အထေြထေြဗဟုသုတ

ေအာက္ေျခသိမ္းဘဝကေန ျမန္မာျပည္ရဲ႕ ထိပ္တန္းစာရင္းဝင္သူေဌးႀကီး ျဖစ္လာတဲ့ ဦးေဇာ္ေဇာ္

Written by CeleLand

ဦးဇော်ဇော် ဆိုလိုက်တာနဲ ပြေးမြင်ကြမှာက ဧရာဝတီဘဏ် နဲ မြန်မာ့ ဘောလုံးလောကပါ။ သူဟာ မြန်မာခရိုနီတွေ ကြားထဲမှာ အသက်အငယ်ဆုံး ဖြစ်တလို အများချီးကျူးဝေဖန်နေကြတဲ့ သူ ဖြစ်တလို နိင်ငံတကာကပါလေးစားခံနေရတဲ့ သူတစ်ယောက်လို့ ပြောရင်လည်း မမှားပါဖူး။ ခရိုနီတွေထဲမှာလည်း အပေါင်းအသင်းအဆန့်ဆုံးလိုဆို့ရမှာပါ၊ သူဟာ အစီုးရအာဏာရှင်များနဲသာမက ထောင်ကျနိင်ငံရေး သမားတွေ လူမှုရေး စီးပွားရေးနယ်ပါယ်အသီးသီးက ထိပ်သီး အဆင့်ဖြစ်စေ အောက်ခြေဖြစ်စေ သိကွျှမ်းဝင်သူ တစ်ဦး ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာပြည်ရဲ့ အချမ်းသာဆုံးနေရာကို ရောက်ရှိလာခဲ့ပေမယ့် ဦးဇော်ဇော်ရဲ့ ငယ်စဉ်ဘဝဟာလည်း ဖယောင်းလမ်းလို ပျော့ပြောင်းနေတာမဟုက်ခဲ့ပါ။ အခတ်အခဲတွေ ရုန်းကန်းမူတွေ ကျော်ဖြတ်လာပြီးမှ သူဌေးဆိုတဲ့ ဂုဏ်ဘွဲ့ကို ရရှိခဲ့တာ ဖြစ်တလို ယခင်အာဏာရှင်တွေနဲ ပေါင်းစားသူဆိုပြီးလည်း ဝိုင်းသမုက်ခံနေရပေမယ့် သူဟာ ၈၈အရေးတော်ပုံကာလက တက်ကြွသောကျောင်းသားတစ်ဦးဆိုတာ လူသိနည်းပါတယ်။

ဘဝဆိုတာ အမြဲ လက်ရှိအခြေအနေတိုင်း ဖြစ်မနေဖူးဆိုတာ ဦးဇော်ဇော်ဘဝက သက်သေပြနေပါတယ်။ သူငယ်စဉ်ဘ၀ အတော်များများကို ရှာမရ ဖြစ်တာမို့ သိရတလောက်ကို ပြန်ဝေမျှ ပါရစေ။

ဦးဇော်ဇော် ဟာ ဧရာဝတီမြစ်ဝကျွန်း ပေါ် – ရေ ကြည် နယ် သား ပါ ။ အဖေက အစိုးရ ဝန်ထမ်း ၊ အမေ က အိမ်ဆိုင်လေး ဖွင့်ထားပီးတစ်ဘက်တစ်လမ်း အိမ်ဝင်ငွေရှာခဲ့ရတဲ့ မွေးချင်း ၆ ယောက် အ နက် သူ က အ ငယ် ဆုံး သား တစ် ဦး ဖြစ် ပါ တယ်။ ၁၉၈၈မှာ အရေးအခင်းဖြစ်တော့ သူ က ‘ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ်မှာပါ။ စစ်တပ်အာဏာသိမ်း ပီးနောက် အရေးအခင်းမှာ ပါဝင်လှုပ်ရှားသူတွေကို စစ်အစိုးရလိုက်လံဖမ်းတော့ သူလည်း ၄ လ လောက် ပြည်တွင်းမှာ ပုန်းရှောင် နေရသေးတဲ့ အချိန်မှာ သူအသက်ဟာ (၂၀)ဝန်းကျင်သာ ရှိပါသေးတယ်။

အဲဒီနောက် ဆွေမျိုးဝမ်းကွဲ အကူအညီနဲ့ စင်ကာပူ ကို ( ဒေါ်လာ ၈၀ ပဲ အိတ်ထဲ ပါလာ ) ထွက်လာပီး ၊ သင်္ဘောသား လုပ်ခဲ့တာ ၆ နှစ်ကြာ ပြည်ပထွက် အလုပ်လုပ်ခြင်း စွန့်စားရမှုရဲ့ အစ ဦးပိုင်း အခြေအနေပါပဲ ။ ပြည်ပကို အကြောက် တရားရှိနေတဲ့ စစ်အစိုးရရဲ့ အထီးကျန်ကာလတွေ မှာ ဦးဇော်ဇော်တစ်ယောက် တစ်လမှ ဒေါ် လာ ၂၀၀ ရဖို့အရေး သင်္ဘောကုန်းပတ်ပေါ်မှာ တစ်နေ့နာရီ(၂၀)ကြာ သင်္ဘောသားလုပ်နေရင်းနဲ့ ၊ ဩစတေးလျ – ဟောင်ကောင် – တိုင်ဝမ် – အီရန် – ဂျပန် -အာဖရိက စသည် နေရာတွေကို သူလည်း အစုံ ရောက်ဖူးသွားပြီး ၊ အင်္ဂလိပ်စာကို လေ့လာခွင့်ရခဲ့သလို ၊ တစ်ဖက်မှာ သူများနိုင်ငံတွေ ဖွံးဖြိုးတိုးတက်တာ တွေမြင်ရတော့ သူ့ဘဝသူ ၊သူရဲ့ဆင်းရဲမှု ၊ အနှိမ်ခံရမှု တွေ အပေါ် ရှက်စိတ်တွေနဲ့သာ ရှင်သန်နေထိုင်လာခဲ့ပါတယ်။

တလကို ဒေါ်လာ (၂၀၀)နဲ ခြောက်နှစ်ကျော် အလုပ်လုပ်ခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် သူဘဝကို အပြောင်းအလဲ ဖြစ်သွားစေမယ့် အဖြေ တခု သူလုပ်ခဲ့ပါတယ်။ ဒါကတော့ သူလုပ်နေတဲ့ သဘောၤ ဂျပန်မှာ ဆိုက်ကပ်စဉ် နေကျန်ခဲ့တာပဲ၊ တချို့က သူထွက်ပြေးခဲ့တာလို့ ဆိုကြပါတယ်။ ဒီလိုနဲ့ ၁၉၉၁ (တချို့က ၁၉၉၂လို့ ဆို) မှာ လက်ကျန်ငွေ ၆၅၀ နဲ့ ဂျပန်ကို ရောက်ရ ပြန်ပါတယ်။ တိုကျိုမှာ ‘ ထမင်းချက် – ပန်းကန်ဆေး – စားပွဲထိုး ‘ အလုပ် ၃ မျိုးလုပ်ပြီး ၊ တစ်ဖက်မှာ ဂျပန်စာကို သင်ယူလေ့လာခွင့် ရပါတယ် ။ ဒီလိုနဲ့ yellow pages နဲ့ cold-calling က တစ်ဆင့် ကားဟောင်း ရောင်းဝယ်တဲ့ ဗျံကျ အလုပ်ကလေး စလုပ် ဖြစ်ပါတယ် ။ အဲဒီမှာ Max Trading Co လို့ အမည်စပေး ဖြစ်သွားတာပါ ။

ကားဟောင်းရောင်းသူဌေး နဲ့ မိတ်ဆွေ ဖြစ်လာပြီး ၊ အဲဒီက Nissan ဆီဒင် ၂ စီး ကို ဝယ် ဖြစ် ၊ အခြားမိတ်ဆွေ ကို ပြန်ရောင်းဖြစ် ၊ ဒီကစပြီး Max Myanmar Group.ဖြစ်တည်လာတာ မြန်မာ နဲ့ အခြား နိုင်ငံတွေဆီ ကားဟောင်းတွေ တင် ပို့ ရောင်းချဖြစ်ပါတယ် ။

ဦးဇော်ဇော်ဟာ သူရရှိခဲ့တဲ့ အဆက်အသွယ်များနဲ့ ၁၉၉၅ ခုနှစ်မှာ ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ အဲအချိန်မှာ ဦးဇော်ဇော်အသက်ဟာ (၂၉)နှစ် ရှိပါပြီ။ ဘဝမလှပခဲ့တဲ့ ၈၈ ကျောင်းသားစာရင်း ပေါက်နေတဲ့ ကိုတင်ဆန်းအမည်ကို ပြည်ဖုံးကားချပြီး ယနေ့နာမည်ကြီး နေတဲ့ ဇော်ဇော်အမည်နဲ့ စစ်အစိုးရကို ကန်ထရိုက်ဝင်လုပ်ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်ကို ကား ၁ စီးသွင်းခွင့်ရှိတဲ့ အဲဒီခေတ်လုပ်ထုံးလုပ်နည်း အရ $500 လောက် ပေါက်တဲ့ ကားပါမစ်တွေကို သူက ချုပ်ကိုင်ထားရပါတယ် ။

သူ့ရဲ့ ဇနီးလောင်း ဖြစ်မည့်သူဟာ သူမကိုယ်တိုင်လည်း ဂျပန်မှာ အလုပ်လုပ်နေချိန် ၊ သူထံကားလာဝယ်ရင်း နဲ့ ဖူးစာဆုံခဲ့တာ လို့ သိရပြီး ၁၉၉၅ခုနှစ်မှာပဲ လက်ထက်ဖြစ်ကြတယ် လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ သမီးတစ်ဦး သားတစ်ဦး ရှိတဲ့ မီသားစုဖြစ်နေပါပြီ။

ဦးဇော်ဇော်ဟာ ဂျပန်က သူဌေးတစ်ယောက် မွေးစားတာ ခံရပြီး အရင်းအနှီးရရှိကာ မြန်မာပြည်ပြန်လာ စီးပွားပြန်လုပ်ရင်း ချမ်းသာလာတာလို့လည်း ပြောကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဲအချိန်တုန်းက ဂျပန်ဟာ ခောတ်မှိအတိုးတက်ဆုံး နိင်ငံမို့ သူအတွက် အတွေ့အကြုံကောင်းတွေ အများကြီး ရရှိခဲ့မှာ အမှန်ပါ။

ရန်ကုန်သို့ ၁၉၉၅ တွင် ပြန်ရောက်လာခဲ့ကာ ၁၉၉၆ ကျောင်းသား အရေးအခင်းမှာ ပါဝင်ခြင်းမရှိတော့ဘဲ လုပ်ဖော်ကိုင် ဖက်နိုင်ငံရေးသမားများ အဝေဖန်ခံကာ စီးပွားရေးလောကသို့ ခြေစုံပစ်ဝင်ရောက်ခဲ့တယ် လို့ သိရပါတယ်။ မြန်မာပြည် အတူပြန်လာတော့လည်း ဒီကားဟောင်းသွင်းတဲ့ အလုပ်ကိုပဲ ဆက်လုပ်ပါ တယ် ။ နောက်ပိုင်းမှာ အကြီးစား ဆောက်လုပ်ရေး ယန္တရား ပစ္စည်းတွေ၊အစီုးရ ပရောဂျက်တွေ လုပ်ကိုင်ရင်းနဲ ယခင် အစီုးရအုပ်ချူပ်ရေးပိုင်းက လူတွေနဲ ပိုသိလာကာ၂၀၀၅ ခုနှစ်မှာ ဆောက်လုပ်ရေးကုမ္ပဏီ ထူထောင်ပြီး နေပြည်တော် အမြန်လမ်းတွေ ဟိုတယ်တွေ ဘော်လုံးကွင်းတွေ တည်ဆောက်ပေးတဲ့ အထိ နေရာ ရလာခဲ့ပါတယ်။ ယခင်စစ်အစီုးရနဲ ပူးပေါင်းဆောင်ရွှက်ခဲ့တယ် ဆိုပြီး ၂၀၀၈ ခုနှစ်မှာ အမေရိကန်က စီးပွားရေးပိက်ဆို့မှုတွေ ပြုလုပ်တာ ခံခဲ့ရပါတယ်။မြန်မာပြည်မှာ အချမ်းသာဆုံး ဖြစ်လာတဲ့ အချိန်မှာ သူအသက်ဟာ(၄၂) သာ ရှိပါသေးတယ်။

စီးပွားရေးလောကကို ဝင်ရောက်ပြီး ၇နှစ် တာကာလအတွင်း မက်စ်မြန်မာ ကုမ္ပဏီအုပ်စု အပြင် Delta United ဘောလုံး အသင်း၊ ပုသိမ်၊ ဧရာဝတီတိုင်း၊လုံးခင်းကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်၊Max Myanmar ဘိလပ်မြေ စက်ရုံ၊ တောင်ဖီလာအနီး၊လယ်ဝေးမြို့နယ်၊နေပြည်တော်၊Max Myanmar ရာဘာစိုက်ခင်း၊ ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ်၊ ပင်းယထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၊Hotel Max (ချောင်းသာ)၊ Royal Kumudar Hotel ၊နေပြည်တော် ဟိုတယ်ဇုန်၊ ဟိုတယ် ဧရာဝတီ၊ နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ဧရာဝတီဘဏ်လုပ်ငန်း ၊ရေကြည်၊ ငသိုင်းချောင်းအနီး ကျေးရွာများ ငွေချေးလုပ်ငန်း၊ နေပြည်တော်ရှိ ဘောလုံးကွင်းများ တည်ဆောက်ရေး လုပ်ငန်း၊ကျောက်မီးသွေးတူူး လုပ်ငန်း၊ ကလေးဝ။လမ်းပိုင်းက ရန်ကုန် – ပဲခူး ၊ ရန်ကုန်- ပြည် – မကွေး ၊ ရန်ကုန်- ဒဂုံသီလဝါ လမ်းပိုင်းသုံးခု-ပဲခူးလမ်းပိုင်း ငွေကောက်ခံလုပ်ငန်း (UWSA လုပ်ငန်းခွဲ) ရန်ကုန်အဲယားဝေး အစုရှယ်ယာပိုင်ရှင် စတဲ့ လုပ်ငန်းတွေကို ဦးဇော်ဇော်ပိုင်ဆိုင်တယ်လို့ သိရပါတယ်

ဦးဇော်ဇော်ဟာ ၈၈ကျောင်းသားနိင်ငံရေးသမား ဖြစ်ခဲ့တာမို့ နိင်ငံရေးသမားတွေနဲပါ ခင်မင် ပါတ်သတ်မှု ရှိပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘောလုံးပွဲ လာရောက်ကြည်ရူဖို့ ဖိက်ခေါ်ခဲ့တလို NLD ပါတီကို နောက်ကွယ် ကနေ ငွေကြေးပံပိုးပေးခဲ့ဖူးတယ်လို့လည်း ဆိုကြပါတယ်။

”သူ သိရနိုင်သလောက် ခရိုနီထဲမှာ တော့ ဇော်ဇော် ဟာ အတော်ဆုံး ပဲ ” ဟု ဟံသာဝတီဦးဝင်းတင် က ဦးဇော်ဇော်ကို ချီးမွမ်းခဲ့ဖူးကြောင်းလည်း သိရသည်။ Max Myanmar ဟာ ၂၀၁၀ခုနှစ် မတ်လမှာ ပြည်တာဝါဆောက်လုပ်ရေးမှာ ကျပ်(၅)ဘီလီယံ တန်ဖိုးရှိတဲ့ ရှယ်ယာ(၆၀)ရာခိုင်နူန်းကို ရင်းနှီးမြုပ်နှံခဲ့သလို ဧရာဝတီဘဏ်ကိုလည်း ၂၀၁၀ သြဂုက်လ မှာပဲ ဖွင့်လှစ်နိင်ခဲ့ပါတယ်။၂၀၁၆ခုနှစ်မှာ ဧရာဝတီဘဏ်ဟာ ဘဏ်ခွဲပေါင်း(၁၅၇)ဘဏ် ရှိပြီး တန်ဖိုးအားဖြင့် ကျပ်ငွေ (၂၉၁၂) ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ အခုတော့ ဘဏ်ခွဲပေါင်း (၂၁၇) ခု ရှိနေပါပြီ။

၂၀၁၁ခုနှစ်မှာ ရန်ကင်းကလေးဆေးရုံးကို ကျပ်ငွေ(၉)ဘီလီယံ အသုံးပြုပြီး ထူထောင်ခဲ့သလို ဧပြီလထဲမှာပဲ ကျပ်(၁၅) ဘီလီယံ အသုံးပြုပြီး Max Myanmarရုံချူပ်အတွက် ရန်ကုန်မြို့မှာ မြေနေရာ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၂ခုနှစ် ထဲမှာ အမေရိကန်ဒေါ်လာ(၃၅)သန်းကို အသုံးပြုပြီး နေပြည်တော်မှာ မြေ(၁၅)ဧက ဝယ်ယူကာ ဧရာဝတီ ဟိုတယ် ဆောက်ခဲ့တလို စစ်ကိုင်းတိုင်းမှာလည်း မြေဧက(၅၂၀၀) ရှိတဲ့ Ministry of Mines လုပ်ငန်းတစ်ခုတွက် သဘောတူညီမူ ရယူခဲ့ပါတယ်။

၂၀၁၂ခုနှစ် ဇူလိုင်လမှာတော့ စင်္ကာပူ အခြေစိုက် Aussino Groupမှာ အမေရိကန်ဒေါ်လာ(၄၇.၃၈) သန်း တန်ဖိုးရှိတဲ့ ရှယ်ယာတွေကို MSI နာမည်နဲ ရင်းနှီးမြုပ်နှဲခဲ့ပြီး ပြည်တွင်းမှာလည်း စက်သုံးဆီဆိုင်လုပ်ငန်းပေါင်း(၂၁)ခု ရှိခဲ့ပါတယ်။

လက်ရှိ နာမည်ကြီးနေတဲ့ Novotel Yangon Max ဟာလည်း နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် ဟိုတယ်တစ်ခုဖြစ်ပြီး ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအတွက် ပြည်ပချေးငွေကျပ် ဘီလီယံ ၃၀ အပါအဝင် စုစုပေါင်းကျပ် ၈၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

Max Hotels Group အနေနဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ကျော်ကြာ ကာလအတွင်း Max Resort (Chaung Tha), Hotel Max (Nay Pyi Taw) , Ayeyarwady Hotel (Nay Pyi Taw) တို့ကို ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် Max Resort (Ngapali) နှင့် Max Resort (Inn Lay) တို့ကိုလည်း တည်ဆောက်နေဆဲ ဖြစ်ပါတယ်။တခြားဟာတွေ ရှိသေးပေမယ့် အသေးစိက် မရေးတော့ပါ။

Max Myanmar ဟာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ(၄၈.၅၂)သန်း ဝင်ငွေ ရရှိခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ USD(၆၅.၃၆)သန်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ (၁၅.၂၄)သန်း၊၂၀၁၄-၁၅ဘဏ္ဍာရေးနှစ်မှာ (၅.၄၅) သန်း၊၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ (၇.၇၇)သန်း အသားတင်အမြတ် ရရှိခဲ့တယ် လို့ ထုက်ပြန်ထားပါတယ်။

လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကတော့ စွမ်းအင်ကဏ္ဍမှာ(၅၅)ရာခိုင်နူန်း၊ဆောက်လုပ်ရေး ကဏ္ဍာမှာ(၂၂)ရာခိုင်နူန်း၊ တိုးဂိက်လုပ်ငန်းမှာ(၁၀)ရာခိုင်နူန်း၊ဟိုတယ်လုပ်ငန်းမှာ (၁၀)ရာခိုင်နူုန်း၊စိုက်ပျိုးရေး၊မိုင်းနင်းနဲ အခြားလုပ်ငန်းတွေဘက်မှာ (၁)ရာခိုင်နူန်းစီ ပါဝင်ရင်းနှီးမြုပ်နှံထားတယ် လို့ ဆိုပါတယ်။

ဦးဇော်ဇော်ဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်ရဲ့ စီးပွားရေးဒါဏ်ခတ်မှုကနေ ကင်းလွက်ခွင့် ရခဲ့ပြီးနောက်ပိုင်း ပြည်တွင်းမှာသာ မက ဟောင်ကောင် ၊ထိုင်း စင်္ကာပူတို့မှာလည်း လုပ်ငန်းမှတ်ပုံတင်ကာ ရင်းနှီးမြုပ်နှံမူတွေကို ပြည်ပမှာ လုပ်ချင်တယ်လို့ Bloomberg ကို ဖြေကြားထားဖူးပါတယ်။ သူရဲ့ စီးပွားရေး အအောင်မြင်ဆုံးကာလတွေကတော့ ၂၀၁၁ခုနှစ် နောက်ပိုင်း ကာလတွေ ဖြစ်ပြီး လက်ရှိအခြေအနေအရ မြန်မာနိင်ငံရဲ့ အချမ်းသာဆုံးသူဌေးလို့ သက်မှတ်နေမှုတွေ ရှိပြီး အသက် အငယ်ဆုံး ခရိုနီလို့လည်း ပြောကြပါတယ်။

ဦးဇော်ဇော်ဟာ စီးပွားရေးလုပ်ငန်းမှာသာမက မြန်မာဘောလုံးလောကမှာလည်း ထင်ရှားသူ တစ်ဦး ဖြစ်ပြီး လက်ရှိအချိန် ထိ ဘော်လုံးအဖွဲ့ချူပ်ရဲ့ ဥက္ကဌ ဖြစ်တလို MNL ကိုလည်း ဦးဆောင်ဖန်တီးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF) ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပြီး AFF Football Development Committee ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားပါတယ်။ ဦးဇော်ဇော် ဘောလုံးအဖွဲ့ချူပ်ကို ရောက်ရှိလာတာကလည်း ယခင်စစ်အစီုးရ လက်ထက် လုပ်ငန်းရှင်တွေကို အားကစားအဖွဲ့တွေမှာ ပါဝင်ခိုင်းတာနဲ ခရီုနီများ အုပ်စုလိုက် အဖွဲ့အသီးသီးစီ ရောက်ရှိကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဦးဇော်ဇော်ဟာ ကိုယ်ပိုင်ငွေကြေးအများအပြား စိုက်ထုက်ကာ ကြိုးပမ်းဆောင်ရွှက်မှုတွေကြောင့် ဘောလုံးပရိသတ် တွေကြားမှာလည်း နာမည်ကြီးသူတစ်ဦး ဖြစ်တလို အာရှဘောလုံးအဖွဲ့ချူပ်မှာလည်း အတွင်းရေးမှုး နေရာ ယူထားပါသေးတယ်။ ပြည်တွင်းမှာလည်း ဘောလုံးအကယ်ဒမီကျောင်းကို ထူထောင်ဖွင့်လှစ်ပေးနိင်ခဲ့ပြီး ကမ္ဘာ ဘောလုံအဖွဲ့ချူပ်ရဲ့ အသိအမှတ်ပြုမှုကို ရယူနိင်ခဲ့ပါတယ်။

မည်သို့ ဆိုဆို ဒီမိုကရေစီအပြောင်းအလဲ ဖြစ်ပြီး နောက်ပိုင်းမှာ အအောင်မြင်ဆုံး စီးပွားရေးသမား တစ်ဦး ဖြစ်တလို အလှုအတန်းအရက်ရောဆုံး၊ ဘောလုံးလောက တဖန်ပြန်ကောင်းလာအောင် အထောက်ပံပြုသူ တစ်ဦးအဖြစ် သက်မှတ်ရမှာ ဖြစ်ပါတယ်။

Credit

Zawgyi

ဦးေဇာ္ေဇာ္ ဆိုလိုက္တာနဲ ေျပးျမင္ၾကမွာက ဧရာဝတီဘဏ္ နဲ ျမန္မာ့ ေဘာလုံးေလာကပါ။ သူဟာ ျမန္မာခ႐ိုနီေတြ ၾကားထဲမွာ အသက္အငယ္ဆုံး ျဖစ္တလို အမ်ားခ်ီးက်ဴးေဝဖန္ေနၾကတဲ့ သူ ျဖစ္တလို နိင္ငံတကာကပါေလးစားခံေနရတဲ့ သူတစ္ေယာက္လို႔ ေျပာရင္လည္း မမွားပါဖူး။ ခ႐ိုနီေတြထဲမွာလည္း အေပါင္းအသင္းအဆန႔္ဆုံးလိုဆို႔ရမွာပါ၊ သူဟာ အစီုးရအာဏာရွင္မ်ားနဲသာမက ေထာင္က်နိင္ငံေရး သမားေတြ လူမႈေရး စီးပြားေရးနယ္ပါယ္အသီးသီးက ထိပ္သီး အဆင့္ျဖစ္ေစ ေအာက္ေျချဖစ္ေစ သိကြွ်မ္းဝင္သူ တစ္ဦး ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ျမန္မာျပည္ရဲ႕ အခ်မ္းသာဆုံးေနရာကို ေရာက္ရွိလာခဲ့ေပမယ့္ ဦးေဇာ္ေဇာ္ရဲ႕ ငယ္စဥ္ဘဝဟာလည္း ဖေယာင္းလမ္းလို ေပ်ာ့ေျပာင္းေနတာမဟုက္ခဲ့ပါ။ အခတ္အခဲေတြ ႐ုန္းကန္းမူေတြ ေက်ာ္ျဖတ္လာၿပီးမွ သူေဌးဆိုတဲ့ ဂုဏ္ဘြဲ႕ကို ရရွိခဲ့တာ ျဖစ္တလို ယခင္အာဏာရွင္ေတြနဲ ေပါင္းစားသူဆိုၿပီးလည္း ဝိုင္းသမုက္ခံေနရေပမယ့္ သူဟာ ၈၈အေရးေတာ္ပုံကာလက တက္ႂကြေသာေက်ာင္းသားတစ္ဦးဆိုတာ လူသိနည္းပါတယ္။

ဘဝဆိုတာ အၿမဲ လက္ရွိအေျခအေနတိုင္း ျဖစ္မေနဖူးဆိုတာ ဦးေဇာ္ေဇာ္ဘဝက သက္ေသျပေနပါတယ္။ သူငယ္စဥ္ဘ၀ အေတာ္မ်ားမ်ားကို ရွာမရ ျဖစ္တာမို႔ သိရတေလာက္ကို ျပန္ေဝမွ် ပါရေစ။

ဦးေဇာ္ေဇာ္ ဟာ ဧရာဝတီျမစ္ဝကြၽန္း ေပၚ – ေရ ၾကည္ နယ္ သား ပါ ။ အေဖက အစိုးရ ဝန္ထမ္း ၊ အေမ က အိမ္ဆိုင္ေလး ဖြင့္ထားပီးတစ္ဘက္တစ္လမ္း အိမ္ဝင္ေငြရွာခဲ့ရတဲ့ ေမြးခ်င္း ၆ ေယာက္ အ နက္ သူ က အ ငယ္ ဆုံး သား တစ္ ဦး ျဖစ္ ပါ တယ္။ ၁၉၈၈မွာ အေရးအခင္းျဖစ္ေတာ့ သူ က ‘ရန္ကုန္တကၠသိုလ္ ေနာက္ဆုံးႏွစ္မွာပါ။ စစ္တပ္အာဏာသိမ္း ပီးေနာက္ အေရးအခင္းမွာ ပါဝင္လႈပ္ရွားသူေတြကို စစ္အစိုးရလိုက္လံဖမ္းေတာ့ သူလည္း ၄ လ ေလာက္ ျပည္တြင္းမွာ ပုန္းေရွာင္ ေနရေသးတဲ့ အခ်ိန္မွာ သူအသက္ဟာ (၂၀)ဝန္းက်င္သာ ရွိပါေသးတယ္။

အဲဒီေနာက္ ေဆြမ်ိဳးဝမ္းကြဲ အကူအညီနဲ႔ စင္ကာပူ ကို ( ေဒၚလာ ၈၀ ပဲ အိတ္ထဲ ပါလာ ) ထြက္လာပီး ၊ သေဘၤာသား လုပ္ခဲ့တာ ၆ ႏွစ္ၾကာ ျပည္ပထြက္ အလုပ္လုပ္ျခင္း စြန႔္စားရမႈရဲ႕ အစ ဦးပိုင္း အေျခအေနပါပဲ ။ ျပည္ပကို အေၾကာက္ တရားရွိေနတဲ့ စစ္အစိုးရရဲ႕ အထီးက်န္ကာလေတြ မွာ ဦးေဇာ္ေဇာ္တစ္ေယာက္ တစ္လမွ ေဒၚ လာ ၂၀၀ ရဖို႔အေရး သေဘၤာကုန္းပတ္ေပၚမွာ တစ္ေန႔နာရီ(၂၀)ၾကာ သေဘၤာသားလုပ္ေနရင္းနဲ႔ ၊ ဩစေတးလ် – ေဟာင္ေကာင္ – တိုင္ဝမ္ – အီရန္ – ဂ်ပန္ -အာဖရိက စသည္ ေနရာေတြကို သူလည္း အစုံ ေရာက္ဖူးသြားၿပီး ၊ အဂၤလိပ္စာကို ေလ့လာခြင့္ရခဲ့သလို ၊ တစ္ဖက္မွာ သူမ်ားႏိုင္ငံေတြ ဖြံးၿဖိဳးတိုးတက္တာ ေတြျမင္ရေတာ့ သူ႔ဘဝသူ ၊သူရဲ႕ဆင္းရဲမႈ ၊ အႏွိမ္ခံရမႈ ေတြ အေပၚ ရွက္စိတ္ေတြနဲ႔သာ ရွင္သန္ေနထိုင္လာခဲ့ပါတယ္။

တလကို ေဒၚလာ (၂၀၀)နဲ ေျခာက္ႏွစ္ေက်ာ္ အလုပ္လုပ္ခဲ့ေပမယ့္ အဆင္မေျပတဲ့အတြက္ သူဘဝကို အေျပာင္းအလဲ ျဖစ္သြားေစမယ့္ အေျဖ တခု သူလုပ္ခဲ့ပါတယ္။ ဒါကေတာ့ သူလုပ္ေနတဲ့ သေဘာၤ ဂ်ပန္မွာ ဆိုက္ကပ္စဥ္ ေနက်န္ခဲ့တာပဲ၊ တခ်ိဳ႕က သူထြက္ေျပးခဲ့တာလို႔ ဆိုၾကပါတယ္။ ဒီလိုနဲ႔ ၁၉၉၁ (တခ်ိဳ႕က ၁၉၉၂လို႔ ဆို) မွာ လက္က်န္ေငြ ၆၅၀ နဲ႔ ဂ်ပန္ကို ေရာက္ရ ျပန္ပါတယ္။ တိုက်ိဳမွာ ‘ ထမင္းခ်က္ – ပန္းကန္ေဆး – စားပြဲထိုး ‘ အလုပ္ ၃ မ်ိဳးလုပ္ၿပီး ၊ တစ္ဖက္မွာ ဂ်ပန္စာကို သင္ယူေလ့လာခြင့္ ရပါတယ္ ။ ဒီလိုနဲ႔ yellow pages နဲ႔ cold-calling က တစ္ဆင့္ ကားေဟာင္း ေရာင္းဝယ္တဲ့ ဗ်ံက် အလုပ္ကေလး စလုပ္ ျဖစ္ပါတယ္ ။ အဲဒီမွာ Max Trading Co လို႔ အမည္စေပး ျဖစ္သြားတာပါ ။

ကားေဟာင္းေရာင္းသူေဌး နဲ႔ မိတ္ေဆြ ျဖစ္လာၿပီး ၊ အဲဒီက Nissan ဆီဒင္ ၂ စီး ကို ဝယ္ ျဖစ္ ၊ အျခားမိတ္ေဆြ ကို ျပန္ေရာင္းျဖစ္ ၊ ဒီကစၿပီး Max Myanmar Group.ျဖစ္တည္လာတာ ျမန္မာ နဲ႔ အျခား ႏိုင္ငံေတြဆီ ကားေဟာင္းေတြ တင္ ပို႔ ေရာင္းခ်ျဖစ္ပါတယ္ ။

ဦးေဇာ္ေဇာ္ဟာ သူရရွိခဲ့တဲ့ အဆက္အသြယ္မ်ားနဲ႔ ၁၉၉၅ ခုႏွစ္မွာ ရန္ကုန္ကို ျပန္ေရာက္ခဲ့ပါတယ္။ အဲအခ်ိန္မွာ ဦးေဇာ္ေဇာ္အသက္ဟာ (၂၉)ႏွစ္ ရွိပါၿပီ။ ဘဝမလွပခဲ့တဲ့ ၈၈ ေက်ာင္းသားစာရင္း ေပါက္ေနတဲ့ ကိုတင္ဆန္းအမည္ကို ျပည္ဖုံးကားခ်ၿပီး ယေန႔နာမည္ႀကီး ေနတဲ့ ေဇာ္ေဇာ္အမည္နဲ႔ စစ္အစိုးရကို ကန္ထ႐ိုက္ဝင္လုပ္ပါတယ္။ ျမန္မာႏိုင္ငံသား တစ္ေယာက္ကို ကား ၁ စီးသြင္းခြင့္ရွိတဲ့ အဲဒီေခတ္လုပ္ထုံးလုပ္နည္း အရ $500 ေလာက္ ေပါက္တဲ့ ကားပါမစ္ေတြကို သူက ခ်ဳပ္ကိုင္ထားရပါတယ္ ။

သူ႔ရဲ႕ ဇနီးေလာင္း ျဖစ္မည့္သူဟာ သူမကိုယ္တိုင္လည္း ဂ်ပန္မွာ အလုပ္လုပ္ေနခ်ိန္ ၊ သူထံကားလာဝယ္ရင္း နဲ႔ ဖူးစာဆုံခဲ့တာ လို႔ သိရၿပီး ၁၉၉၅ခုႏွစ္မွာပဲ လက္ထက္ျဖစ္ၾကတယ္ လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သမီးတစ္ဦး သားတစ္ဦး ရွိတဲ့ မီသားစုျဖစ္ေနပါၿပီ။

ဦးေဇာ္ေဇာ္ဟာ ဂ်ပန္က သူေဌးတစ္ေယာက္ ေမြးစားတာ ခံရၿပီး အရင္းအႏွီးရရွိကာ ျမန္မာျပည္ျပန္လာ စီးပြားျပန္လုပ္ရင္း ခ်မ္းသာလာတာလို႔လည္း ေျပာၾကပါတယ္။ ဘာပဲ ျဖစ္ျဖစ္ အဲအခ်ိန္တုန္းက ဂ်ပန္ဟာ ေခာတ္မွိအတိုးတက္ဆုံး နိင္ငံမို႔ သူအတြက္ အေတြ႕အႀကဳံေကာင္းေတြ အမ်ားႀကီး ရရွိခဲ့မွာ အမွန္ပါ။

ရန္ကုန္သို႔ ၁၉၉၅ တြင္ ျပန္ေရာက္လာခဲ့ကာ ၁၉၉၆ ေက်ာင္းသား အေရးအခင္းမွာ ပါဝင္ျခင္းမရွိေတာ့ဘဲ လုပ္ေဖာ္ကိုင္ ဖက္ႏိုင္ငံေရးသမားမ်ား အေဝဖန္ခံကာ စီးပြားေရးေလာကသို႔ ေျခစုံပစ္ဝင္ေရာက္ခဲ့တယ္ လို႔ သိရပါတယ္။ ျမန္မာျပည္ အတူျပန္လာေတာ့လည္း ဒီကားေဟာင္းသြင္းတဲ့ အလုပ္ကိုပဲ ဆက္လုပ္ပါ တယ္ ။ ေနာက္ပိုင္းမွာ အႀကီးစား ေဆာက္လုပ္ေရး ယႏၲရား ပစၥည္းေတြ၊အစီုးရ ပေရာဂ်က္ေတြ လုပ္ကိုင္ရင္းနဲ ယခင္ အစီုးရအုပ္ခ်ဴပ္ေရးပိုင္းက လူေတြနဲ ပိုသိလာကာ၂၀၀၅ ခုႏွစ္မွာ ေဆာက္လုပ္ေရးကုမၸဏီ ထူေထာင္ၿပီး ေနျပည္ေတာ္ အျမန္လမ္းေတြ ဟိုတယ္ေတြ ေဘာ္လုံးကြင္းေတြ တည္ေဆာက္ေပးတဲ့ အထိ ေနရာ ရလာခဲ့ပါတယ္။ ယခင္စစ္အစီုးရနဲ ပူးေပါင္းေဆာင္႐ႊက္ခဲ့တယ္ ဆိုၿပီး ၂၀၀၈ ခုႏွစ္မွာ အေမရိကန္က စီးပြားေရးပိက္ဆို႔မႈေတြ ျပဳလုပ္တာ ခံခဲ့ရပါတယ္။ျမန္မာျပည္မွာ အခ်မ္းသာဆုံး ျဖစ္လာတဲ့ အခ်ိန္မွာ သူအသက္ဟာ(၄၂) သာ ရွိပါေသးတယ္။

စီးပြားေရးေလာကကို ဝင္ေရာက္ၿပီး ၇ႏွစ္ တာကာလအတြင္း မက္စ္ျမန္မာ ကုမၸဏီအုပ္စု အျပင္ Delta United ေဘာလုံး အသင္း၊ ပုသိမ္၊ ဧရာဝတီတိုင္း၊လုံးခင္းေက်ာက္စိမ္းတြင္း၊ ဖားကန႔္၊ ကခ်င္ျပည္နယ္၊Max Myanmar ဘိလပ္ေျမ စက္႐ုံ၊ ေတာင္ဖီလာအနီး၊လယ္ေဝးၿမိဳ႕နယ္၊ေနျပည္ေတာ္၊Max Myanmar ရာဘာစိုက္ခင္း၊ ဘီးလင္းၿမိဳ႕နယ္၊ မြန္ျပည္နယ္၊ ပင္းယထုတ္လုပ္ေရး ကုမၸဏီလီမိတက္၊Hotel Max (ေခ်ာင္းသာ)၊ Royal Kumudar Hotel ၊ေနျပည္ေတာ္ ဟိုတယ္ဇုန္၊ ဟိုတယ္ ဧရာဝတီ၊ ေနျပည္ေတာ္ အမ်ိဳးသား အထိမ္းအမွတ္ဥယ်ာဥ္၊ဧရာဝတီဘဏ္လုပ္ငန္း ၊ေရၾကည္၊ ငသိုင္းေခ်ာင္းအနီး ေက်း႐ြာမ်ား ေငြေခ်းလုပ္ငန္း၊ ေနျပည္ေတာ္ရွိ ေဘာလုံးကြင္းမ်ား တည္ေဆာက္ေရး လုပ္ငန္း၊ေက်ာက္မီးေသြးတူူး လုပ္ငန္း၊ ကေလးဝ။လမ္းပိုင္းက ရန္ကုန္ – ပဲခူး ၊ ရန္ကုန္- ျပည္ – မေကြး ၊ ရန္ကုန္- ဒဂုံသီလဝါ လမ္းပိုင္းသုံးခု-ပဲခူးလမ္းပိုင္း ေငြေကာက္ခံလုပ္ငန္း (UWSA လုပ္ငန္းခြဲ) ရန္ကုန္အဲယားေဝး အစုရွယ္ယာပိုင္ရွင္ စတဲ့ လုပ္ငန္းေတြကို ဦးေဇာ္ေဇာ္ပိုင္ဆိုင္တယ္လို႔ သိရပါတယ္

ဦးေဇာ္ေဇာ္ဟာ ၈၈ေက်ာင္းသားနိင္ငံေရးသမား ျဖစ္ခဲ့တာမို႔ နိင္ငံေရးသမားေတြနဲပါ ခင္မင္ ပါတ္သတ္မႈ ရွိပါတယ္။ သူဟာ ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း ေဘာလုံးပြဲ လာေရာက္ၾကည္႐ူဖို႔ ဖိက္ေခၚခဲ့တလို NLD ပါတီကို ေနာက္ကြယ္ ကေန ေငြေၾကးပံပိုးေပးခဲ့ဖူးတယ္လို႔လည္း ဆိုၾကပါတယ္။

”သူ သိရႏိုင္သေလာက္ ခ႐ိုနီထဲမွာ ေတာ့ ေဇာ္ေဇာ္ ဟာ အေတာ္ဆုံး ပဲ ” ဟု ဟံသာဝတီဦးဝင္းတင္ က ဦးေဇာ္ေဇာ္ကို ခ်ီးမြမ္းခဲ့ဖူးေၾကာင္းလည္း သိရသည္။ Max Myanmar ဟာ ၂၀၁၀ခုႏွစ္ မတ္လမွာ ျပည္တာဝါေဆာက္လုပ္ေရးမွာ က်ပ္(၅)ဘီလီယံ တန္ဖိုးရွိတဲ့ ရွယ္ယာ(၆၀)ရာခိုင္ႏူန္းကို ရင္းႏွီးျမဳပ္ႏွံခဲ့သလို ဧရာဝတီဘဏ္ကိုလည္း ၂၀၁၀ ၾသဂုက္လ မွာပဲ ဖြင့္လွစ္နိင္ခဲ့ပါတယ္။၂၀၁၆ခုႏွစ္မွာ ဧရာဝတီဘဏ္ဟာ ဘဏ္ခြဲေပါင္း(၁၅၇)ဘဏ္ ရွိၿပီး တန္ဖိုးအားျဖင့္ က်ပ္ေငြ (၂၉၁၂) ဘီလီယံ ရွိတယ္လို႔ ဆိုပါတယ္။ အခုေတာ့ ဘဏ္ခြဲေပါင္း (၂၁၇) ခု ရွိေနပါၿပီ။

၂၀၁၁ခုႏွစ္မွာ ရန္ကင္းကေလးေဆး႐ုံးကို က်ပ္ေငြ(၉)ဘီလီယံ အသုံးျပဳၿပီး ထူေထာင္ခဲ့သလို ဧၿပီလထဲမွာပဲ က်ပ္(၁၅) ဘီလီယံ အသုံးျပဳၿပီး Max Myanmar႐ုံခ်ဴပ္အတြက္ ရန္ကုန္ၿမိဳ႕မွာ ေျမေနရာ ဝယ္ယူခဲ့တယ္လို႔ ဆိုပါတယ္။ ၂၀၁၂ခုႏွစ္ ထဲမွာ အေမရိကန္ေဒၚလာ(၃၅)သန္းကို အသုံးျပဳၿပီး ေနျပည္ေတာ္မွာ ေျမ(၁၅)ဧက ဝယ္ယူကာ ဧရာဝတီ ဟိုတယ္ ေဆာက္ခဲ့တလို စစ္ကိုင္းတိုင္းမွာလည္း ေျမဧက(၅၂၀၀) ရွိတဲ့ Ministry of Mines လုပ္ငန္းတစ္ခုတြက္ သေဘာတူညီမူ ရယူခဲ့ပါတယ္။

၂၀၁၂ခုႏွစ္ ဇူလိုင္လမွာေတာ့ စကၤာပူ အေျခစိုက္ Aussino Groupမွာ အေမရိကန္ေဒၚလာ(၄၇.၃၈) သန္း တန္ဖိုးရွိတဲ့ ရွယ္ယာေတြကို MSI နာမည္နဲ ရင္းႏွီးျမဳပ္ႏွဲခဲ့ၿပီး ျပည္တြင္းမွာလည္း စက္သုံးဆီဆိုင္လုပ္ငန္းေပါင္း(၂၁)ခု ရွိခဲ့ပါတယ္။

လက္ရွိ နာမည္ႀကီးေနတဲ့ Novotel Yangon Max ဟာလည္း ႏိုင္ငံတကာအဆင့္မီ ၾကယ္ငါးပြင့္ ဟိုတယ္တစ္ခုျဖစ္ၿပီး ဟိုတယ္ တည္ေဆာက္ေရး စီမံကိန္းအတြက္ ျပည္ပေခ်းေငြက်ပ္ ဘီလီယံ ၃၀ အပါအဝင္ စုစုေပါင္းက်ပ္ ၈၆ ဘီလီယံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံ တည္ေဆာက္ခဲ့တယ္လို႔ သိရပါတယ္။

Max Hotels Group အေနနဲ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခု ေက်ာ္ၾကာ ကာလအတြင္း Max Resort (Chaung Tha), Hotel Max (Nay Pyi Taw) , Ayeyarwady Hotel (Nay Pyi Taw) တို႔ကို ဖြင့္လွစ္ႏိုင္ခဲ့သည့္အျပင္ Max Resort (Ngapali) ႏွင့္ Max Resort (Inn Lay) တို႔ကိုလည္း တည္ေဆာက္ေနဆဲ ျဖစ္ပါတယ္။တျခားဟာေတြ ရွိေသးေပမယ့္ အေသးစိက္ မေရးေတာ့ပါ။

Max Myanmar ဟာ ၂၀၁၁-၁၂ ဘ႑ာေရးႏွစ္မွာ အေမရိကန္ေဒၚလာ(၄၈.၅၂)သန္း ဝင္ေငြ ရရွိခဲ့ၿပီး ၂၀၁၂-၁၃ ဘ႑ာေရးႏွစ္မွာ USD(၆၅.၃၆)သန္း၊ ၂၀၁၃-၁၄ ဘ႑ာေရးႏွစ္မွာ (၁၅.၂၄)သန္း၊၂၀၁၄-၁၅ဘ႑ာေရးႏွစ္မွာ (၅.၄၅) သန္း၊၂၀၁၅-၁၆ ဘ႑ာေရးႏွစ္မွာ (၇.၇၇)သန္း အသားတင္အျမတ္ ရရွိခဲ့တယ္ လို႔ ထုက္ျပန္ထားပါတယ္။

လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြကေတာ့ စြမ္းအင္က႑မွာ(၅၅)ရာခိုင္ႏူန္း၊ေဆာက္လုပ္ေရး က႑ာမွာ(၂၂)ရာခိုင္ႏူန္း၊ တိုးဂိက္လုပ္ငန္းမွာ(၁၀)ရာခိုင္ႏူန္း၊ဟိုတယ္လုပ္ငန္းမွာ (၁၀)ရာခိုင္ႏူုန္း၊စိုက္ပ်ိဳးေရး၊မိုင္းနင္းနဲ အျခားလုပ္ငန္းေတြဘက္မွာ (၁)ရာခိုင္ႏူန္းစီ ပါဝင္ရင္းႏွီးျမဳပ္ႏွံထားတယ္ လို႔ ဆိုပါတယ္။

ဦးေဇာ္ေဇာ္ဟာ ၂၀၁၆ခုႏွစ္မွာ အေမရိကန္ရဲ႕ စီးပြားေရးဒါဏ္ခတ္မႈကေန ကင္းလြက္ခြင့္ ရခဲ့ၿပီးေနာက္ပိုင္း ျပည္တြင္းမွာသာ မက ေဟာင္ေကာင္ ၊ထိုင္း စကၤာပူတို႔မွာလည္း လုပ္ငန္းမွတ္ပုံတင္ကာ ရင္းႏွီးျမဳပ္ႏွံမူေတြကို ျပည္ပမွာ လုပ္ခ်င္တယ္လို႔ Bloomberg ကို ေျဖၾကားထားဖူးပါတယ္။ သူရဲ႕ စီးပြားေရး အေအာင္ျမင္ဆုံးကာလေတြကေတာ့ ၂၀၁၁ခုႏွစ္ ေနာက္ပိုင္း ကာလေတြ ျဖစ္ၿပီး လက္ရွိအေျခအေနအရ ျမန္မာနိင္ငံရဲ႕ အခ်မ္းသာဆုံးသူေဌးလို႔ သက္မွတ္ေနမႈေတြ ရွိၿပီး အသက္ အငယ္ဆုံး ခ႐ိုနီလို႔လည္း ေျပာၾကပါတယ္။

ဦးေဇာ္ေဇာ္ဟာ စီးပြားေရးလုပ္ငန္းမွာသာမက ျမန္မာေဘာလုံးေလာကမွာလည္း ထင္ရွားသူ တစ္ဦး ျဖစ္ၿပီး လက္ရွိအခ်ိန္ ထိ ေဘာ္လုံးအဖြဲ႕ခ်ဴပ္ရဲ႕ ဥကၠဌ ျဖစ္တလို MNL ကိုလည္း ဦးေဆာင္ဖန္တီးခဲ့သူ တစ္ဦး ျဖစ္ပါတယ္။ MFF ဥကၠ႒ ဦးေဇာ္ေဇာ္သည္ အာဆီယံ ေဘာလုံး အဖြဲ႕ခ်ဳပ္ (AFF) ဒုတိယ ဥကၠ႒လည္း ျဖစ္ၿပီး AFF Football Development Committee ဥကၠ႒ အျဖစ္လည္း တာဝန္ယူထားပါတယ္။ ဦးေဇာ္ေဇာ္ ေဘာလုံးအဖြဲ႕ခ်ဴပ္ကို ေရာက္ရွိလာတာကလည္း ယခင္စစ္အစီုးရ လက္ထက္ လုပ္ငန္းရွင္ေတြကို အားကစားအဖြဲ႕ေတြမွာ ပါဝင္ခိုင္းတာနဲ ခ႐ီုနီမ်ား အုပ္စုလိုက္ အဖြဲ႕အသီးသီးစီ ေရာက္ရွိၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ ဦးေဇာ္ေဇာ္ဟာ ကိုယ္ပိုင္ေငြေၾကးအမ်ားအျပား စိုက္ထုက္ကာ ႀကိဳးပမ္းေဆာင္႐ႊက္မႈေတြေၾကာင့္ ေဘာလုံးပရိသတ္ ေတြၾကားမွာလည္း နာမည္ႀကီးသူတစ္ဦး ျဖစ္တလို အာရွေဘာလုံးအဖြဲ႕ခ်ဴပ္မွာလည္း အတြင္းေရးမႈး ေနရာ ယူထားပါေသးတယ္။ ျပည္တြင္းမွာလည္း ေဘာလုံးအကယ္ဒမီေက်ာင္းကို ထူေထာင္ဖြင့္လွစ္ေပးနိင္ခဲ့ၿပီး ကမာၻ ေဘာလုံအဖြဲ႕ခ်ဴပ္ရဲ႕ အသိအမွတ္ျပဳမႈကို ရယူနိင္ခဲ့ပါတယ္။

မည္သို႔ ဆိုဆို ဒီမိုကေရစီအေျပာင္းအလဲ ျဖစ္ၿပီး ေနာက္ပိုင္းမွာ အေအာင္ျမင္ဆုံး စီးပြားေရးသမား တစ္ဦး ျဖစ္တလို အလႈအတန္းအရက္ေရာဆုံး၊ ေဘာလုံးေလာက တဖန္ျပန္ေကာင္းလာေအာင္ အေထာက္ပံျပဳသူ တစ္ဦးအျဖစ္ သက္မွတ္ရမွာ ျဖစ္ပါတယ္။

Credit

About the author

CeleLand

Leave a Comment