပထဝီမြေကြီး တစ်ယူဇနာအထိ အပေါ်သို့တက်မှ နောက်ဘုရားတစ်ဆူပွင့်ပါတယ်။

ဘုရားမပွင့်တဲ့ ကမ္ဘာမြေကြီးကို သုညကမ္ဘာလို့ခေါ်ပြီးဘုရားပွင့်တဲ့ကမ္ဘာကြီးကို အသုညကမ္ဘလို့ခေါ်ပါတယ်။ ဘုရားပွင့်တဲ့ အသုညကမ္ဘာမှာ ကမ္ဘာကြီးငါးခုရှိပါတယ်။

ဘုရားတစ်ဆူပွင့်တဲ့ ကမ္ဘာကို သာရကမ္ဘာ။ ဘုရားနှစ်ဆူပွင့်တဲ့ကမ္ဘာကို မဏ္ဍကမ္ဘာ။ဘုရားသုံးဆူပွင့်တဲ့ကမ္ဘာကို ဝရကမ္ဘာ။ ဘုရားလေးဆူပွင့်တဲ့ ကမ္ဘာကို သာရမဏ္ဍကမ္ဘာ။ ဘုရားငါးဆူပွင့်တဲ့ ကမ္ဘာကိုဘဒ္ဒကမ္ဘာလို့ခေါ်ပါတယ်။

လောကကွီးမှာ ဘုရားငါးဆူထကျ ပိုပှငျ့တဲ့ ကမ်ဘာမရှိပါ။ မဟာဗောဓိပလ်လကောငျ် ဝိနသာမာနေ လောကေ ပစ်ဆာဝိနူတိ၊သဏ်ဍဟမာနေ ပဌမံ သဏ်ဍဟတိဆိုတဲ့ ပိဋကတျတောျလာ စကားအရ…

မဟာဗောဓိပင်ကြီးအောက် ဘုရားအဆူဆူတို့သစ္စာလေးပါး တရားထူးတရားမြတ်ကိုသိရှိ၍ ဘုရားဖြစ်တော်မူခဲ့တဲ့ အပရာဇိတပလ္လင်(ဝဇိရာသနပလ္လင်)တော် တည်ရှိတဲ့နေရာ ဗုဒ္ဓဂယာမြေ မြတ်မဟာ…

ကမ္ဘာမြေကြီးစတင်ပေါ်ပေါက်တဲ့အခါ ပထမဦးဆုံးပေါ်ပေါက်ပြီး ကမ္ဘာကြီးပျက်တဲ့အခါ နောက်ဆုံးမှပျက်တဲ့နေရာဖြစ်ပါတယ်။

ဘုရားတစ်ဆူသာပွင့်တဲ့ ကမ္ဘာဖြစ်မယ်ဆိုရင် ကမ္ဘာဦးအစ ကမ္ဘာဦးကာလက လူ့ပြည်လူ့မြေဖြစ်တဲ့ ဒီကမ္ဘာမြေကြီး စတင်ဖြစ်ပေါ်တဲ့ အပရာဇိတပလ္လင်(ဝဇိရာသနပလ္လင်)တော် တည်ရှိတဲ့နေရာ ဗုဒ္ဓဂယာမြေမှာ ပရိက္ခရာတစ်စုံသီးတဲ့ ကြာပွင့်ကြီးတစ်ပွင့်ပါတဲ့ ပဒုမ္မာကြာပန်းကြီးတစ်ပင်ပေါက်လာပါတယ်။

ဘုရားနှစ်ဆူပွင့်မယ်ကမ္ဘာဆိုရင် ပရိက္ခာနှစ်စုံသီးတဲ့ ကြာပွင့်ကြီးနှစ်ပွင့်ပါတယ်ပဒုမ္မာကြာပင်ကြီးတစ်ပင်ပေါက်လာပါတယ်။ ဘုရားသုံးဆူပွင့်မယ်ကမ္ဘာဆိုရင် ပရိက္ခရာသုံးစုံသီးတဲ့ ကြာပွင့်ကြီးသုံးပွင့်ပါတဲ့ ပဒုမ္မာကြာပင်ကြီးတစ်ပင်ပေါက်လာပါတယ်။

ဘုရားလေးဆူပွင့်မယ့်ကမ္ဘာဆိုရင် ပရိက္ခရာလေးစုံသီးတဲ့ ကြာပွင့်ကြီးလေးပွင့်ပါတယ် ပဒုမ္မာကြာပင်ကြီးတစ်ပင်ပေါက်လာပါတယ်။ ဘုရားငါးဆူပွင့်မယ့် ကမ္ဘာဆိုရင် ပရိက္ခရာငါးစုံသီးတဲ့ ကြာပွင့်ကြီးငါးပွင့်ပါတဲ့ ပဒုမ္မာကြာပင်ကြီးတစ်ပင်ပေါက်လာပါတယ်။

ပရိက္ခရာအစုံသီးနေတဲ့ အဲဒီပဒုမ္မာကြာပင်ကြီးကို သုဒ္ဓဝါသဗြာဟ္မာကြီးတွေ မြင်တွေ့ရတဲ့အခါအရမ်းဝမ်းသာကြလျက် ဘုရားပွင့်မယ့် ကမ္ဘာလော၊ ဘုရားမပွင့်တဲ့ကမ္ဘာလောလို့ ပုဗ္ဗနိမိတ်တွေ ဖတ်ကြကာ ပရိက္ခရာအစုံတို့ကို သိမ်း ဆည်းထားကြ၍ နောင်ပစ္ဆိမဘဝိက ဘုရားအလောင်းတို့ တောထွက်တဲ့အခါ ကပ်လှူကြပါတယ်။

ဒါ့ကြောင့်ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဂယာမြေဟာ အထွဋ်အမြတ်ထားတဲ့နေရာ၊ မမေ့သင့် မမေ့ထိုက်တဲ့နေရာ၊ ကုသိုလ်တွေပြုလုပ်၍သံဝေဂယူစရာကောင်းတဲ့နေရာ ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသားပင်ဖြစ်ပါတယ်။

ပစ္စေကဗုဒ္ဓါနဲ့ အရိယာသူတော်ကောင်းတွေဟာလည်းဘုရားရှင်တို့ပွင့်တော်မူရာ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာသာ ပွင့်ကြရ၊ ဖြစ်ကြရပါတယ်။

ပစ္စေကဗုဒ္ဓါတွေဟာ ဘုရားရှင်ရဲ့ သာသနာပမှာ(သာသနာမရှိ၊ သာသနာကွယ်ပြီးကွယ်ပြီးတဲ့နောက်မှာ) သုညကမ္ဘာ၊ အသုညကမ္ဘာနှစ်ခုလုံးမှာဆရာမလိုဘဲ မိမိအလိုလို ကိုယ်တော်တိုင် ပွင့်တော်မူကြတဲ့ ဘုရားငယ်တွေဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင် သစ္စာလေးပါးကို သိပေမယ့် သူတစ်ပါးကို မဟောပြနိုင်တဲ့ ဘုရားငယ်တွေဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါတွေဟာ တစ်ဆူတည်းလည်းပွင့်နိုင်တယ်။ နှစ်ဆူ၊ သုံးဆူ၊ လေးဆူ၊ ငါးဆူမက အဆူတစ်ရာ၊ နှစ်ရာလည်း ပြိုင်၍ ပွင့်ကြပါတယ်။ ပွင့်နိုင်ပါတယ်။

စကြာဝတေးမင်းကတော့ ကမ္ဘာတိုင်း ကမ္ဘာတိုင်း၊ စကြာဝဠာတိုင်း စကြာဝဠာတိုင်း ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာသာ ဖြစ်ကြပြီး လေးကျွန်းလုံးကို အုပ်စိုးပိုင်သ အစိုးရပါတယ်။ စကြာဝဠာတစ်ခုအတွင်းမှာကား စကြာဝတေးမင်းတစ်ပါးတည်းသာ ဖြစ်လေ့ရှိပါတယ်။ နှစ်ပါးပြိုင်၍မဖြစ်ကြပါ။

ဘုရား၊ ပစ္စေကဗုဒ္ဓ အရိယာသူတော်ကောင်းတွေဟာ လောကကြီးမှာဘာ့ကြောင့် ဖြစ်ကြရ၊ပွင့်ကြရတာလဲဆိုရင် သတ္တာလောကအတွင်းမှာအိုဘေး၊ နာဘေး၊ သေဘေး တွေဟာ မပြောင်းမလဲ အမြဲထင်ရှား ရှိနေကြလို့ဖြစ်ပါတယ်။

အဲဒီ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ အရာသုံးခုဟာ မပြတ်မလပ် လွန်စွာဖိစီး နှိပ်စက်တဲ့အတွက်ကြောင့် ဘုရားမဖြစ်ဖြစ်အောင် မပွင့်ချင် ပွင့်ချင်အောင် တိုက်တွန်းနှိုးဆော်နေကြတဲ့အတွက် လောကမှာ ဘုရား၊ပစ္စေကဗုဒ္ဓါ၊ အရိယာတို့ ပွင့်ကြရ ဖြစ်ကြရပါတယ်။

တစ်ကယ်လို့ သတ္တလောကအတွင်းမှာ အိုဘေး၊ နာဘေး၊ သေဘေး၊ ဆိုတဲ့ အရာသုံးခုဟာ ထင်ရှားမရှိဘူးဆိုရင် အတိတ်၊အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါးမှာ ဘယ်အခါမျှ ဘုရား ပစ္စေကဗုဒ္ဓါ၊ အရိယာသူတော်ကောင်းတွေ ဖြစ်ကြရမယ် ပွင့်ကြရမယ်မဟုတ်ပါ။

ဘုရားပွင့်တဲ့အခါလည်း…

ဝီရိယာဓိက-တစ်ဆယ့်ခြောက်သချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်အားထုတ်ရတဲ့ ဘုရား။ သဒ္ဓါဓိက- ရှစ်သချေင်္နဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်အားထုတ်ရတဲ့ ဘုရား။ပညာဓိက- လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်အားထုတ်ရတဲ့ ဘုရားရယ်လို့ ဘုရားသုံးမျိုး ကွဲပြားသွားပါတယ်။

ဒါပြင်ဗုဒ္ဓလေးမျိုးဆိုတာ ရှိပါသေးတယ်။ ၁။ သမ္မာသမ္ဗုဒ္ဓ-သမ္မာသမ္ဗောဓိဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ရရှိတော်မူတဲ့ ဘုရား။

၂။ ပစ္စေကဗုဒ္ဓ- ပစ္စေက – အသီးသီး၊ ဗုဒ္ဓ-သစ္စာလေးပါးကို သိတဲ့ဘုရား၊ နှစ်သချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်အားထုတ်ရတဲ့ဘုရား။

၃။ စတုသစ္စဗုဒ္ဓ-သစ္စာလေးပါးကို သိတဲ့ ရဟန္တာပုဂ္ဂိုလ်များ။

၄။သုတဗုဒ္ဓ-အကြားအမြင်တွေများပြီး ပိဋကတ်စာပေတွေအပေါ်မှာ တတ်ကျွန်းလိမ္မာတဲ့သူရယ်လို့ ဘုရားလေးဆူရှိပါတယ်။

အဲဒီအထဲမှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တိုင်းကတော့ ဗုဒ္ဓဂယာမြေထူးမြေမြတ်မှာပဲ ပွင့်တော်မူကြပါတယ်။

ဗုဒ္ဓဂယာမှာ ဘုရားရှင်တို့ ပွင့်တော်မူတိုင်း မဟာပထဝီကမ္ဘာမြေကြီးဟာ တုန်လှုပ်ခဲ့ပါတယ်။

အဲဒီလိုပဲ နောင်ပွင့်တော်မူမယ့်အရိမေတ္တယျဘုရားရှင်ပွင့်တော်မူတဲ့အခါလည်း မဟာပထဝီကမ္ဘာမြေကြီးဟာကောင်းချီးပေး၍ တုန်လှုပ်ဦးမှာ ဖြစ်ပါတယ်။

အပရာဇိတ ပလ်လကငျေ် သီသေ ပုထု ဝိပုက္ခလေ အဘိသကေ သဗ်ဗဗုဒ်ဓါနံ အဂ္ဂပတ္တော ပမောဒတိ။”ဆိုတဲ့ ဘုရားဟောပါဠီတော်အရ…

ဗုဒ္ဓဂယာဆိုတာ ဂေါတမဗုဒ္ဓဟာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေတွင် မဟာဗောဓိပင်အောက် အပရာဇိတပလ္လင်ထက်မှာ လောကသုံးပါးမှာအထွတ်အထိပ် သဗ္ဗညုတဉာဏ်တော်ပိုင်ရှင်ဘုရားအဖြစ် သို့ရောက်တော်မူခဲ့သလို ဘုရားအဆူဆူတွေရဲ့ ပွင့်တော်မူရာ မြေမြတ်ဖြစ်တဲ့ အတွက်ကြောင့်…

အိန္ဒိယ နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်တွေအတွက် အမွန်မြတ်ဆုံးနေရာဌာနတစ်ခုဖြစ်ပြီး ရောက်ဖူးသင့် ရောက်ဖူးထိုက်၊ ဖူးမြော်သင့် ဖူးမြော်ထိုက်တဲ့အရပ်ဒေသမြေထူးမြေမြတ်ဟာ ဗုဒ္ဓဂယာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဂယာဟာထူးမြတ်တဲ့မဇ္ဈိမဒေသမှာ သံဝေဂယူစရာနေရာတစ်ခုဖြစ်သလို သံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီးဘုရားရှင်တိုင်းတို့ရဲ့ မစွန့်အပ်တဲ့ အဝိဇဟိတဌာနထူးလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေအတွက် တုနှိုင်းစရာမရှိတဲ့နေရာ၊ တန်ဖိုးမဖြတ်နိုင်တဲ့နေရာ၊ တန်ခိုးကြီးမားတဲ့နေရာ၊ ကုသိုလ်တရား အထူးတိုးပွားစေနိုင်တဲ့နေရာ၊ အထူးမွန်မြတ် အရေးပါတဲ့နေရာဖြစ်ပါတယ်။

ဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော်ကိုရ၍ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခဲ့တဲ့ ဒဿ န သံဝေဇနိယ နေရာဌာနဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဂယာမှာကုသိုလ်ပြုလုပ်တတ်ရင် တစ်ကယ်အပါယ်တံခါးပိတ်တဲ့နေရာဖြစ်ပါတယ်။

ဗုဒ္ဓခေတ်မတိုင်မီက ဒီဒေသတစ်ဝိုက်ကို ဥရုဝေလလို့ခေါ်တွင်ခဲပြီး ဗုဒ္ဓခေတ်မှာ ဗောဓိမဏ္ဍလ၊ သမ္ဗောဓိ၊ ဗောဓိရုက္ခမူလ စသည်ဖြင့်ခေါ်ခဲ့ပါတယ်။

ဆယ့်သုံးရာစုတွင် ဒေသခံတွေက ဗြဟ္မဂယာလို့ခေါ်တဲ့ ဂယာမြို့(ဗိဿနိုးနတ်ကွန်း)နဲ့ ကဲပြားစေရန် ဗုဒ္ဓဂယာလို့ခေါ်တွင်ခဲ့ကြပါတယ်။

တစ်နည်းပြောရရင် ဗုဒ္ဓဂယာဆိုတဲ့အမည်မှာ ဂယာမြို့အနီး တည်ရှိမှုကို အစဲပြု၍ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့နေရာကို ဂယာတပ်၍ ခေါ်ဆိုကြတာလည်းရှိဖြစ်ပါတယ်။

ဓမ္မဒါယာဒဆရာတော် ဒေါက်တာအရှင်နန္ဒသာရ(ဗုဒ္ဓဂယာ) မေတ္တာဖြင့် ပြန်လည်မျှဝေ ပူဇော်ပါသည်။Credit