အထေြထေြဗဟုသုတ

သွေး များရဲ့ စိတ်နေသဘောထားများ A , B , AB , O

Written by CeleLand

A သွေး

A သွေးများသည် ခံစားချက် ပြင်းထန်ပြီး တစ်ယောက်ထဲ နေနေ ရင်တောင်မှကိုယ့်ကိုကိုယ် စိတ်တိုင်းမကျခြင်းများ ဖြစ်ပေါ်နေတတ်ပါတယ်

တခြားလူများကို ကိုယ့်ရဲ့ စကား များ လုပ်ဆောင်ချက်များကိုပြန်လည်ငြင်းဆိုနေမယ် ဆိုရင် သူအလိုလို ဒေါသ ဖြစ်နေတတ်ပါတယ်

ခံစားချက် ပြင်းထန်လွန်းလို့ တစ်ခါတလေမှာ အစွန့်ရောက်တယ်လို့ အများက မြင်ကြပါတယ်

သူတစ်ပါးကို ကူညီခြင်းစိတ် အပြည့်အဝ ရှိနေတတ်ပါတယ်ကိုယ့်လမ်းကို တည့်တည့် လျှောက်တတ်တဲ့ သွေးများ ဖြစ်ပါတယ်

ကိုယ့်ဘက်က မကျေနပ်စရာ အကြောင်းများ ရှိလာပြီးဆိုရင်ဒဲ့ ရှင်းတတ်တဲ့ အကျင့်မျိုးလည်း ရှိနေပါတယ်

ဘယ်လောက်ပဲ ခံစားနေရပါစေ ဘာမှမဖြစ်သလို့နေတတ်တဲ့အကျင့်ရှိတာကြောင့်မိဘ များက အေသွေးများကိုအချိန်တိုင်း သားသမီးကို စိတ်ပူနေတတ်ပါတယ်

စိတ်ထဲမှာ တစ်ခုခု မတင်မကျ ဖြစ်နေပြီးဆိုရင် လွတ်လွတ်လပ်လပ်ပေါက်ကွဲတတ်ကြပါတယ်

သို့ပေမဲ့ သူရဲ့ ပေါက်ကွဲခြင်းဟာ တခြား လူတစ်ယောက်ကို ထိခိုက်နစ်နာချင်စိတ် လုံး၀ မရှိပါဘူး ဟု ဆိုထားလေသည်။

B သွေး

B သွေးများသည် သူတို့အပေါ် ဂရုစိုက်ခြင်း ကြင်နာခြင်းများကိုလိုချင်တောင်းတနေတတ်ပါတယ်

တစ်ယောက်ထဲ နေနေတဲ့ အချိန်မျိုးမှာ ငါ့ကို ဘယ်သူကတော့ တကယ်မခင်ဘူး ဘယ်သူကတော့ ငါ့ ကို ပြစ်ထားနေတယ် ဆိုတဲ့ အတွေးမျိုး တွေးနေတတ်ပါတယ်

တစ်ခါတလေမှာ တစ်ယောက်ထဲ စဉ်စားနေရင် မျက်ရည် ကျနေတတ်ပါတယ်

ဘီသွေးရဲ့ စိတ်ဟာ နုညံ့ခြင်းကို ဖော်ပြနေပါတယ်ဒေါသ စိတ်ကို ထိန်းချုပ်နိုင်ကြပါတယ်

ဝမ်းနည်းတတ်တဲ့ စိတ်ကိုတော့ မထိန်းချုပ်နိုင်ပဲစိတ်လွတ်ကိုယ်လွတ် ငို ချတတ်ပါတယ်

ဘီသွေးတို့ ရဲ့ စိတ်ဟာ အာရုံအများကြီး မထားကြပါဘူးဒီတစ်ယောက်ကို ချစ်နေမယ် ဆိုရင် ဒီတစ်ယောက်ကို ချစ်နေတတ်ကြပါတယ်

သဘောကတော့ သူတို့ ခင်မင် နေတဲ့ လူတွေ အပေါ်ဆိုရင်ဘယ်လောက်ပဲ သူတို့ အပေါ် အနိုင်ကျင့်နေပါစေစိတ်ဆိုးခြင်း မရှိပဲ ခွင့်လွတ်တတ်တဲ့ စိတ်နဲ့ ပေါင်းသင်းနေထိုင်တတ်ကြပါတယ်

သူတို့ကို ပြစ်ထားလိုက်ရင်တေ့ာ အဲ့ဒီလူ သေချာ ပေါက် ရစ်ခံရပါပြီးဂရုစိုက်ခြင်းကို လိုချင်တောင်းတနေတဲ့ အတွက်ကြောင့်မသိသလို့ လုပ်ပြီး ပြစ်ထားတတ်တဲ့ လူများကို နင်က ငါ့ကို ဘာလို့မခေါ်တာလဲ နေနိုင်လိုက်တာ ငါ့မှာဖြင့် နင်ကို ဘယ်လောက်ခင်လိုက်ရတာ နင်ကတော့ ငါ့ ဆို ပြစ်ထားနေတယ်ဟု ပြောဆိုတတ်ကြပါတယ်

တကယ်တော့ ဘီသွေး အများစု ကလေးဆိုး တစ်ယောက်လို ဆိုးချင်ကြတာပါသဘော ကောင်းသည် သွေးဟု ပြောဆို၍ ရပါသည်။

AB သွေး

AB သွေးများသည် A သွေး စိတ်နေသဘောထား စိတ်နှင့် ဘီသွေး စိတ်နေသဘောထား စိတ်တို့ အခြေခံထားသည် အတွက်ကြောင့်စိတ်ဆိုးရင်လည်း ဘယ်လို့လူမှ လိုက်၍ မမှီပါသဘောကောင်းရင်လည်း ဘယ်လို့သွေးမှ လိုက်မမှီအောင် ကောင်းလွန်းကြပါတယ်

ဒေါသ ထွက်နေတဲ့ အချိန်မျိုးမှာ အေဘီသွေးများရဲ့ မျက်နှာဟာ နီရဲနေတတ်ပါတယ်ခံစားချက် ပြင်းထန်လွန်းလို့ အေဘီ သွေးများကို မိမိ မိဘများကအရိပ် တကြည့်ကြည့် ကြည့်နေကြပါတယ်

သူငယ်ချင်း အပေါင်းအသင်းများကို အများကြီး မထားတတ်ပေမယ့်သူတို့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းများကိုတော့အထူးဂရုစိုက်ပြီး နေထိုင်တတ်ကြပါတယ်

မိမိရဲ့ ရည်မှန်းချက် ဘဝ ပန်းတိုင်ကို မှန်သော ဘက်မှ လျှောက်လှမ်းတတ်သော စိတ်မျိုး နေကြပါတယ်

ဘယ် အလုပ်ကို လုပ်သည် ဖြစ်စေ ဇွဲရှိရှိလုပ်ဆောင်တတ်ပြီးမိမိ လုပ်လိုက်တဲ့ အလုပ်ကိုလည်း အောင်မြင်နေမှ စိတ်တိုင်းကျနေတတ်ပါတယ်

အချစ်ရေးမှာတော့ အချစ်အရမ်းကြီးကြပါသည် ။

O သွေး

O သွေးများသည် ဒေါသ ထွက်လာပြီးဆိုရင် ဘယ်လို့ လူမျိုးကိုမှသိပ်ပြီး ဂရု မစိုက်တတ်ပဲ ပြောဆိုတတ်ကြပါတယ်

တစ်ယောက်ထဲ နေရတဲ့ ဖီလ်မျိုးကို ကြိုက်နှစ်သက်ကြပါတယ်ကိုယ်မှန်တယ် ထင်ရင် မှန်တဲ့ အတိုင်း လုပ်ဆောင်တတ်ကြပါတယ်

ခံစားချက် တအားပြင်းထန်ကြပါတယ် စိတ်ကူးထားတဲ့ အကြောင်း ကိစ္စမျိုး ရှိလာရင်လည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်တတ်ကြပါတယ်

ကိုယ့်က ရည်မှန်းထားတဲ့ ခရီးတစ်ခုဖြစ်ဖြစ် လုပ်ဆောင်မယ် အလုပ်တစ်ခု ဖြစ်ဖြစ် ပျက်သွားတယ် မသွားဖြစ်တော့ဘူးဆိုရင်အရမ်း ဒေါသ ထွက်တတ်ကြပါတယ်

အိုသွေးများရဲ့ စိတ်ဟာ နုညံ့ခြင်း သနားကြင်နာတတ်ခြင်းဒေါသစိတ် ကြီးခြင်းဆို၍ ရှိကြပါတယ်

စိတ်ထား နုညံ့နေပြီးဆိုရင် ဘာဆိုဘာမှ မပြောပဲ တစ်ယောက်ထဲအေးဆေး နေထိုင်တတ်ပြီးဒေါသ ဖြစ်လာပြီးဆိုရင်လည်း ဘယ်လို့လူမျိုးကိုမှ ဂရုမစိုက်ပဲလွတ်လွတ်လပ်လပ် ပေါက်ကွဲတတ်ပါတယ်

သနားကြင်နာတတ်တဲ့ စိတ်ဟာ ဘယ်လောက် ရှိနေသလဲ ဆိုရင်ကိုယ့်စားမယ့် မုန့် ကိုယ်ဝတ်မယ့် အဝတ်အစားကိုတောင်ပေးတတ်ကြပါတယ်

တစ်ခါတလေမှာ ဒေါသ စိတ်ကြောင့် အမှားများဖြစ်တတ်ပါတယ်တစ်ခါ တလေမှာတော့ တစ်ယောက်ထဲ ဝမ်းနည်းနေပြီးကိုယ့်ရဲ့ ဘဝကို အားမလို အားမရဖြစ်နေတတ်တဲ့ အိုသွေးများ ဖြစ်ပါတယ်

အချစ်ရေးမှာတော့ အနည်းငယ် ကံခေသူများ ဖြစ်ကြပါသည်။

Credit:tamartharlay

Zawgyi

A သွေး









B သွေး








သူတို့ကို ပြစ်ထားလိုက်ရင်တော့ အဲ့ဒီလူ သေချာ ပေါက် ရစ်ခံရပါပြီးဂရုစိုက်ခြင်းကို လိုချင်တောင်းတနေတဲ့ အတွက်ကြောင့်မသိသလို့ လုပ်ပြီး ပြစ်ထားတတ်တဲ့ လူများကို နင်က ငါ့ကို ဘာလို့မခေါ်တာလဲ နေနိုင်လိုက်တာ ငါ့မှာဖြင့် နင်ကို ဘယ်လောက်ခင်လိုက်ရတာ နင်ကတော့ ငါ့ ဆို ပြစ်ထားနေတယ်ဟု ပြောဆိုတတ်ကြပါတယ်


AB သွေး







O သွေး










Credit:tamartharlay

About the author

CeleLand

Leave a Comment