ကျောက်တည်နေသူများအတွက် ကျောက်ကြေနည်း ၁၃ နည်းကိုမျှဝေပေးလိုက်ပါတယ်နော်။
၁ ကျောက်ကွဲရွက်ကိုအခြောက်လှန်းလ္ဘက်ခြောက်လိုခပ်သောက်အရွက်စိုကိုထမင်းနဲ့အတို့မြုတ်လိုလုပ်စား ၁၀ရက်ဆွဲသောက်သဲခြေကျောက်တောင်ပျော်ကျတယ်။
၂ အုန်းသီးစိမ်းထဲကို ငရုတ်ကောင်းမှုန့်ထည့်ပြီး စားပါသောက်ပေးပါ။
၃ ကျောက်ဖရုံသီးကို ခြစ်ယူပီးသကြားလေးနဲနဲထဲ့ အရည်ကိုညှစ်ပီးသောက်ရင်ပျောက်ပါတယ်။
၄ ကိုယ်တွေ့ပါ တပင်တိုင်မြနန်းဆေးကိုသောက်ပါကျောက်ကြွေကျသွားပါလိမ့်မည်။
၅-ဖလံတောင်ဝှေးနှင့်ရေကြက်ချက်စားရင်ပျောက်ပါတယ်..။
၆ သံမနိုင်ကျောက်မနိုင်ပင်ပြုတ်သောက်လည်းရပါတယ်။
၇-ကျွဲနှာခေါင်းချိတ်ပင်ကိုဆန်ဆေးရည်နဲ့ပြစ်ပြစ်သွေးတနေ့နှစ်ကြိမ်သောက် ဆီးကျောက်ပျော်ကျပါတယ်။
၈ သည်းခြေအိတ်မှာကျောက်တည်တာဆို ပန်းသီးစားတဲ့နည်းသုံးပါ လက်တွေ့ပျောက်ခဲ့ဘူးတာပါ။ဆေးနည်း မသိခဲ့ရင်ပြောပေးပါမယ်-ပန်းသီးကို တနေ့ ၅ လုံး ၆ လုံး စားပါ ၆ရက်ဆက်တိုက်စားပါ။၆ရက်မြောက်နေ့မှာ ညစာ မစားဘဲ ညနေ၆နာရီမှာ ဆားခါး(ဆေးဆိုင်တွေမှာရပါတယ်)တဇွန်းသောက်ပါ။
ည 8 နာရီမှာ ဆားခါးတဇွန်းထပ်သောက်ပါ။ ည ဆယ်နာရီမှာ သံလွင်ဆီ -နှမ်းဆီ လက်ဘက်ရည်ပန်းကန်သေးတလုံးစာသောက်ပါ။ဝမ်းသွားပါမယ်။ ဝမ်းထဲမှာ ကျောက်ကြေတွေပါသွားပါတယ်။ ကျောက်ကြီးရင်၂ခါ ၃ခါလောက်လုပ်ပါ။တကယ်ပျောက်ပါတယ်။လက်တွေ့ပါ။ နိုင်ငံခြားဆေးခန်းတခုမှာပြတော့ ကျောက်ကကြီးနေပြီမို့ တပတ်အတွင်းခွဲခိုင်းတာပါ။ပန်းသီးနည်းတွေ့ပြီး စားကြည့်ရာက သက်သာသွားတာပါ။ဆီးလမ်းကြောင်းကျောက်တည်ပျောက်ဆေးနည်း
(ကျောက်ကပ်တွင်ကျောက်တည်ပါက ဤနည်းနှင့် မဆိုင်ပါ)အုန်းသီး(ဇွန်းခြစ်) ကိုအဝလှပ်ပါ ။
ယမ်းစိမ်းငရုတ်ကောင်းတစ် စေ့ ခန့်အမှုန့် ကြိတ်ပြီး အုန်းသီးထဲ ထဲ့ ပါ။ နာရီဝက်ထားပါ။ပြီးလျှင် အရည် အဖတ် အကုန် စား ပါ။၁ နေ့ ၁ ကြိမ် သောက်ပါ။ကျောက်ကြီးလျှင်၃ ရက်သောက် ပါ။ ယုံကြည် စိတ်ချစွာသောက်ပါ။ကျွန်တော့ သူငယ်ချင်း လက်တွေ့ ပျောက်၍ သူ့အားမေးပြီး တင်ပြခြင်းဖြစ်ပါသည်။ကျန်းမာပါစေ။
ဆီးကျောက်တည်တာဆို ကြက်သွန်နီ အကွင်း လိုက်လှီးပြီး သကြားနဲ့ ရေတ ဖန်ခွက် စိမ်သောက်ပါ။
ဝက်သားနဲ့ဗေဒါရွက်ချက်စား-ငါးပြေမနဲ့ စောင်းလျားသီးချက်စားပါ လက်တွေ့ပါ။
ငါးပုံသားကျောက်ကိုမီးဖုတ်ပီးအမူတ်ကြိတ်ပီးသောက်ပီးရင်အုန်းရည်သောက်ရပါတယ်။
ဆီးလမ်းကြောင်း နဲ့ ကျောက်ကပ်ကျောက်တည် တာဆိုရင် ကျောက်ဖယုံသီးကို သဘေ်ာသီးခြစ်နဲ့ခြစ်ပြီးအရည်ကို ညစ်သောက်ပါ။
မနက်တစ်စိပ်-ညနေတစ်စိပ်သောက်ပါ-တစ်လုံးကိုနှစ်ရက်သောက်လို့ရပါတယ်။
ကျောက်ဖယုံရည်က အရသာဆိုးပါတယ်-သောက်ခါစအကျင့်မရခင်မှာ-အရည်သောက်ပြီးလျှင်၊သကြား ထန်းလျက် စသဖြင့် အနည်းငယ်စားပြီးခံတွင်းအရသာဆိုးတာကို ဖြေနိုင်ပါတယ်။
ကိုယ်တွေ့မို ပြောပြလိုက်တာပါ-ကျောက်ကြွေတဲ့အထိသောက်ရပါမယ်-ကျောက်ကြွေတဲ့အခါ ဆီးနောက်ပါတယ်။
အမျိုးသားဆိုပါက ဆီးလမ်းကြောင်းကျဉ်းတာမို့-ကျောက်ကြွေချိန် ဆီးလမ်းကြောင်းနာကျဉ်တတ်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Zawgyi
၎ ကိုယ်တွေ့ပါ တပင်တိုင်မြနန်းဆေးကိုသောက်ပါကျောက်ကြွေကျသွားပါလိမ့်မည်။
ဆီးလမ်းကြောင်း နဲ့ ကျောက်ကပ်ကျောက်တည် တာဆိုရင် ကျောက်ဖယုံသီးကို သဘော်သီးခြစ်နဲ့ခြစ်ပြီးအရည်ကို ညစ်သောက်ပါ။