မိဘစော်ကားမိလို့ ကံကြီးထိုက်သူ(ဖြစ်ရပ်မှန် ဇာတ်လမ်း)

အချိန်ကား ကောဇာသက္ကရာဇ် ၁၃၆၄ခုနှစ် -သူ့အမည်က “မခင်လှ”အသက်က ၁၆နှစ်/၁၇နှစ်အရွယ် ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင် အပျိုအရွယ်မိန်းကလေးဖြစ်သော်လည်းစရိုက်က ကြမ်းတမ်းလွန်းလှ၏။ယဉ်ကျေးသိမ်မွေ့ခြင်း မရှိ။တစ်ဦးတည်းသောသမီး ဖြစ်သည်မို့အလွန်ဆိုး၏။မိခင်ဖခင်တို့အားရိုသေကိုင်းရှိုင်းမှု မရှိ။အမြဲတစေ အော်ငေါက် ဆက်ဆံလေ့ရှိသတဲ့။

ထို့ကြောင့်ပင် မခင်လှသည်လက်ရှိဘဝမှာပင်တစ်မြို့လုံး၊ တစ်နယ်လုံး အုန်းအုန်းကျွက်မျှ အံ့ဩစရာ၊သနားစရာ၊ သံဝေဂ ရစရာ ကောင်းလောက်အောင်အဖြစ်ဆိုးနှင့် ရင်ဆိုင်တိုးခဲ့ရလေတော့၏။ထိုနေ့က မိခင်ဖခင်ဖြစ်သူတို့ ဥပုသ်သီလဆောက်တည်ရန်ဘုန်းကြီးကျောင်းသို့ မသွားခင်သမီးဖြစ်သူအား ဥပုသ်စောင့်ရန် ခေါ်ပါတယ်။

တစ်ဦးတည်းသော သမီး၊အလိုလိုက်၍ အမိုက်စော်ကားသောသမီးမို့ မိခင်ဖခင်တို့အား ထုံးစံအတိုင်း မချေမငံပြန်ပြောတာပေါ့။ပြီးလျှင် အရေးမပါတာတွေ လာလုပ်နေပြန်ပြီ ဆိုပြီးသောင်းကျန်းပါတော့သည်။မိခင်ဖခင်တို့ကလည်းသမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ကာဥပုသ်စောင့်ရန် ထွက်သွားကြပါတယ်။

ညနေစောင်း၍ဘုန်းကြီးကျောင်းမှ ပြန်ရောက်ချိန်တွင်မိခင်ဖြစ်သူက သမီးရေ…အမေတို့တော့ ဥပုသ်ရတယ်။ဟင်းတွေလည်း ရှိသားပဲ။သမီးအတွက်ပဲ ထမင်းအိုးလေးတစ်လုံးတည်ပြီးစားလိုက်တော့နော် သမီး။ဟာ…အရေးမပါတာတွေ လုပ်ပြီ။ထမင်းအိုးလေးတောင် တော်တို့က မတည်နိုင်ကြဘူးလားဟင်။တော်တို့ကျတော့ စားသောက်ပြီးပြီ။ကျုပ်ကျတော့ ဘာမှ စားစရာမရှိဘူး။တော်ပြီ ဒီအိမ်မှာ မနေတာပဲ ကောင်းတယ်။ ကဲဟာ…ကဲဟာ…မခင်လှက ပြောပြောဆိုဆိုနှင့်မျက်စိရှေ့တွင်ရှိသောအိုးများကို ရိုက်ခွဲပစ်လေတော့သည်။

ဒုန်း…ခွမ်း…ကဲဟာ…ကဲဟာ…ဂွမ်း…ဂွမ်း…

သမီးရယ်…အမေတို့မှာ ဥပုသ်ကြီးနဲ့ပါကွယ်၊ဥပုသ်ပျက်အောင်တော့ မလုပ်ပါနဲ့။ဘာဥပုသ်လဲ-?ဒီအရေးမပါတာတွေ လျှောက်လုပ်ပြီးကျုပ်စားဖို့ကျတော့ ထမင်းတောင် မရှိဘူး။ညည်းအသက် ၁၆နှစ်၊ ၁၇နှစ်ရှိနေပြီ။အခုထိ မလိမ္မာသေးပါလား နင် ခွေးထက်မိုက်ပါလား …။

မိခင်ဖခင်တို့ကလည်းစိတ်မကောင်းလှစွာနှင့် အိမ်ပေါ်မှဆင်းပြီးရွာထဲသို့ ထွက်သွားကြတော့သည်။နားအေးပြီးရောရှောင်ထွက်သွားကြခြင်း ဖြစ်ပေမယ့် နား မအေးသူက မခင်လှပင် ဖြစ်ပေသည်။မိခင်ဖြစ်သူ၏ စကားကိုဒေါသအမျက်ခြောင်းခြောင်းထွက်၍အာခေါင်ခြစ်ကာ အော်လိုက်သောအသံကပတ်ဝန်းကျင်တစ်ခုလုံးစိတ်မချမ်းမြေ့ဖွယ်ရာ ထွက်ပေါ်လာလေတော့သည်။

မိခင်ဖြစ်သူအား လက်ညှိုးငေါက်ငေါက်ထိုးရင်းကျုပ်က ခွေးမဟုတ်ဘူး။တော်သာ ခွေးမကြီး ခွေးလိုကိုက်သွားတဲ့ ခွေးမကြီး။တော်သာ ခွေးမကြီး။တော်သာ ခွေးမကြီး…”ဒေါသများ အလွန်ကြောက်စရာ ကောင်းလှပါတယ်။မခင်လှ အော်ရင်း အော်ရင်း ဒေါသမီး၏ တောက်လောက်မှုကြောင့်တက်သွားလေတော့၏။သတိမရ။စကားမေး မရတော့။ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများရောက်လာ၍စိတ်ကြီးလွန်း၍ သတိလစ်နေသော မခင်လှအားသတိလည်လာအောင် ပြုစုကြရတော့သည်။

ထိုသတင်းကို ကြားသောမိခင်၊ ဖခင်တို့သည်လည်းသောကမီး တောက်လောင်ကာအပြေးပြန်၍ သမီးဖြစ်သူအား ပြုစုကြပါတယ်။မခင်လှ အချိန်အတော်ကြာ သတိလစ်နေခဲ့ပြီးသတိပြန်ရလာချိန်တွင်လူစင်စစ်က လူလို မနေတော့ဘဲ၊ခွေးလိုနေ၊ ခွေးလို စားတော့သည်။ကိုယ်က လူပင်ဖြစ်သော်လည်းခွေးလို လေးဖက်ထောက်သွား၏။အဝတ်အစား မကပ်တော့။ဝတ်ပေး၍လည်း မရ။ခွေးစိတ်လုံးလုံး ပေါက်သွားကာ မစင်တွေ စားတော့သည်။

လူလို ကောင်းကောင်းမွန်မွန် ကျွေး၍မရ။တကယ့် ခွေးတစ်ကောင်လိုထိန်းမနိုင် သိမ်းမရ ဖြစ်ရတော့သည်။ဝမ်းနှင့်လွယ်ပြီး မွေးခဲ့ရသော မိခင်ကြီးခမျာ တစ်ဦးတည်းသော သမီးလေးမို့ချစ်မဝနိုင်အောင် ဖြစ်ခဲ့ရသော်လည်းယခုတော့ဖြင့် ရင်ကျိုးရပါပြီ။သမီးရေ…ဟု ခေါ်လိုက်လျှင်လေးဖက်ထောက် ပြေးလာပြီးမျက်ရည်များ ဝိုင်းလျက်မိခင်ကြီးအား မော့ကြည့်ရှာ၏။သူ့မျက်လုံးများက အမေရယ်…သမီးမှားပါပြီ ဟုတောင်းပန်နေသယောင်။

မိခင်၊ ဖခင်တို့၏ ခြေထောက်ကိုလျှာဖြင့်လျက်၏။တောင်းပန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။မိခင် ဖခင်ဖြစ်သူတို့မှာလည်းသမီးဖြစ်သူအား ကြည့်ရင်းယူကြုံးမရ ဖြစ်နေရတာပေါ့ အနီးပတ်ဝန်းကျင်မှ လူအများလည်းမခင်လှအတွက်စိတ်မကောင်းခြင်းများစွာ ဖြစ်နေရရှာ၏။မခင်လှ ခွေးဘဝရောက်သွားသောသတင်းမှာ လပွတ္တာမြို့အနီးပတ်ဝန်းကျင်သို့တစ်မုဟုတ်ချင်း သတင်းက ပြန့်သွားပါတယ်။

မခင်လှ၏မိဘများအပေါ် ပြစ်မှားစော်ကားမိသောကံကြီးကြောင့်ပင် ခွေးဘဝသို့ ရောက်သွားပြီးသုံးရက်ခန့်အကြာမိဘများ အရေးကြီးကိစ္စဖြင့်ခေတ္တခဏ အပြင်သွားနေခိုက်ဗိုက်ဆာလွန်း၍ ဖြစ်ပေလိမ့်မည်။မစင်တွင်းထဲသို့ ကျသွားပြီးမစင်တွင်းထဲမှာပင် သေဆုံးသွားလေတော့သည်။အများက မခင်လှ၊ ဝဋ်ကျွတ်သွားပြီ ဟုပြောနေကြသော်လည်း

အမှန်ကတော့ဖြင့်ယခုမှ ထိုဝဋ်ကို စတင် ခံစားရမှာဖြစ်ကြောင်းတွေးနေမိပါသည်။မိဘများအား ပြစ်မှားခဲ့သောအကုသိုလ်ကံကြောင့်သူမ၏ လားရာမှာ မဟာအဝီစိငရဲ၌သာလျှင်ဖြစ်ပေရော့မည်။မခင်လှ ဘယ်လိုငရဲမျိုးမှာ ခံရလေမလဲမတွေးရဲတော့ပါ။ဤအဖြစ်အပျက်သည်လွန်ခဲ့သော ၁၃၆၄ ခုနှစ် လပွတ္တာမြို့မှာဖြစ်ပွားခဲ့သောတကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီးကာလအားဖြင့် သိပ်မကြာလှသေးပါ။

မိဘဆိုသည့် ပုဂ္ဂိုလ်များသည်ကျေးဇူးကြီးလွန်းလှ၍သက်ရှိဘုရားဟုပင် ဆရာတော်က တင်စားခေါ်ဝေါ်လိုက်ပါသည်။အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘတို့အားဘယ်လိုအကြောင်းပြချက်နှင့်မှ မပြစ်မှားရပါ။မစော်ကားရပါ။အမေမှားနေလျှင်လည်း_အမေမှန်တယ်။အဖေမှားနေလျှင်လည်း_အဖေမှန်တယ် ဟုနှလုံးသွင်း ချစ်ခင်ရပါမည်။အပြစ် မမြင်တတ်ရပါ။

ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့်ပြစ်မှားစော်ကာသူများသည်မခင်လှ နောက် လိုက်ကြရမည်ဟုတစ်ထစ်ချ မှတ်ယူသင့်ကြပါသည်။တစ်ခါတစ်ရံ စိတ်အခန့်မသင့်၍မိဘများအပေါ် ဒေါသထွက်လိုက်မိသည်နှင့်မခင်လှအား သတိရလိုက်ပါ ဟု မှာလိုက်ပါရစေ။ စာဖတ်သူ မိတ်ဆွေ သူတော်ကောင်းများသတိသံဝေဂ ပွားနိုင်ကြစေရန် ရည်ရွယ်ပါသည်။

ချမ်းသာလမ်းနှင့်ကန်တော့ခန်း #အရှင်ဇေယျပဏ္ဍိတ (ပိုင်းလော့ဆရာတော်)/ Credit -မေတ္တာဖြင့် …အရှင်ပုည (ဝကုန်း)

Zawgyi ဖြင့်ဖတ်ပါ

မိဘေစာ္ကားမိလို႔ ကံႀကီးထိုက္သူ(ျဖစ္ရပ္မွန္ ဇာတ္လမ္း)

အခ်ိန္ကား ေကာဇာသကၠရာဇ္ ၁၃၆၄ခုႏွစ္ -သူ႔အမည္က “မခင္လွ”အသက္က ၁၆ႏွစ္/၁၇ႏွစ္အ႐ြယ္ ျဖစ္ပါတယ္။ဗုဒၶဘာသာဝင္ အပ်ိဳအ႐ြယ္မိန္းကေလးျဖစ္ေသာ္လည္းစ႐ိုက္က ၾကမ္းတမ္းလြန္းလွ၏။ယဥ္ေက်းသိမ္ေမြ႕ျခင္း မရွိ။တစ္ဦးတည္းေသာသမီး ျဖစ္သည္မို႔အလြန္ဆိုး၏။မိခင္ဖခင္တို႔အား႐ိုေသကိုင္းရႈိင္းမႈ မရွိ။အၿမဲတေစ ေအာ္ေငါက္ ဆက္ဆံေလ့ရွိသတဲ့။

ထို႔ေၾကာင့္ပင္ မခင္လွသည္လက္ရွိဘဝမွာပင္တစ္ၿမိဳ႕လုံး၊ တစ္နယ္လုံး အုန္းအုန္းကြၽက္မွ် အံ့ဩစရာ၊သနားစရာ၊ သံေဝဂ ရစရာ ေကာင္းေလာက္ေအာင္အျဖစ္ဆိုးႏွင့္ ရင္ဆိုင္တိုးခဲ့ရေလေတာ့၏။ထိုေန႔က မိခင္ဖခင္ျဖစ္သူတို႔ ဥပုသ္သီလေဆာက္တည္ရန္ဘုန္းႀကီးေက်ာင္းသို႔ မသြားခင္သမီးျဖစ္သူအား ဥပုသ္ေစာင့္ရန္ ေခၚပါတယ္။

တစ္ဦးတည္းေသာ သမီး၊အလိုလိုက္၍ အမိုက္ေစာ္ကားေသာသမီးမို႔ မိခင္ဖခင္တို႔အား ထုံးစံအတိုင္း မေခ်မငံျပန္ေျပာတာေပါ့။ၿပီးလွ်င္ အေရးမပါတာေတြ လာလုပ္ေနျပန္ၿပီ ဆိုၿပီးေသာင္းက်န္းပါေတာ့သည္။မိခင္ဖခင္တို႔ကလည္းသမီးျဖစ္သူအတြက္ စိတ္မေကာင္းျဖစ္ကာဥပုသ္ေစာင့္ရန္ ထြက္သြားၾကပါတယ္။

ညေနေစာင္း၍ဘုန္းႀကီးေက်ာင္းမွ ျပန္ေရာက္ခ်ိန္တြင္မိခင္ျဖစ္သူက သမီးေရအေမတို႔ေတာ့ ဥပုသ္ရတယ္။ဟင္းေတြလည္း ရွိသားပဲ။သမီးအတြက္ပဲ ထမင္းအိုးေလးတစ္လုံးတည္ၿပီးစားလိုက္ေတာ့ေနာ္ သမီး။ဟာအေရးမပါတာေတြ လုပ္ၿပီ။ထမင္းအိုးေလးေတာင္ ေတာ္တို႔က မတည္ႏိုင္ၾကဘူးလားဟင္။ေတာ္တို႔က်ေတာ့ စားေသာက္ၿပီးၿပီ။က်ဳပ္က်ေတာ့ ဘာမွ စားစရာမရွိဘူး။ေတာ္ၿပီ ဒီအိမ္မွာ မေနတာပဲ ေကာင္းတယ္။ ကဲဟာကဲဟာမခင္လွက ေျပာေျပာဆိုဆိုႏွင့္မ်က္စိေရွ႕တြင္ရွိေသာအိုးမ်ားကို ႐ိုက္ခြဲပစ္ေလေတာ့သည္။

ဒုန္းခြမ္းကဲဟာကဲဟာဂြမ္းဂြမ္း

သမီးရယ္အေမတို႔မွာ ဥပုသ္ႀကီးနဲ႔ပါကြယ္၊ဥပုသ္ပ်က္ေအာင္ေတာ့ မလုပ္ပါနဲ႔။ဘာဥပုသ္လဲ-?ဒီအေရးမပါတာေတြ ေလွ်ာက္လုပ္ၿပီးက်ဳပ္စားဖို႔က်ေတာ့ ထမင္းေတာင္ မရွိဘူး။ညည္းအသက္ ၁၆ႏွစ္၊ ၁၇ႏွစ္ရွိေနၿပီ။အခုထိ မလိမၼာေသးပါလား နင္ ေခြးထက္မိုက္ပါလား ။

မိခင္ဖခင္တို႔ကလည္းစိတ္မေကာင္းလွစြာႏွင့္ အိမ္ေပၚမွဆင္းၿပီး႐ြာထဲသို႔ ထြက္သြားၾကေတာ့သည္။နားေအးၿပီးေရာေရွာင္ထြက္သြားၾကျခင္း ျဖစ္ေပမယ့္ နား မေအးသူက မခင္လွပင္ ျဖစ္ေပသည္။မိခင္ျဖစ္သူ၏ စကားကိုေဒါသအမ်က္ေျခာင္းေျခာင္းထြက္၍အာေခါင္ျခစ္ကာ ေအာ္လိုက္ေသာအသံကပတ္ဝန္းက်င္တစ္ခုလုံးစိတ္မခ်မ္းေျမ့ဖြယ္ရာ ထြက္ေပၚလာေလေတာ့သည္။

မိခင္ျဖစ္သူအား လက္ညႇိဳးေငါက္ေငါက္ထိုးရင္းက်ဳပ္က ေခြးမဟုတ္ဘူး။ေတာ္သာ ေခြးမႀကီး ေခြးလိုကိုက္သြားတဲ့ ေခြးမႀကီး။ေတာ္သာ ေခြးမႀကီး။ေတာ္သာ ေခြးမႀကီး”ေဒါသမ်ား အလြန္ေၾကာက္စရာ ေကာင္းလွပါတယ္။မခင္လွ ေအာ္ရင္း ေအာ္ရင္း ေဒါသမီး၏ ေတာက္ေလာက္မႈေၾကာင့္တက္သြားေလေတာ့၏။သတိမရ။စကားေမး မရေတာ့။ပတ္ဝန္းက်င္ရွိ အိမ္နီးနားခ်င္းမ်ားေရာက္လာ၍စိတ္ႀကီးလြန္း၍ သတိလစ္ေနေသာ မခင္လွအားသတိလည္လာေအာင္ ျပဳစုၾကရေတာ့သည္။

ထိုသတင္းကို ၾကားေသာမိခင္၊ ဖခင္တို႔သည္လည္းေသာကမီး ေတာက္ေလာင္ကာအေျပးျပန္၍ သမီးျဖစ္သူအား ျပဳစုၾကပါတယ္။မခင္လွ အခ်ိန္အေတာ္ၾကာ သတိလစ္ေနခဲ့ၿပီးသတိျပန္ရလာခ်ိန္တြင္လူစင္စစ္က လူလို မေနေတာ့ဘဲ၊ေခြးလိုေန၊ ေခြးလို စားေတာ့သည္။ကိုယ္က လူပင္ျဖစ္ေသာ္လည္းေခြးလို ေလးဖက္ေထာက္သြား၏။အဝတ္အစား မကပ္ေတာ့။ဝတ္ေပး၍လည္း မရ။ေခြးစိတ္လုံးလုံး ေပါက္သြားကာ မစင္ေတြ စားေတာ့သည္။

လူလို ေကာင္းေကာင္းမြန္မြန္ ေကြၽး၍မရ။တကယ့္ ေခြးတစ္ေကာင္လိုထိန္းမႏိုင္ သိမ္းမရ ျဖစ္ရေတာ့သည္။ဝမ္းႏွင့္လြယ္ၿပီး ေမြးခဲ့ရေသာ မိခင္ႀကီးခမ်ာ တစ္ဦးတည္းေသာ သမီးေလးမို႔ခ်စ္မဝႏိုင္ေအာင္ ျဖစ္ခဲ့ရေသာ္လည္းယခုေတာ့ျဖင့္ ရင္က်ိဳးရပါၿပီ။သမီးေရဟု ေခၚလိုက္လွ်င္ေလးဖက္ေထာက္ ေျပးလာၿပီးမ်က္ရည္မ်ား ဝိုင္းလ်က္မိခင္ႀကီးအား ေမာ့ၾကည့္ရွာ၏။သူ႔မ်က္လုံးမ်ားက အေမရယ္သမီးမွားပါၿပီ ဟုေတာင္းပန္ေနသေယာင္။

မိခင္၊ ဖခင္တို႔၏ ေျခေထာက္ကိုလွ်ာျဖင့္လ်က္၏။ေတာင္းပန္ေနျခင္းသာ ျဖစ္ေပလိမ့္မည္။မိခင္ ဖခင္ျဖစ္သူတို႔မွာလည္းသမီးျဖစ္သူအား ၾကည့္ရင္းယူႀကဳံးမရ ျဖစ္ေနရတာေပါ့ အနီးပတ္ဝန္းက်င္မွ လူအမ်ားလည္းမခင္လွအတြက္စိတ္မေကာင္းျခင္းမ်ားစြာ ျဖစ္ေနရရွာ၏။မခင္လွ ေခြးဘဝေရာက္သြားေသာသတင္းမွာ လပြတၱာၿမိဳ႕အနီးပတ္ဝန္းက်င္သို႔တစ္မုဟုတ္ခ်င္း သတင္းက ျပန႔္သြားပါတယ္။

မခင္လွ၏မိဘမ်ားအေပၚ ျပစ္မွားေစာ္ကားမိေသာကံႀကီးေၾကာင့္ပင္ ေခြးဘဝသို႔ ေရာက္သြားၿပီးသုံးရက္ခန႔္အၾကာမိဘမ်ား အေရးႀကီးကိစၥျဖင့္ေခတၱခဏ အျပင္သြားေနခိုက္ဗိုက္ဆာလြန္း၍ ျဖစ္ေပလိမ့္မည္။မစင္တြင္းထဲသို႔ က်သြားၿပီးမစင္တြင္းထဲမွာပင္ ေသဆုံးသြားေလေတာ့သည္။အမ်ားက မခင္လွ၊ ဝဋ္ကြၽတ္သြားၿပီ ဟုေျပာေနၾကေသာ္လည္း

အမွန္ကေတာ့ျဖင့္ယခုမွ ထိုဝဋ္ကို စတင္ ခံစားရမွာျဖစ္ေၾကာင္းေတြးေနမိပါသည္။မိဘမ်ားအား ျပစ္မွားခဲ့ေသာအကုသိုလ္ကံေၾကာင့္သူမ၏ လားရာမွာ မဟာအဝီစိငရဲ၌သာလွ်င္ျဖစ္ေပေရာ့မည္။မခင္လွ ဘယ္လိုငရဲမ်ိဳးမွာ ခံရေလမလဲမေတြးရဲေတာ့ပါ။ဤအျဖစ္အပ်က္သည္လြန္ခဲ့ေသာ ၁၃၆၄ ခုႏွစ္ လပြတၱာၿမိဳ႕မွာျဖစ္ပြားခဲ့ေသာတကယ့္ျဖစ္ရပ္မွန္ျဖစ္ၿပီးကာလအားျဖင့္ သိပ္မၾကာလွေသးပါ။

မိဘဆိုသည့္ ပုဂၢိဳလ္မ်ားသည္ေက်းဇူးႀကီးလြန္းလွ၍သက္ရွိဘုရားဟုပင္ ဆရာေတာ္က တင္စားေခၚေဝၚလိုက္ပါသည္။အနႏၲဂိုဏ္းဝင္ ေက်းဇူးရွင္မိဘတို႔အားဘယ္လိုအေၾကာင္းျပခ်က္ႏွင့္မွ မျပစ္မွားရပါ။မေစာ္ကားရပါ။အေမမွားေနလွ်င္လည္း_အေမမွန္တယ္။အေဖမွားေနလွ်င္လည္း_အေဖမွန္တယ္ ဟုႏွလုံးသြင္း ခ်စ္ခင္ရပါမည္။အျပစ္ မျမင္တတ္ရပါ။

ကိုယ္၊ ႏႈတ္၊ ႏွလုံး သုံးပါးစလုံးျဖင့္ျပစ္မွားေစာ္ကာသူမ်ားသည္မခင္လွ ေနာက္ လိုက္ၾကရမည္ဟုတစ္ထစ္ခ် မွတ္ယူသင့္ၾကပါသည္။တစ္ခါတစ္ရံ စိတ္အခန႔္မသင့္၍မိဘမ်ားအေပၚ ေဒါသထြက္လိုက္မိသည္ႏွင့္မခင္လွအား သတိရလိုက္ပါ ဟု မွာလိုက္ပါရေစ။ စာဖတ္သူ မိတ္ေဆြ သူေတာ္ေကာင္းမ်ားသတိသံေဝဂ ပြားႏိုင္ၾကေစရန္ ရည္႐ြယ္ပါသည္။

ခ်မ္းသာလမ္းႏွင့္ကန္ေတာ့ခန္း #အရွင္ေဇယ်ပ႑ိတ (ပိုင္းေလာ့ဆရာေတာ္)/ Credit -ေမတၱာျဖင့္ အရွင္ပုည (ဝကုန္း)