


ဒိန်ချဉ်


အာလူး


unicode

မျက်နှာထက်လည်ပင်းကပိုမဲနေလို့စိတ်ညစ်နေသူများအတွက်နည်းလမ်းကောင်း ၃ မျိုး

Apple Cider vinegar – စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ – အနည်းငယ်နဲ့ရောပြီး ဂွမ်းလုံးလေးနဲ့ယူကာ လည်ပင်းနဲ့ ဂုတ်ကို ပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ နေ့တိုင်းလုပ်ပေးသွားမယ်ဆိုရင်တော့ တစ်ဖြေးဖြေးနဲ့ ပြန်ဖြူလာပြီး အသားအရောင်ညီလာမှာပါ။

ဒိန်ချဉ်

ဒိန်ချဉ်ကို လည်ပင်းနဲ့ဂုတ်မှာ ပွတ်လိမ်းပြီး မိနစ် ၅၀ လောက်ထားပါ။ အချိန်ပြည့်မှ ရေဆေးချ (သို့) ရေချိုးလိုက်ပါ။ ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးပါပဲ။ လုပ်မယ်ဆိုရင်တော့ နေ့တိုင်းလုပ်ပေးရမှာပါ။

အာလူး

အာလူးကိုအခွံခွာပြီး ခြစ်ချပါ။ ပြီးရင် အဝတ်သန့်တစ်ခုထဲထည့်ပြီး အရည်ညှစ်ချပါ။ ရလာတဲ့အာလူးအရည်တွေကို လည်ပင်းနဲ့ဂုတ်မှာ သေချာလိမ်းပေးပြီး ၁ နာရီလောက်ထားပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချ (သို့) ရေချိုးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုလည်း နေ့တိုင်းလုပ်ပေးရမှာပါ။