သရဏဂုံ အကျိုး ဓားမတိုးပေ
ဒီပဲရင်းမြို့နယ် ကျွန်းရင်းရွာကျောင်းဆရာတော်ဦးဝါယမသည်လည်း သရဏဂုံတန်ခိုးကြောင့်သာလျှင်အသက်ဘေးမှ သီသီကလေးကင်းလွတ်ခဲ့ရသည်
တစ်နေ့တွင် အတွင်းဒါယကာများပါသော ဓားပြအဖွဲ့ကျောင်းသို့ဝင်၍ ဓားပြတိုက်ကြသည်။
ဘုရားခန်းမှအဖိုးတန်ပစ္စည်းများကိုယူရုံမကပဲ သူတို့အဖွဲ့ထဲမှအတွင်းလူတယောက်ကိုဘုန်းကြီးကသိသွားသည့်အတွက် လက်စလက်နဖျောက်သည့်
အနေဖြင့် ဘုန်းကြီးကိုပါသတ်ပစ်ရန် လက်ပြန်ကြိုးတုပ်ပြီး ကျောင်းအနောက်ဖက်လျိုကြီးထဲသို့ခေါ်သွားပါတော့သည်။
သတ်မည့်နေရာရောက်သည့်အခါအကြိမ်ကြိမ်လွှတ်ပေးဖို့ရန် အသနာခံသော်လည်း လွှတ်မပေးပေအသနားခံလို့မရတော့မည့်အတူတူ ဘာမှထပ်ပြော
မနေတော့ပဲ ဘုရားရှိခိုးခွင့်အချိန်လေးကိုတောင်းလိုက်ပြီး ရွတ်ဖတ်သရဇ္ဈာယ်နေကျ သရဏဂုံသုံးပါးကိုယုံယုံကြည်ကြည်ဖြင့် ရွတ်ဆိုကန်တော့လိုက်ပါတော့သည်။
သရဏဂုံသုံးပါး ဆုံးသည်နှင့်တပြိုင်နက် မိုးမှောင်ကြီးကျလာပြီး လျှပ်စီးများလက်ကာ ဓားပြတို့၏ ပတ်ဝန်းကျင်တွင် မိုးကြိုးများ အဆက်မပြက်ပစ်ခတ်ပါတော့သည်။
ဘုန်းကြီးကိုမသတ်နိုင်ရုံမကဘဲ ထုပ်ပိုးထားသောပစ္စည်းများနှင့် လက်နက်များကိုပင် ထားခဲ့ကာဓားပြများ ကိုယ်လွတ်ရုံး၍ မိမိတို့ခြေဦးတည့်ရာအလန့်တကြား ထွက်ပြေးကြတော့သည်။
ဦးဝါယမကိုတုပ်ထားသောကြိုးများလည်းအလိုလိုပင်ဖြေပြီးသားဖြစ်သွားတော့သည်။
“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ ” စင်စစ်တရားတော်ကိုကျင့်ကြံသောပုဂ္ဂိုလ်အား တရားတော်သည်ပြန်လည်၍စောင့်ရှောက်ပေသည်တကား။
(မေတ္တာရှင်ရွှေပြည်သာ ၏ မျက်ရည်မကျခင်သိစေချင် စာအုပ် စာမျက်နှာ ၁၄၂ – ၁၄၃ မှကူးယူရေးသား ဓမ္မဒါန ပြုလိုက်ပါ၏ )
အမှန်တကာယ် အန္တရာယ်ကင်း၍ ကောင်းကျိုးချမ်းသာရလိုပါလျှင် မြတ်ဗုဒ္ဓဟောကြားတော်မူအပ်သောသရဏဂုံ သုံးပါးကို နေ့စဉ်ညတိုင်း ရွတ်ဖတ်သရဇ္ဈာယ်သင့်ပါသည်။
ထိုကဲ့သို့ ရွတ်ဖတ်သရဇ္ဈာယ်သူအားဘေးရန်အပေါင်းတို့မကျမရောက်နိုင်ပဲ ကောင်းကျိုးချမ်းသာများ ခံစားကြရမည်ဖြစ်ပါသည်။
သရဏဂုံ သုံးပါး
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ မြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ပါ၏
ဓမ္မံ သရဏံ ဂစ္ဆာမိတရားတော်မြတ်အား ကိုးကွယ်ဆည်းကပ်ပါ၏
သံဃံ သရဏံ ဂစ္ဆာမိအရိယာ သမုတိ နှစ်ဖြာရှိသည့် သံဃာတော်အပေါင်းအရှင်ကောင်းတို့ကို ကိုးကွယ်ဆည်းကပ်ပါ၏။
ဒုတိယမ္ပိ ………………
တတိယမ္ပိ………………
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သောဒါယကာ ဒါယိကာမအပေါင်းနှင့်တကွ အလုံးစုံသောသတ္တဝါမှန်သမျှအနန္တတို့ ဘေးအပေါင်း ရန်အပေါင်း
အန္တရာယ်အပေါင်း ရောဂါအပေါင်းမှ ကင်းဝေးပြီးစိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံကြကာ စီးပွားဥစ္စာ ရတနာတို့ တစ်နေ့တစ်ခြားဒီရေအလားသို့ တိုးတတ်ကြီးပွား ပျော်ရွှင်နိုင်ကြပါစေ။
အရှင်ကေသရ ( ရွှေညာမြေ )
Zawgyi
သရဏဂုံ အက်ိဳး ဓားမတိုးေပ
ဒီပဲရင္းၿမိဳ႕နယ္ ကၽြန္းရင္းရြာေက်ာင္းဆရာေတာ္ဦးဝါယမသည္လည္း သရဏဂုံတန္ခိုးေၾကာင့္သာလၽွင္အသက္ေဘးမွ သီသီကေလးကင္းလြတ္ခဲ့ရသည္
တစ္ေန႔တြင္ အတြင္းဒါယကာမ်ားပါေသာ ဓားျပအဖြဲ႕ေက်ာင္းသို႔ဝင္၍ ဓားျပတိုက္ၾကသည္။
ဘုရားခန္းမွအဖိုးတန္ပစၥည္းမ်ားကိုယူ႐ုံမကပဲ သူတို႔အဖြဲ႕ထဲမွအတြင္းလူတေယာက္ကိုဘုန္းႀကီးကသိသြားသည့္အတြက္ လက္စလက္နေဖ်ာက္သည့္
အေနျဖင့္ ဘုန္းႀကီးကိုပါသတ္ပစ္ရန္ လက္ျပန္ႀကိဳးတုပ္ၿပီး ေက်ာင္းအေနာက္ဖက္လ်ိဳႀကီးထဲသို႔ေခၚသြားပါေတာ့သည္။
သတ္မည့္ေနရာေရာက္သည့္အခါအႀကိမ္ႀကိမ္လႊတ္ေပးဖို႔ရန္ အသနာခံေသာ္လည္း လႊတ္မေပးေပအသနားခံလို႔မရေတာ့မည့္အတူတူ ဘာမွထပ္ေျပာ
မေနေတာ့ပဲ ဘုရားရွိခိုးခြင့္အခ်ိန္ေလးကိုေတာင္းလိုက္ၿပီး ရြတ္ဖတ္သရဇၩာယ္ေနက် သရဏဂုံသုံးပါးကိုယုံယုံၾကည္ၾကည္ျဖင့္ ရြတ္ဆိုကန္ေတာ့လိုက္ပါေတာ့သည္။
သရဏဂုံသုံးပါး ဆုံးသည္ႏွင့္တၿပိဳင္နက္ မိုးေမွာင္ႀကီးက်လာၿပီး လၽွပ္စီးမ်ားလက္ကာ ဓားျပတို႔၏ ပတ္ဝန္းက်င္တြင္ မိုးႀကိဳးမ်ား အဆက္မျပက္ပစ္ခတ္ပါေတာ့သည္။
ဘုန္းႀကီးကိုမသတ္နိုင္႐ုံမကဘဲ ထုပ္ပိုးထားေသာပစၥည္းမ်ားႏွင့္ လက္နက္မ်ားကိုပင္ ထားခဲ့ကာဓားျပမ်ား ကိုယ္လြတ္႐ုံး၍ မိမိတို႔ေျခဦးတည့္ရာအလန႔္တၾကား ထြက္ေျပးၾကေတာ့သည္။
ဦးဝါယမကိုတုပ္ထားေသာႀကိဳးမ်ားလည္းအလိုလိုပင္ေျဖၿပီးသားျဖစ္သြားေတာ့သည္။
“ဓေမၼာ ဟေဝ ရကၡတိ ဓမၼစာရီ ” စင္စစ္တရားေတာ္ကိုက်င့္ႀကံေသာပုဂၢိဳလ္အား တရားေတာ္သည္ျပန္လည္၍ေစာင့္ေရွာက္ေပသည္တကား။
(ေမတၱာရွင္ေရႊျပည္သာ ၏ မ်က္ရည္မက်ခင္သိေစခ်င္ စာအုပ္ စာမ်က္ႏွာ ၁၄၂ – ၁၄၃ မွကူးယူေရးသား ဓမၼဒါန ျပဳလိုက္ပါ၏ )
အမွန္တကာယ္ အႏၲရာယ္ကင္း၍ ေကာင္းက်ိဳးခ်မ္းသာရလိုပါလၽွင္ ျမတ္ဗုဒၶေဟာၾကားေတာ္မူအပ္ေသာသရဏဂုံ သုံးပါးကို ေန႔စဥ္ညတိုင္း ရြတ္ဖတ္သရဇၩာယ္သင့္ပါသည္။
ထိုကဲ့သို႔ ရြတ္ဖတ္သရဇၩာယ္သူအားေဘးရန္အေပါင္းတို႔မက်မေရာက္နိုင္ပဲ ေကာင္းက်ိဳးခ်မ္းသာမ်ား ခံစားၾကရမည္ျဖစ္ပါသည္။
သရဏဂုံ သုံးပါး
ဗုဒၶံ သရဏံ ဂစၧာမိ ျမတ္စြာဘုရားအား ကိုးကြယ္ဆည္းကပ္ပါ၏
ဓမၼံ သရဏံ ဂစၧာမိတရားေတာ္ျမတ္အား ကိုးကြယ္ဆည္းကပ္ပါ၏
သံဃံ သရဏံ ဂစၧာမိအရိယာ သမုတိ ႏွစ္ျဖာရွိသည့္ သံဃာေတာ္အေပါင္းအရွင္ေကာင္းတို႔ကို ကိုးကြယ္ဆည္းကပ္ပါ၏။
ဒုတိယမၸိ ………………
တတိယမၸိ………………
ျမန္မာနိုင္ငံအတြင္း မွီတင္းေနထိုင္ၾကကုန္ေသာဒါယကာ ဒါယိကာမအေပါင္းႏွင့္တကြ အလုံးစုံေသာသတၱဝါမွန္သမၽွအနႏၲတို႔ ေဘးအေပါင္း ရန္အေပါင္း
အႏၲရာယ္အေပါင္း ေရာဂါအေပါင္းမွ ကင္းေဝးၿပီးစိတ္၏ ခ်မ္းသာျခင္း ကိုယ္၏ က်န္းမာျခင္း ႏွင့္ျပည့္စုံၾကကာ စီးပြားဥစၥာ ရတနာတို႔ တစ္ေန႔တစ္ျခားဒီေရအလားသို႔ တိုးတတ္ႀကီးပြား ေပ်ာ္ရႊင္နိုင္ၾကပါေစ။
အရွင္ေကသရ ( ေရႊညာေၿမ )