သရဲထက်ဆိုးဝါးတဲ့ DEMONIC FORCE လို့ခေါ်တဲ့ DEMON အတိုက်ခံရတဲ့ အချိန်ကာလ
သရဲထက်ဆိုးဝါးတဲ့ Demonic Force လို့ခေါ်တဲ့ Demon အတိုက်ခံရတဲ့ အချိန်ကာလတစ်ခုရှိဘူးတယ် မနှစ်က ဟိုတယ်တွေပတ်နေတုန်းက ဖြစ်တာ ၊ ရန်ကုန်က ဟိုတယ်ပါပဲ။ ထူးထူးဆန်းဆန်း နာမည်တပ်မပြောတော့ဘူး ရေကျော်နားက ဟိုတယ်ပဲ။
အစက ရှစ်မိုင်က ဟိုတယ်တစ်ခုမှာနေရင်းနဲ့ ဟိုတယ်မန်နေဂျာနဲ့ အဆင်မပြေလို့ ရေကျော်က ဟိုတယ်တစ်ခုကိုသွားခဲ့တာ အဲ့ ဟိုတယ်မှာ ပထမဆုံး စငှားတယ်။ အဲ့ ဟိုတယ်မှာနေရင်း သရဲခြောက်ခံရတာတော့ မပြောတော့ဘူး ။ သရဲက သိပ်ပီး ကြောက်စရာမကောင်းလို့ ကြောက်စရာကောင်းတာက ပထမဆုံး အဲ့ ဟိုတယ်က ညပဲ။
ပစ္စည်းတွေကိုထားပြီးတော့ အပြင်ထွက် ည 2 နာရီလောက်မှ ပြန်ရောက်တာ ပြန်လည်းရောက်ရော ဟိုတယ်တစ်ခန်းလုံး ရေတွေပြည့်နေတာ ဘယ်လောက်တောင်လဲဆိုရင် ကုတင်တွေအစ ရေတွေရွှဲ ၊ TV တွေက အစ ရေတွေရွဲ မျက်နှာကြပ်နံရံကအစ ရေတွေစိုနေတာ တစ်ခါတည်း ပိုမျက်လုံးပြူးတာကတော့ ကုတင်ရဲ့မျက်နှာကြပ်နံရံမှာ လက်ဝတ်ကပ်တိုင်ဇောက်ထိုးတံဆိပ်ကြီး ပေါ်နေတယ်ဆိုတာပဲ။
အကယ်၍များသာ ကိုယ်သာ အဲ့မှာ အိပ်လိုက်မယ်ဆိုရင် ရေတွေနဲ့အတူ လျှပ်စစ်ရှော့တိုက်ခံရဖို့ အလုပ်ခံထားရတာ အလွန်ကြီးမားတဲ့ Demonic Attacking တစ်ခုပဲ။ ဟိုတယ်ကိုပြောတော့ ဟိုတယ်က စဆောက်လာကတည်းက ဒီလိုမျိုး အခန်းလုံးပြည့် ရေပြည့်တာမရှိဘူးဘူး သူတို့လည်း အရမ်းအံ့ဩ ပီးတော့ အရမ်းလည်းကြောက်နေတဲ့ပုံရှိနေတယ်။ ပီးတော့ သူတို့က နောက်အခန်းတစ်ခုရွေးပေးပြီး နေခိုင်းလိုက်ရော။
အဲ့အခန်းမှာ နေတာ ကိုယ်ရယ် နောက်သုံးယောက်ရယ် စုစုပေါင်းလေးယောက် သူတို့ကလည်း ကြောက်လန့်နေကြ ။ တကယ်က နှစ်ယောက်က နောက်တစ်ခန်းယူထားတာ ခက်တာက အဲ့ အခန်းထဲဝင်တော့ ထူးဆန်းတာတွေဖြစ်လာတော့ ကိုယ်တွေအခန်းဆီပြေးလာ ဆရာတို့နဲ့ အိပ်မယ် ကြောက်တယ်ဆိုတာနဲ့ပေါ့။
ကိုယ်ကတော့ မအိပ်ဖြစ်သေးဘူး တစ်ခုခုကို စိုးရိမ်နေသလိုဖြစ်တာနဲ့ အခန်းတံခါးက အတွင်းကနေဖွင့်ရင် တစ်ချက်တည်းနဲ့ ဖွင့်လို့ရတယ် အပြင်ကနေဖွင့်ရင် lock သုံးချက်ဖွင့်ရတဲ့ တံခါးမျိုးတွေ ။ သုံးနာရီလောက်မှာ အခန်းမီးတွေ ဖလက်ဖလက်တွေ ဖြစ်လာတယ်။
ပီးတော့ အခန်းအပြင်ကနေ တံခါးဖွင့်သံ ပထမဆုံး Lock ရဲ့ ချလောက်သံ ၊ ပီးတော့ ဒုတိယ ချလောက်သံ အဲ့မှာ ကိုယ်လည်း ကြောက်လန့်တကြားနဲ့ တံခါးကို အာရုံပြုပြီး စည်းချဂါထာရွတ် အမိန့်တွေပေးလိုက်ရတယ်။
သုံးချက်မြောက်အသံမကြားရတော့ဘူး။ ပီးတာနဲ့ အဲ့ညပြီးသွားတယ်။ နောက်တော့ အခန်းရွေ့ပေးလိုက်တယ် ကိုယ်နေတဲ့ အဲ့အခန်းက Red Door ကြီးဖြစ်နေတာ။
အဲ့မှာနေတဲ့ရက်တွေ သရဲအခြောက်ခံရတာတွေ ၊ သရဲလျှောက်သွားနေတာမြင်ရတာတွေ ၊ တံခါးပိတ်ထားတဲ့ ဟိုတယ်မိသားစုတွေ ထမင်းချက်စားတဲ့ အခန်းထဲက ထမင်းတွေခွံ ဟင်းတွေ စားနေတဲ့အသံတွေ ကြားတာတွေ တစ်ခါတစ်လေ အပုပ်နံ့ထွက်လာတာတွေပေါ့။
လင်းညို့တာရာ
Zawgyi
သရဲထက္ဆိုးဝါးတဲ့ DEMONIC FORCE လို႔ေခၚတဲ့ DEMON အတိုက္ခံရတဲ့ အခ်ိန္ကာလ
သရဲထက္ဆိုးဝါးတဲ့ Demonic Force လို႔ေခၚတဲ့ Demon အတိုက္ခံရတဲ့ အခ်ိန္ကာလတစ္ခုရိွဘူးတယ္ မႏွစ္က ဟိုတယ္ေတြပတ္ေနတုန္းက ျဖစ္တာ ၊ ရန္ကုန္က ဟိုတယ္ပါပဲ။ ထူးထူးဆန္းဆန္း နာမည္တပ္မေျပာေတာ့ဘူး ေရေက်ာ္နားက ဟိုတယ္ပဲ။
အစက ရွစ္မိုင္က ဟိုတယ္တစ္ခုမွာေနရင္းနဲ႔ ဟိုတယ္မန္ေနဂ်ာနဲ႔ အဆင္မေျပလို႔ ေရေက်ာ္က ဟိုတယ္တစ္ခုကိုသြားခဲ့တာ အဲ့ ဟိုတယ္မွာ ပထမဆံုး စငွားတယ္။ အဲ့ ဟိုတယ္မွာေနရင္း သရဲေျခာက္ခံရတာေတာ့ မေျပာေတာ့ဘူး ။ သရဲက သိပ္ပီး ေၾကာက္စရာမေကာင္းလို႔ ေၾကာက္စရာေကာင္းတာက ပထမဆံုး အဲ့ ဟိုတယ္က ညပဲ။
ပစၥည္းေတြကိုထားၿပီးေတာ့ အျပင္ထြက္ ည 2 နာရီေလာက္မွ ျပန္ေရာက္တာ ျပန္လည္းေရာက္ေရာ ဟိုတယ္တစ္ခန္းလံုး ေရေတြျပည့္ေနတာ ဘယ္ေလာက္ေတာင္လဲဆိုရင္ ကုတင္ေတြအစ ေရေတြရႊဲ ၊ TV ေတြက အစ ေရေတြရြဲ မ်က္ႏွာၾကပ္နံရံကအစ ေရေတြစိုေနတာ တစ္ခါတည္း ပိုမ်က္လံုးျပဴးတာကေတာ့ ကုတင္ရဲ႕မ်က္ႏွာၾကပ္နံရံမွာ လက္ဝတ္ကပ္တိုင္ေဇာက္ထိုးတံဆိပ္ႀကီး ေပၚေနတယ္ဆိုတာပဲ။
အကယ္၍မ်ားသာ ကိုယ္သာ အဲ့မွာ အိပ္လိုက္မယ္ဆိုရင္ ေရေတြနဲ႔အတူ လွ်ပ္စစ္ေရွာ့တိုက္ခံရဖို႔ အလုပ္ခံထားရတာ အလြန္ႀကီးမားတဲ့ Demonic Attacking တစ္ခုပဲ။ ဟိုတယ္ကိုေျပာေတာ့ ဟိုတယ္က စေဆာက္လာကတည္းက ဒီလိုမ်ဳိး အခန္းလံုးျပည့္ ေရျပည့္တာမရိွဘူးဘူး သူတို႔လည္း အရမ္းအံ့ဩ ပီးေတာ့ အရမ္းလည္းေၾကာက္ေနတဲ့ပံုရိွေနတယ္။ ပီးေတာ့ သူတို႔က ေနာက္အခန္းတစ္ခုေရြးေပးၿပီး ေနခိုင္းလိုက္ေရာ။
အဲ့အခန္းမွာ ေနတာ ကိုယ္ရယ္ ေနာက္သံုးေယာက္ရယ္ စုစုေပါင္းေလးေယာက္ သူတို႔ကလည္း ေၾကာက္လန္႔ေနၾက ။ တကယ္က ႏွစ္ေယာက္က ေနာက္တစ္ခန္းယူထားတာ ခက္တာက အဲ့ အခန္းထဲဝင္ေတာ့ ထူးဆန္းတာေတြျဖစ္လာေတာ့ ကိုယ္ေတြအခန္းဆီေျပးလာ ဆရာတို႔နဲ႔ အိပ္မယ္ ေၾကာက္တယ္ဆိုတာနဲ႔ေပါ့။
ကိုယ္ကေတာ့ မအိပ္ျဖစ္ေသးဘူး တစ္ခုခုကို စိုးရိမ္ေနသလိုျဖစ္တာနဲ႔ အခန္းတံခါးက အတြင္းကေနဖြင့္ရင္ တစ္ခ်က္တည္းနဲ႔ ဖြင့္လို႔ရတယ္ အျပင္ကေနဖြင့္ရင္ lock သံုးခ်က္ဖြင့္ရတဲ့ တံခါးမ်ဳိးေတြ ။ သံုးနာရီေလာက္မွာ အခန္းမီးေတြ ဖလက္ဖလက္ေတြ ျဖစ္လာတယ္။
ပီးေတာ့ အခန္းအျပင္ကေန တံခါးဖြင့္သံ ပထမဆံုး Lock ရဲ႕ ခ်ေလာက္သံ ၊ ပီးေတာ့ ဒုတိယ ခ်ေလာက္သံ အဲ့မွာ ကိုယ္လည္း ေၾကာက္လန္႔တၾကားနဲ႔ တံခါးကို အာ႐ံုျပဳၿပီး စည္းခ်ဂါထာရြတ္ အမိန္႔ေတြေပးလိုက္ရတယ္။
သံုးခ်က္ေျမာက္အသံမၾကားရေတာ့ဘူး။ ပီးတာနဲ႔ အဲ့ညၿပီးသြားတယ္။ ေနာက္ေတာ့ အခန္းေရြ႕ေပးလိုက္တယ္ ကိုယ္ေနတဲ့ အဲ့အခန္းက Red Door ႀကီးျဖစ္ေနတာ။
အဲ့မွာေနတဲ့ရက္ေတြ သရဲအေျခာက္ခံရတာေတြ ၊ သရဲေလွ်ာက္သြားေနတာျမင္ရတာေတြ ၊ တံခါးပိတ္ထားတဲ့ ဟိုတယ္မိသားစုေတြ ထမင္းခ်က္စားတဲ့ အခန္းထဲက ထမင္းေတြခြံ ဟင္းေတြ စားေနတဲ့အသံေတြ ၾကားတာေတြ တစ္ခါတစ္ေလ အပုပ္နံ႔ထြက္လာတာေတြေပါ့။
လင္းညိဳ႕တာရာ